SIN DING THU 29
Gimna Lianpi Ading Na Kigingkhol Ta Hiam?
“Na kiging tawntung ta un.”—MAT. 24:44.
LA 150 ကယ်တင်ခံရဖို့ ဘုရားသခင်ကို ရှာပါ
အကြိုသုံးသပ်ချက်a
1. Siatna lianpi adinga kiginkholh pen bang hangin pilvai a hiam?
ကြိုတင်ပြင်ဆင်ထားရင် အသက်ဘေး လွတ်နိုင်တယ်။ ဥပမာ၊ ဘေးအန္တရာယ် ကျရောက်တဲ့အခါ ကြိုတင်ပြင်ဆင်ထားသူတွေ အသက်ဘေးကနေ လွတ်မြောက်နိုင်ခြေ များတယ်။ တခြားသူတွေကို ကူညီပေးနိုင်တယ်။ “အရေးကြုံတဲ့အခါ ကြိုတင်ပြင်ဆင်မှုကောင်း ရှိမရှိက တော်တော် စကားပြောတယ်” လို့ ဥရောပ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတစ်ခုက ဆိုတယ်။
2. Gimna lianpi adinga kiginkholh ding bang hang kisam a hiam? (Matthai 24:44)
၂ “ကြီးစွာသောဒုက္ခ” ရုတ်တရက် ရောက်လာမယ်။ (မ. ၂၄:၂၁) ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာတတ်တဲ့ ဘေးအန္တရာယ်တွေနဲ့တော့ မတူဘူး။ ကြီးစွာသောဒုက္ခအတွက် အသင့်ရှိနေကြဖို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂,၀၀၀ လောက်ကတည်းက နောက်လိုက်တွေကို ယေရှု သတိပေးထားတယ်။ (မဿဲ ၂၄:၄၄ ကို ဖတ်ပါ။) အခုကတည်းက ကြိုတင်ပြင်ဆင်ထားရင် ခက်ခဲချိန်တစ်လျှောက် ခံရပ်နိုင်မယ်။ တခြားသူတွေလည်း ခံရပ်နိုင်အောင် ကူညီပေးနိုင်မယ်။—လု. ၂၁:၃၆။
3. Gimna lianpi adinga kigingkholhsa-a om dingin thuakzawhna, hehpihna le itna in koi bangin hong huh ding a hiam?
၃ ကြီးစွာသောဒုက္ခအတွက် အသင့်ဖြစ်နေဖို့ ကူညီပေးနိုင်တဲ့ အရည်အသွေး သုံးခုကို သုံးသပ်ကြည့်ကြစို့။ ပြင်းထန်တဲ့ တရားစီရင်ချက်သတင်း ကြေညာဖို့ တာဝန် ရလာတဲ့အခါ၊ မယုံကြည်သူတွေ ဆန့်ကျင်တဲ့အခါ ဘယ်လို တုံ့ပြန်ကြမလဲ။ (ဗျာ. ၁၆:၂၁) ဘုရား ကာကွယ်ပေးမယ်ဆိုတာ ယုံကြည်စိတ်ချပြီး နာခံမှု ရှိရှိ ဟောနိုင်ဖို့ဆိုရင် ခံနိုင်ရည် ရှိမှ ရမယ်။ ညီအစ်ကို/မတွေ ပိုင်ဆိုင်ရာ တချို့ ဒါမှမဟုတ် အားလုံး ဆုံးရှုံးလိုက်ရရင်ကော။ (ဟဗ. ၃:၁၇၊ ၁၈) သူတို့ကို ကူညီပေးနိုင်ဖို့ဆိုရင် စာနာမှု ရှိမှ ရမယ်။ နိုင်ငံပေါင်းစုံ မဟာမိတ် တိုက်ခိုက်လို့ ညီအစ်ကို/မတွေနဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ အတူ နေရရင်ကော။ (ယေဇ. ၃၈:၁၀-၁၂) အဲဒီအချိန်ကို ကျော်ဖြတ်နိုင်ဖို့ဆိုရင် ညီအစ်ကို/မတွေအပေါ် မေတ္တာ ရှိမှ ရမယ်။
4. Thuakzawhna, hehpihna le itna lahsuak ding a thupitlam Lai Siangtho in bangci gen a hiam?
၄ ခံနိုင်ရည်၊ စာနာမှု၊ မေတ္တာ ဆက်ပြဖို့ ကျမ်းစာ အားပေးထားတယ်။ လုကာ ၂၁:၁၉ မှာ “ခံနိုင်ရည် ရှိမယ်ဆိုရင် ခင်ဗျားတို့ အသက်ရလိမ့်မယ်၊” ကောလောသဲ ၃:၁၂ မှာ ‘ချစ်ခင်စာနာခြင်းကို ဝတ်ဆင်ကြပါ’ လို့ ဆိုထားတယ်။ ဒါ့အပြင် ‘အချင်းချင်း ချစ်ကြဖို့ ဘုရားသခင်ကိုယ်တိုင် သင်ထားပေးပြီးသားပဲ။ ဒါပေမဲ့ ညီအစ်ကိုတို့၊ ဒီထက်မက မေတ္တာပြကြဖို့ ခင်ဗျားတို့ကို တိုက်တွန်းပါတယ်’ လို့ ၁ သက်သာလောနိတ် ၄:၉၊ ၁၀ မှာ ဖော်ပြထားတယ်။ ခံနိုင်ရည်၊ စာနာမှု၊ မေတ္တာ ပြနေကြတဲ့ တပည့်တွေဆီ ဒီစကားတွေ ရေးခဲ့တာ။ ဒီအရည်အသွေးတွေ ရှိပြီးသား ဖြစ်ပေမဲ့ ဆက်ပြဖို့ လိုတယ်။ ဒီအရည်အသွေး တစ်ခုစီကို အစောပိုင်း ခရစ်ယာန်တွေ ဘယ်လို ပြကြသလဲ။ သူတို့ကို ကျွန်တော်တို့ ဘယ်လို အတုယူနိုင်မလဲ။ ကြီးစွာသောဒုက္ခအတွက် ဘယ်လို အသင့်ရှိနိုင်ကြမလဲ။ ဒီမေးခွန်းတွေကို သုံးသပ်သွားပါမယ်။
THUAKZAWHNA NEI IN
5. Khristian masate in haksatnate bang hangin thuak zo uh a hiam?
၅ အစောပိုင်း ခရစ်ယာန်တွေ ခံနိုင်ရည် ရှိခဲ့ကြရတယ်။ (ဟီ. ၁၀:၃၆) လူထဲက လူမို့ ကြုံရတဲ့ အခက်အခဲတွေအပြင် ခရစ်ယာန် ဖြစ်လို့ကို ကြုံရတဲ့ အခက်အခဲတွေ ရှိတယ်။ ဂျူးဘာသာရေး ခေါင်းဆောင်တွေ၊ ရောမအာဏာပိုင်တွေ သာမက မိသားစုဝင်တွေ ဆန့်ကျင်တာ၊ ဖိနှိပ်တာ ခံကြရတယ်။ (မ. ၁၀:၂၁) အသင်းတော်အတွင်းမှာလည်း အယူဖောက်ပြန်သူတွေရဲ့ သွေးခွဲတဲ့ သွန်သင်ချက် အမှားတွေကို တိုက်လှန်ကြရတယ်။ (တ. ၂၀:၂၉၊ ၃၀) ဒါတောင် သစ္စာရှိရှိ ဘာကြောင့် ခံရပ်နိုင်ကြသလဲ။ (ဗျာ. ၂:၃) ယောဘလို ခံနိုင်ရည် ရှိတဲ့ ကျမ်းစာ စံနမူနာရှင်တွေအကြောင်း သေသေချာချာ တွေးတောဆင်ခြင်ကြလို့ပါ။ (ယာ. ၅:၁၀၊ ၁၁) ဒါ့အပြင် ခံနိုင်ရည် ရှိဖို့ ဆုတောင်းကြတယ်။ (တ. ၄:၂၉-၃၁) ခံနိုင်ရည် ရှိရင် ရမယ့် အကျိုးကျေးဇူးတွေကို အာရုံစိုက်ကြတယ်။—တ. ၅:၄၁။
6. Langpanna a thuak zawh nadinga Merita’ sepna pan bang sin thei na hiam?
၆ ကျမ်းစာနဲ့ ကျမ်းစာ အခြေပြု စာပေတွေမှာ ဖော်ပြထားတဲ့ ခံနိုင်ရည် ရှိတဲ့ စံနမူနာရှင်တွေအကြောင်း မှန်မှန် လေ့လာ၊ တွေးတောဆင်ခြင်မယ်ဆိုရင် ခံနိုင်ရည် ရှိလာမယ်။ အဲဒီလို တွေးတောဆင်ခြင်လို့ အယ်လ်ဘေးနီးယားနိုင်ငံက ညီအစ်မ မာရီတာဟာ မိသားစု ကိုယ်ထိလက်ရောက် နှိပ်စက်တာတွေကို ခံရပ်နိုင်ခဲ့တယ်။ “ယောဘမှတ်တမ်းက ကျွန်မကို သိပ်အားရှိစေတာပဲ။ ယောဘခမျာ စမ်းသပ်မှု အများကြီး ကြုံခဲ့ရတာ။ ဒါပေမဲ့ ဘာကြောင့် ကြုံနေရသလဲ မသိရှာဘူး။ ဒါတောင် ‘သေတဲ့အထိ ကျုပ်ရဲ့ သမာဓိကို မစွန့်ဘူး’ တဲ့။ (ယောဘ ၂၇:၅) ကျွန်မအဖြစ်က ယောဘလောက် မဆိုးသေးဘူး။ ပြီးတော့ စမ်းသပ်မှုတွေ နောက်ကွယ်က တရားခံကို ယောဘ မသိပေမဲ့ ကျွန်မ သိနေတယ်လေ” လို့ ပြောတယ်။
7. Haksatna lianpi i tuakkha kei zongin bang i sep ding kisam a hiam?
၇ ကိုယ့်စိုးရိမ်ပူပန်မှုတွေကို ယေဟောဝါဆီ ထက်ထက်သန်သန်၊ မှန်မှန် ရင်ဖွင့်ဆုတောင်းခြင်းအားဖြင့်လည်း ခံနိုင်ရည် တိုးများအောင် လုပ်နိုင်တယ်။ (ဖိ. ၄:၆။ ၁ သက်. ၅:၁၇) လောလောဆယ် အခက်အခဲ ကြီးကြီးမားမား ကြုံနေရချင်မှ ကြုံနေရမယ်။ ဒါပေမဲ့ စိတ်ပျက်စရာ၊ စိတ်ရှုပ်စရာလေးတွေ ပေါ်လာရင်ကော ယေဟောဝါဆီ ဆုတောင်းရဲ့လား။ သေးသေးမွှားမွှား ကိစ္စကအစ မှန်မှန် ဆုတောင်းပြောပြမှ အနာဂတ်မှာ အခက်အခဲ ကြီးကြီးမားမား ကြုံရတဲ့အခါ ဆုတောင်းပြောပြဖို့ ဝန်လေးမနေမှာ။ ကိုယ့်ကို ဘယ်အချိန်၊ ဘယ်လို ဝင်ကူရမလဲဆိုတာ ဘုရား အတိအကျ သိမှန်း စိတ်ချနေမှာ။—ဆာ. ၂၇:၁၊ ၃။
ခံနိုင်ရည်
စမ်းသပ်မှု တစ်ခုစီက နောက်ထပ် စမ်းသပ်မှုတွေကို ခံရပ်နိုင်ဖို့ ကူညီပေး (စာပိုဒ် ၈ ကို ကြည့်ပါ)
8. Tu huna haksatnate i thuakzawhna in mailamah zong thuak zawh nadinga hong huhlam Mera’ tuahkhakna in koi bangin hong theisak a hiam? (James 1:2-4) (Lim zong en in.)
၈ လက်ရှိ အခက်အခဲတွေကို ခံရပ်နိုင်ရင် ကြီးစွာသောဒုက္ခအတွင်းမှာလည်း ခံရပ်နိုင်ဖို့ များတယ်။ (ရော. ၅:၃) ဘာကြောင့်လဲ။ ယေဟောဝါဘုရားရဲ့ အကူအညီကြောင့် ယုံကြည်ခြင်း စမ်းသပ်မှုတစ်ခုကို ခံရပ်နိုင်တိုင်း ဘုရား ကူညီဖို့ အသင့်ရှိတယ်၊ ကူညီပေးချင်တယ်ဆိုတဲ့ ယုံကြည်ခြင်း ခိုင်မာလာတယ်။ အဲဒီလို ယုံကြည်ခြင်းက နောက်ထပ် စမ်းသပ်မှုတွေကို ခံရပ်စေနိုင်တယ်။ ဒါကို ညီအစ်ကို/မတွေ သတိထားမိကြတယ်။ (ယာကုပ် ၁:၂-၄ ကို ဖတ်ပါ။) ဥပမာ၊ အခက်အခဲတွေကို အရင်က ခံရပ်နိုင်ခဲ့လို့ အခုလည်း ဆက်ခံရပ်နိုင်တာ ဖြစ်ကြောင်း အယ်လ်ဘေးနီးယားနိုင်ငံက ရှေ့ဆောင် ညီအစ်မ မီရာ သိလာတယ်။ တစ်ခါတလေ ကိုယ့်ဆီမှာပဲ အခက်အခဲတွေ ပြုံနေသလို မီရာ ခံစားရတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ အနှစ် ၂၀ အတွင်း ယေဟောဝါ ကူညီထောက်မပေးတာတွေကို ပြန်စဉ်းစားလိုက်တယ်။ ‘ဆက်သစ္စာရှိလိုက်စမ်းပါ။ ဒီလောက် နှစ်တွေ အကြာကြီး ခံရပ်နိုင်အောင် ယေဟောဝါ ကူညီပေးထားတာ သဲထဲ ရေသွန် အဖြစ်မခံနဲ့’ ဆိုပြီး မီရာ ကိုယ့်ကိုယ်ကိုယ် အားတင်းတယ်။ သင် ခံနိုင်ရည် ရှိဖို့လည်း ယေဟောဝါ ဘယ်လို ကူညီပေးခဲ့တယ်ဆိုတာ ပြန်စဉ်းစားကြည့်လိုက်ပါ။ အခက်အခဲတစ်ခု သင် ခံရပ်နိုင်တိုင်း ဘုရား မြင်တယ်၊ ဆုချမယ်ဆိုတာ စိတ်ချပါ။ (မ. ၅:၁၀-၁၂) ဒါဆိုရင် ကြီးစွာသောဒုက္ခ ရောက်လာတဲ့အခါ ဘယ်လို ဆက်ခံရပ်ရမလဲဆိုတာ သိနေမယ်။ ဆက်ခံရပ်မယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်ချက် ခိုင်မာနေမယ်။
HEHPIHNA LAK IN
9. Syria gam Antiok khua-a unaute’n hehpihna koici lak uh a hiam?
၉ တစ်ခေါက်၊ ယုဒပြည်က ခရစ်ယာန်တွေ အငတ်ဘေးကြီး ကြုံကြရတယ်။ ဒါကို ဆီးရီးယားပြည်၊ အန္တိအုတ်မြို့က ညီအစ်ကို/မတွေ ကြားတော့ သနားသွားကြတယ်။ သနားစာနာကြောင်း လုပ်ရပ်နဲ့ ပြကြတယ်။ “ယုဒပြည်မှာ ရှိတဲ့ ညီအစ်ကိုတွေဆီ တတ်နိုင်သလောက် ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ပေးဖို့ ဆုံးဖြတ်လိုက်တယ်။” (တ. ၁၁:၂၇-၃၀) အငတ်ဘေး ဆိုက်တဲ့ ဒေသနဲ့ တော်တော် လှမ်းပေမဲ့ မရရအောင် ကူညီပေးကြတယ်။—၁ ယော. ၃:၁၇၊ ၁၈။
စာနာမှု
သဘာဝဘေး သင့်တဲ့အခါ ညီအစ်ကို/မတွေကို စာနာမှု ပြခွင့် ရ (စာပိုဒ် ၁၀ ကို ကြည့်ပါ)
10. Siatna lianpi a tuak unaute tungah hehpihna koici lak thei i hiam? (Lim zong en in.)
၁၀ ဒီနေ့လည်း ဘေးအန္တရာယ် ကြုံရတဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ စာနာမှု ပြနိုင်တယ်။ ကယ်ဆယ်ရေး စီမံကိန်းတွေမှာ ဘယ်လို ကူညီပေးရမလဲဆိုတာ အကြီးအကဲတွေကို မေးနိုင်တယ်။ ကမ္ဘာချီ အလှူငွေ ထည့်နိုင်တယ်။ ဘေးသင့် ညီအစ်ကို/မတွေအတွက် ဆုတောင်းပေးနိုင်တယ်။b (ပညာ. ၁၇:၁၇) ဥပမာ၊ ၂၀၂၀ မှာ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကမ္ဘာတစ်ဝန်း သဘာဝဘေး ကယ်ဆယ်ရေး ကော်မတီ ၉၅၀ ကျော် ဖွဲ့စည်းခဲ့တယ်။ ဒီလိုကယ်ဆယ်ရေး ကော်မတီတွေမှာ စာနာစိတ်ကို အရင်းခံပြီး ပါဝင်နေကြတဲ့ ညီအစ်ကို/မတွေရဲ့ လုပ်ဆောင်မှုတွေဟာ တကယ် ကျေးဇူးတင်စရာပါပဲ။ ညီအစ်ကို/မတွေဆီ ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ပေးကြတယ်။ ယေဟောဝါကို ဆက်ဝတ်ပြုနိုင်ဖို့ ကူညီပေးကြတယ်။ အခြေအနေတချို့မှာဆိုရင် အိမ်တွေ၊ ဝတ်ပြုရာ နေရာတွေ ပြန်ဆောက်ပေး၊ ပြုပြင်ပေးကြတယ်။—၂ ကောရိန္သု ၈:၁-၄ နဲ့ နှိုင်းယှဉ်ပါ။
11. Khatlekhat hehpihna i kilah ciangin koi bang danin vantunga om i Pa Jehovah pahtawi a hiam?
၁၁ ဘေးသင့် ညီအစ်ကို/မတွေကို ကျွန်တော်တို့ ကိုယ်ကျိုးစွန့်ပြီး စာနာမှု ပြတဲ့အခါ တခြားသူတွေ သတိထားမိကြတယ်။ ဥပမာ၊ ၂၀၁၉ မှာ ဒိုရီယန် မုန်တိုင်းကြောင့် ဗဟားမားကျွန်းက နိုင်ငံတော်ခန်းမတစ်လုံး ပျက်စီးသွားတယ်။ ညီအစ်ကိုတွေ ခန်းမ ပြန်ဆောက်ပေးကြတယ်။ လိုအပ်တဲ့ အပိုင်းတချို့အတွက် သက်သေခံ မဟုတ်တဲ့ ကန်ထရိုက်တာ တစ်ယောက်ကို ကုန်ကျစရိတ် မေးကြည့်တော့ “ပစ္စည်းအား၊ လူအား၊ ငွေအား ကျွန်တော် စိုက်မယ်ဗျာ။ . . . ခင်ဗျားတို့ အဖွဲ့အစည်းမို့လို့နော်။ ခင်ဗျားတို့ အချင်းချင်း ရိုင်းပင်းကြတာ လေးစားလွန်းလို့ပါ” လို့ ပြောတယ်။ မှန်ပါတယ်၊ ဒီနေ့ လူတော်တော်များများ ယေဟောဝါကို မသိကြဘူး။ ဒါပေမဲ့ ယေဟောဝါသက်သေတွေကို သတိထားမိကြတယ်။ ကျွန်တော်တို့ရဲ့ စာနာမှု လုပ်ရပ်တွေကြောင့် “ကရုဏာ ကြီးမားလှတဲ့ ဘုရားသခင်” အကြောင်း လူတွေ စိတ်ဝင်စားလာကြတာ ဝမ်းသာစရာပါပဲ။—ဧ. ၂:၄။
12. Tu hun a kipan hehpihna i lahna in gimna lianpi adingin koi bangin hong kigingkholsak a hiam? (Maangmuhna 13:16, 17)
၁၂ ကြီးစွာသောဒုက္ခအတွင်း စာနာမှု ပြဖို့ ဘာကြောင့် လိုလာမလဲ။ အစိုးရတွေကို မထောက်ခံသူတွေ အခုအချိန်မှာကော ကြီးစွာသောဒုက္ခအတွင်းမှာပါ အခက်ကြုံကြရမယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၃:၁၆၊ ၁၇ ကို ဖတ်ပါ။) အခြေခံ လိုအပ်ရာတွေ ရဖို့တောင် ညီအစ်ကို/မတွေ အခက်တွေ့နိုင်တယ်။ ဘုရင် ခရစ်တော် ယေရှု တရားစီရင်ဖို့ ကြွလာတဲ့အခါ ကျွန်တော်တို့ အချင်းချင်း စာနာမှု ပြနေတာကို မြင်စေချင်တယ် မဟုတ်လား။ “နိုင်ငံကို လာပြီး အမွေခံကြပါ” လို့ ဖိတ်ခေါ်ခံချင်တယ် မဟုတ်လား။—မ. ၂၅:၃၄-၄၀။
ITNA KHANGSAK IN
13. Rom 15:7-a a gen bangin, Khristian masate in itna koi bangin khangsak uh a hiam?
၁၃ အစောပိုင်း ခရစ်ယာန်တွေရဲ့ ထင်ရှားတဲ့ အမှတ်အသားဟာ မေတ္တာပါ။ ဒါပေမဲ့ မေတ္တာ ပြဖို့ အမြဲ မလွယ်ခဲ့ဘူး။ ရောမမြို့က အသင်းတော်အကြောင်း စဉ်းစားကြည့်ပါ။ မောရှေပညတ်အောက်မှာ ကြီးပြင်းလာတဲ့ ဂျူးတွေ၊ နောက်ခံ လုံးဝ မတူတဲ့ လူမျိုးခြားတွေနဲ့ အသင်းတော်ကို ဖွဲ့စည်းထားတယ်။ ဒါ့အပြင် တချို့က ကျွန်တွေ၊ တချို့က ကျွန်ပိုင်ရှင်တွေ၊ လွတ်လပ်သူတွေ။ ဒီလို မတူကွဲပြားမှုတွေကြား အချင်းချင်း မေတ္တာ ဘယ်လို တိုးများစေကြသလဲ။ “အချင်းချင်းကို ကြိုဆိုလက်ခံကြပါ” လို့ တမန်တော် ပေါလု အားပေးတယ်။ (ရောမ ၁၅:၇ ကို ဖတ်ပါ။) ဘာကို ဆိုလိုသလဲ။ “ကြိုဆို” လို့ ပြန်ဆိုထားတဲ့ စကားလုံးဟာ တစ်ယောက်ယောက်ကို ကိုယ့်အိမ်မှာ ဖော်ဖော်ရွေရွေ ဧည့်ခံတာ၊ မိတ်ဆွေစာရင်း သွင်းလိုက်တာကို ဆိုလိုတယ်။ ဥပမာ၊ ကျွန်ပြေး သြနေသိမ်ကို “ကြည်ကြည်ဖြူဖြူ လက်ခံပေး” ဖို့ ဖိလေမုန်ကို ပေါလု ပြောတယ်။ (ဖိလေ. ၁၇) ပြစ်ကိလနဲ့ အာကုလလည်း ခရစ်ယာန်ဘာသာအကြောင်း ကိုယ့်လောက် သိပ်မသိတဲ့ အာပေါလုကို “ခေါ်သွားပြီး တရင်းတနှီး ပေါင်း” ပေးတယ်။ (တ. ၁၈:၂၆) မတူကွဲပြားလို့ ခွဲခွဲခြားခြား ဆက်ဆံမယ့်အစား အချင်းချင်း ကြိုဆိုကြတယ်။ ရင်းရင်းနှီးနှီး ပေါင်းကြတယ်။
မေတ္တာ
အခက်အခဲတွေ ခံရပ်နိုင်ဖို့ ညီအစ်ကို/မတွေရဲ့ မေတ္တာ ကျွန်တော်တို့ လိုအပ် (စာပိုဒ် ၁၅ ကို ကြည့်ပါ)
14. Anna le a zi in midangte tungah itna koici lak uh a hiam?
၁၄ ကျွန်တော်တို့လည်း ညီအစ်ကို/မတွေနဲ့ မိတ်ဖွဲ့ခြင်း၊ အချိန်ပေး ပေါင်းခြင်းအားဖြင့် မေတ္တာ ပြနိုင်တယ်။ ဒါဆိုရင် မေတ္တာ အသွားအပြန် ရှိလာပါလိမ့်မယ်။ (၂ ကော. ၆:၁၁-၁၃) အန်နာတို့ ဇနီးမောင်နှံအကြောင်း စဉ်းစားကြည့်ပါ။ အနောက် အာဖရိကကို သာသနာပြု တာဝန်သစ်နဲ့ ပြောင်းရွှေ့ပြီး မကြာခင် ကိုဗစ်-၁၉ ကပ်ရောဂါ စပါလေရော။ လူသစ် ဖြစ်နေရတဲ့အထဲ ညီအစ်ကို/မတွေနဲ့ လူချင်း မတွေ့နိုင်ဘူး။ လူချင်း မတွေ့နိုင်ပေမဲ့ မေတ္တာ ဘယ်လို ပြကြသလဲ။ ဗီဒီယို ချိတ်ဆက်ပြီး ညီအစ်ကို/မတွေနဲ့ ဆက်သွယ်တယ်။ သူတို့နဲ့ ပိုရင်းနှီးချင်တဲ့အကြောင်း ပြောပြတယ်။ ညီအစ်ကို/မတွေ စိတ်ထိမိသွားကြတယ်။ သူတို့ဘက်က စပြီးတော့တောင် ဖုန်းဆက်၊ စာပို့လာကြတယ်။ အသင်းတော်သစ်က ညီအစ်ကို/မတွေကို မေတ္တာ ပြဖို့ ဒီမောင်နှံ ဘာကြောင့် ကြိုးစားသလဲ။ “အခြေအနေ ကောင်းချိန်မှာကော မကောင်းချိန်မှာပါ ကျွန်မနဲ့ ကျွန်မမိသားစု မေတ္တာ အပြခံရတာ စိတ်ထဲ စွဲထင်နေတယ်။ ဒါကြောင့် ကျွန်မလည်း တခြားသူတွေကို မေတ္တာ ပြချင်မိတာ” လို့ အန်နာ ပြောတယ်။
15. Unau khempeuh i it ding thu tawh kisai-in Vanessa’ etteh ding lim pan bang sin thei i hiam? (Lim zong en in.)
၁၅ အသင်းတော် အတော်များများမှာ ညီအစ်ကို/မတွေဟာ နောက်ခံ၊ စရိုက် မျိုးစုံ ရှိကြတယ်။ မေတ္တာ တိုးများအောင် ကျွန်တော်တို့ ဘာလုပ်နိုင်သလဲ။ သူတို့ရဲ့ ကောင်းကွက်ကို အာရုံစိုက်နိုင်တယ်။ နယူးဇီလန်နိုင်ငံမှာ အမှုဆောင်နေတဲ့ ညီအစ်မ ဗက်နက်ဆာဟာ အသင်းတော်က ညီအစ်ကို/မတချို့နဲ့ ပေါင်းရသင်းရ ခက်နေတယ်။ မျက်စိစပါးမွေး စူးချင်စရာ စရိုက် ရှိတဲ့ ညီအစ်ကို/မတွေကို ရှောင်နေမယ့်အစား ပိုအချိန်ပေး ပေါင်းတယ်။ အဲဒီလို ပေါင်းကြည့်လိုက်တော့ သူတို့ကို ယေဟောဝါ ဘာကြောင့် ချစ်မှန်း သိသွားတယ်။ “ကျွန်မခင်ပွန်း တိုက်နယ်ကြီးကြပ်မှူး ဖြစ်လာတော့ ညီအစ်ကို/မ အမျိုးမျိုးနဲ့ ဆုံရတယ်။ အခုတော့ စရိုက် မတူတဲ့ ညီအစ်ကို/မတွေနဲ့ ပေါင်းတတ်နေပြီ။ မတူတာလေးတွေကိုမှ ကြိုက်တတ်နေပြီ။ ယေဟောဝါလည်း ကြိုက်တယ်။ နောက်ခံ အမျိုးမျိုးက လူတွေကို ကမ္ဘာချီ ညီအစ်ကို အသင်းအပင်းထဲ ဆွဲဆောင်ထားတာပဲ ကြည့်လေ” လို့ ဗက်နက်ဆာ ပြောတယ်။ တခြားသူတွေကို ယေဟောဝါ မြင်သလို မြင်တတ်တာဟာ သူတို့ကို ချစ်ကြောင်း သက်သေပြနေတာပဲ။—၂ ကော. ၈:၂၄။
ကြီးစွာသောဒုက္ခအတွင်း ယုံကြည်သူချင်းတွေနဲ့ စည်းစည်းလုံးလုံး ဆက်ရှိနေမှ ယေဟောဝါရဲ့ ကာကွယ်မှု ရမယ် (စာပိုဒ် ၁၆ ကို ကြည့်ပါ)
16. Gimna lianpi hun sungin unaute i it theih ding bang hang hong kisam mahmah ding a hiam? (Lim zong en in.)
၁၆ ကြီးစွာသောဒုက္ခအတွင်း ညီအစ်ကို/မတွေကို မေတ္တာ ထားတတ်ဖို့ သိပ်လိုလာမယ်။ ကြီးစွာသောဒုက္ခ စတဲ့အခါ ကျွန်တော်တို့ အကာအကွယ် ဘယ်မှာ ရှာကြမလဲ။ ရှေးဗာဗုလုန်မြို့ တိုက်ခိုက်ခံရတုန်းက “ငါ့လူတို့၊ အတွင်းခန်းတွေထဲ ဝင်သွားပြီး တံခါးပိတ်ထားကြ။ ငါ့အမျက် ပြေသွားချိန်အထိ ခဏလေး ပုန်းရှောင်နေကြပါ” လို့ မိမိလူမျိုးကို ယေဟောဝါ ညွှန်ကြားတယ်။ (ဟေရှာ. ၂၆:၂၀) ကြီးစွာသောဒုက္ခမှာလည်း ကျွန်တော်တို့ အတွင်းခန်းတွေထဲ ဝင်ပြီး ပုန်းရနိုင်တယ်။ “အတွင်းခန်း” ဆိုတာ အသင်းတော်တွေကို ဆိုလိုတာ ဖြစ်နိုင်တယ်။ ကြီးစွာသောဒုက္ခအတွင်း ညီအစ်ကို/မတွေနဲ့ စည်းစည်းလုံးလုံး ဆက်ရှိနေမှ ယေဟောဝါရဲ့ ကာကွယ်မှု ရမှာ။ ဒါကြောင့် ညီအစ်ကို/မတွေကို သည်းခံတတ်ရုံ မဟုတ်ဘဲ နှစ်နှစ်ကာကာ ချစ်တတ်ဖို့ အခုကတည်းက အစွမ်းကုန် ကြိုးစားရမယ်။ ကာကွယ်ခံရ၊ မခံရ အဲဒီအပေါ် မူတည်နေလို့ပဲ။
TU A KIPAN KIGINGKHOL IN
17. Tu a kipan kigingkhol leng gimna lianpi hun sungin bang sem zo ding i hiam?
၁၇ “ယေဟောဝါရဲ့ နေ့ကြီး” ရောက်လာတဲ့အခါ လူအားလုံးအတွက် သိပ်ခက်မယ်။ (ဇေ. ၁:၁၄၊ ၁၅) ဘုရားလူမျိုးလည်း အခက်အခဲတွေ ကြုံရမယ်။ ဒါပေမဲ့ အခုကတည်းက ပြင်ဆင်ထားရင် တည်တည်ငြိမ်ငြိမ် ရှိနေနိုင်မယ်။ တခြားသူတွေကို ကူညီပေးနိုင်မယ်။ ကြုံလာသမျှ အခက်အခဲတွေကို ခံရပ်နိုင်မယ်။ ညီအစ်ကို/မတွေ အခက်အခဲ ကြုံရတဲ့အခါ စာနာမှု ရှိရှိ ကူညီပေးနိုင်မယ်။ အခုကတည်းက ညီအစ်ကို/မတွေကို မေတ္တာ ထားတတ်ရင် အနာဂတ်မှာလည်း မေတ္တာ ထားနိုင်မယ်။ ဒါဆိုရင် ကပ်ဘေးတွေ၊ ဒုက္ခတွေ မေ့မေ့ပျောက်ပျောက် ဖြစ်သွားမယ့် ကမ္ဘာမှာ ထာဝရ အသက်ဆု ရပါလိမ့်မယ်။—ဟေရှာ. ၆၅:၁၇။
LA 144 ဆုလာဘ်တော်ကို မျက်ခြည်မပြတ်စေနဲ့
a ကြီးစွာသောဒုက္ခ မကြာခင် စတော့မယ်။ တစ်ခါနဲ့မှ မတူတဲ့ အခက်ခဲဆုံး အဲဒီအချိန်အတွက် အသင့်ဖြစ်နေဖို့ဆိုရင် ခံနိုင်ရည်၊ စာနာမှု၊ မေတ္တာဆိုတဲ့ အရည်အသွေးတွေ လိုတယ်။ ဒီအရည်အသွေးတွေကို အစောပိုင်း ခရစ်ယာန်တွေ ဘယ်လို ပြကြသလဲ၊ ကျွန်တော်တို့ ဘယ်လို ပြနိုင်သလဲ၊ ကြီးစွာသောဒုက္ခအတွက် အသင့်ဖြစ်နေဖို့ ဒီအရည်အသွေးတွေ ဘယ်လို ကူညီပေးမလဲ လေ့လာကြရအောင်။
b သဘာဝဘေး ကယ်ဆယ်ရေး စီမံကိန်းတွေမှာ ပါဝင်ကူညီချင်သူတွေဟာ ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေး စေတနာ့ဝန်ထမ်း လျှောက်လွှာ (DC-50) ဒါမှမဟုတ် ယာယီစေတနာ့ဝန်ထမ်း အစီအစဉ်အတွက် လျှောက်လွှာ (A-19) ကို ဦးဆုံး ဖြည့်ရပါမယ်။ အဲဒီနောက် ဖိတ်ခေါ်လာမယ့် အချိန်ကို စောင့်နိုင်ပါတယ်။