Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w25 November laim. 16-21
  • စာနာ​တတ်တဲ့ ပုရောဟိတ်မင်း ယေရှု

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • စာနာ​တတ်တဲ့ ပုရောဟိတ်မင်း ယေရှု
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Thuluneute
  • A Thu Kibang
  • မြေကြီးပေါ် ချစ်သားတော် ရောက်လာ
  • လူတွေကို ယေရှု သနား​စာနာ
  • ပုရောဟိတ်မင်းကို ကျွန်တော်တို့ အတုယူ
  • သင့်ကို ပုရောဟိတ်မင်း ကူညီပေးနိုင်
  • Tatkhiatna In Hong Theihsak Thute
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Jesuh Leitungah A Nunung Ni 40 A Om Hun Sunga A Lahkhiat Etteh Ding Lim
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Jehovah In “Lungsim Kitamte Damsak”
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
w25 November laim. 16-21

Sin Ding Thu ၄၆

LA 17 “ငါ​ဆန္ဒရှိ”

စာနာ​တတ်တဲ့ ပုရောဟိတ်မင်း ယေရှု

“အဲဒီ​ပုရောဟိတ်မင်း​က ကျွန်တော်တို့ရဲ့ အားနည်းချက်တွေကို မ​စာနာနိုင်တဲ့​သူ မဟုတ်ဘူး။”—ဟီ. ၄:၁၅။

အာရုံစိုက်​ရာ

ယေရှုဟာ ဘာကြောင့် အကောင်းဆုံး ပုရောဟိတ်မင်း ဖြစ်သလဲ။ ကျွန်တော်တို့ကို ပုရောဟိတ်မင်း ယေရှု ဘယ်လို ကူညီပေးနေသလဲ။

လွန်ခဲ့တဲ့ အနှစ် ၂,၀၀၀ လောက်​တုန်းက အချစ်ဆုံးသား​တော်​ကို မြေကြီးပေါ် ယေဟောဝါ​ဘုရား စေလွှတ်တယ်။ ဘာကြောင့်လဲ။ လူတွေကို အပြစ်နဲ့ သေခြင်း​အောက်ကနေ ကယ်လွှတ်ပေး​နိုင်ဖို့၊ စာတန် ဖန်တီး​ထားသမျှ ပြဿနာတွေ ဖယ်ရှား​ပေးနိုင်ဖို့​ပါ။ (ယော. ၃:၁၆။ ၁ ယော. ၃:၈) ဒါ့အပြင် လူသားဘဝ​အတွေ့အကြုံ​က ယေရှုကို စာနာ​တတ်တဲ့ ပုရောဟိတ်မင်း ဖြစ်​လာ​စေမယ်​ဆိုတာ ယေဟောဝါ သိတယ်။ ယေရှုဟာ အေဒီ ၂၉ မှာ နှစ်ခြင်းခံပြီးနောက် ပုရောဟိတ်မင်း ဖြစ်လာတယ်။a

၂ လူသားဘဝ​အတွေ့အကြုံ​က ယေရှုကို စာနာ​တတ်တဲ့ ပုရောဟိတ်မင်း​အဖြစ် ဘယ်လိုနည်းနဲ့ “အရည်အချင်း လုံးဝ ပြည့်မီ” စေ​သလဲ​ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။ ဒီအချက်ကို သဘောပေါက်​ထားတာက အပြစ်တွေ၊ အားနည်းချက်တွေကြောင့် ကျွန်တော်တို့ စိတ်ဓာတ်ကျ​နေ​ရင်တောင် ယေဟောဝါဆီ ရဲရဲဝံ့ဝံ့ ချဉ်းကပ်​ဆုတောင်းဖို့ ပို​လွယ်ကူစေတယ်။—ဟီဘရူး ၅:၇-၉ ကို ဖတ်ပါ။

မြေကြီးပေါ် ချစ်သားတော် ရောက်လာ

၃ ကျွန်တော်တို့ တော်တော်များများ ဘဝမှာ အပြောင်းအလဲတွေ ကြုံဖူး​ကြတယ်။ ဥပမာ၊ သံယောဇဉ်​တွယ်​နေတဲ့ နေရပ်​ကို စွန့်ခွာ၊ မိသားစုဝင်တွေ​နဲ့ မိတ်ဆွေတွေကို ထားရစ်​ပြီး တစ်နေရာ ပြောင်းရွှေ့​ရတာ​မျိုး​ပါ။ အဲဒီလို​အပြောင်းအလဲ​မျိုး​က တော်တော်​ခက်တယ်။ ဒါပေမဲ့ ယေရှု​လောက် အပြောင်းအလဲ အများကြီး ကြုံရသူ ဘယ်သူမှ မရှိဘူး။ ယေရှုဟာ ကောင်းကင်မှာ​ဆိုရင် အရေးပါဆုံး ကောင်းကင်တမန် ဖြစ်တယ်။ ယေဟောဝါရဲ့ မေတ္တာကို တစ်ပွေ့တစ်ပိုက် ခံစားရတယ်။ “ကိုယ်တော့်​ညာဘက်​မှာ” အမှုဆောင်ခွင့်​ရလို့ အမြဲ​ကြည်နူး​ရတယ်။ (ဆာ. ၁၆:၁၁။ ပညာ. ၈:၃၀) ဒါပေမဲ့ ဖိလိပ္ပိ ၂:၇ မှာ ဖော်ပြထားတဲ့အတိုင်း “အရာရာကို သူ စွန့်လွှတ်​ခဲ့တယ်။” ကောင်းကင်​က မြင့်မြတ်တဲ့ အနေအထားကို စွန့်လွှတ်ပြီး မြေကြီးပေါ်မှာ မစုံလင်သူတွေ​နဲ့ လာ​နေခဲ့တာ။

၄ ယေရှု မွေးဖွားချိန်​နဲ့ ကလေးဘဝ​အကြောင်းလည်း စဉ်းစားကြည့်ပါ။ ယေရှုဟာ ဆင်းရဲတဲ့ မိသားစုမှာ မွေးလာတယ်။ ယေရှု မွေးပြီးနောက် မိဘတွေ ဆက်သ​တဲ့ ပူဇော်သက္ကာကို ကြည့်ရင် သူတို့​မိသားစု သိပ်​ဆင်းရဲ​မှန်း သိနိုင်တယ်။ (ဝတ်. ၁၂:၈။ လု. ၂:၂၄) မေရှိယ ဖွားမြင်တဲ့​အကြောင်း မင်းဆိုး​ဟေရုဒ် သိသွားတော့ လိုက်​သတ်ဖို့ ကြိုးစားတယ်။ ဟေရုဒ်​ရန်ကနေ လွတ်အောင် ယေရှု​တို့ မိသားစုလိုက် ထွက်ပြေးပြီး အီဂျစ်ပြည်​မှာ ဒုက္ခသည်​ဘဝနဲ့ အချိန်​အတိုင်းအတာ​တစ်ခုအထိ နေကြရတယ်။ (မ. ၂:၁၃၊ ၁၅) ယေရှုရဲ့ ကောင်းကင်​အသက်တာနဲ့ မြေကြီး​အသက်တာ ဘယ်လောက်တောင် ကွာသွား​လိုက်သလဲ။

၅ ယေရှု အရွယ်​ရောက်လာတာနဲ့အမျှ လူ့​ဒုက္ခတွေကို မြင်လာတယ်။ မွေးစား​ဖခင် ယောသပ် အပါအဝင် ချစ်ခင်​ရသူတွေ ဆုံးပါး​သွားတာ ကြုံဖူး​လို့ ပူဆွေး​တဲ့​ဒဏ် ဘယ်လိုမျိုးလဲ​ဆိုတာ ကိုယ်တွေ့ သိတယ်။ အမှုဆောင်ချိန်​အတွင်း အနာကြီး​ရောဂါသည်​တွေ၊ မျက်မမြင်​သူ​တွေ၊ လေဖြတ်​သူ​တွေ၊ သားသမီး ဆုံးရှုံး​လိုက်ရ​သူ​တွေ​နဲ့ ဆုံတယ်။ သူတို့ကို ယေရှု သိပ်​သနားတယ်။ (မ. ၉:၂၊ ၆။ ၁၅:၃၀။ ၂၀:၃၄။ မာ. ၁:၄၀၊ ၄၁။ လု. ၇:၁၃) ကောင်းကင်ကနေ​လည်း လူ့​ဒုက္ခတွေကို မြင်ခဲ့တယ်​ဆိုပေမဲ့ လူသား​အဖြစ် မြေကြီးပေါ် ရောက်လာချိန်​မှာတော့ အနီးကပ် ပို​မြင်လာတယ်။ (ဟေရှာ. ၅၃:၄) လူတွေရဲ့ ဝမ်းနည်းမှု၊ ခံပြင်း​မှု၊ နာကျင်မှုကို အပြည့်အဝ နားလည်လာတယ်။ တခြား​လူတွေလို​ပဲ မောပန်း​တယ်၊ နာကျင်တယ်၊ သောကရောက်​တယ်​ဆိုတဲ့ ခံစားချက်တွေ ယေရှုမှာ​လည်း ရှိတယ်။

ယေရှု​ဘေးမှာ မနာမကျန်း​ဖြစ်နေ​သူ​တွေ ဝိုင်းအုံ​နေ။ သူတို့ရဲ့ အနာ​ရောဂါ​ကို ကုပေး​ဖို့ ယေရှုကို တောင်းဆို​နေ​ကြ။ ယေရှုက မသန်စွမ်း အသက်ကြီး အမျိုးသားတစ်ယောက်​ရဲ့ လက်နှစ်ဖက်​ကို စာနာမှု​အပြည့်​နဲ့ ဆွဲထူ​နေ။

လူတွေ ဘာ​ကြုံနေရသလဲ၊ ဘယ်လို ခံစားနေရသလဲ ယေရှု ဂရုစိုက် (စာပိုဒ် ၅ ကို ကြည့်ပါ)


လူတွေကို ယေရှု သနား​စာနာ

၆ သူကြွယ်​တွေ၊ ဂုဏ်အသရေ​ရှိသူတွေကို ရေ​ဝနေတဲ့ ဥယျာဉ် ဒါမှမဟုတ် အကိုင်းအခက်​ဝေဆာ​တဲ့ သစ်ပင်ကြီး​နဲ့ ဟီဘရူး​ကျမ်းစောင်တွေမှာ ခိုင်းနှိုင်းလေ့​ရှိတယ်။ (ဆာ. ၉၂:၁၂။ ဟေရှာ. ၆၁:၃။ ယေ. ၃၁:၁၂) ဆင်းရဲသားတွေ၊ အဖိနှိပ်ခံ​လူတွေကို​တော့ နင်းခြေခံရတဲ့ ကျူပင်၊ ငြိမ်းခါနီး မီးစာနဲ့ ခိုင်းနှိုင်းထားတယ်။ အဲဒီလိုလူတွေကို ယေရှု ဘယ်လို ဆက်ဆံ​မယ်​ဆိုတာနဲ့ပတ်သက်ပြီး “နင်းခြေခံရတဲ့ ကျူပင်​ကို ချိုးမှာ မဟုတ်ဘူး။ ငြိမ်းခါနီး မီးစာကိုလည်း ငြိမ်းသတ်​မှာ မဟုတ်ဘူး” လို့ ပရောဖက် ဟေရှာယ ကြိုဟောထားတာ။ (ဟေရှာယ ၄၂:၃ ကို ဖတ်ပါ။) တကယ်လည်း ယေရှု မြေကြီးပေါ် ရောက်လာချိန်​မှာ အနှိမ်ခံ​ရသူတွေ၊ ဘဝ​အခြေမလှ​သူတွေကို သနားစာနာတယ်။ ဒါ ကြိုဟောချက် ပြည့်စုံတာ​ပဲ။

၇ ယေရှုဟာ “နင်းခြေခံရတဲ့ ကျူပင်​ကို ချိုးမှာ မဟုတ်ဘူး။ ငြိမ်းခါနီး မီးစာကိုလည်း ငြိမ်းသတ်​မှာ မဟုတ်ဘူး” လို့ ခရစ်ဝင်ကျမ်း​ရေးသူ မဿဲ ပြောတယ်။ (မ. ၁၂:၂၀) ယေရှုဆီမှာ ဟေရှာယ​ကြိုဟောချက် ပြည့်စုံ​ကြောင်း ဖော်​ပြလိုက်တာပဲ။ ယေရှု လုပ်တဲ့ အံ့ဖွယ်အမှု တော်တော်များများ​ဟာ နင်းခြေခံရတဲ့ ကျူပင်​လို ဖြစ်နေတဲ့ အဖိနှိပ်ခံ​လူတွေ၊ ငြိမ်းခါနီး မီးစာ​လို ဖြစ်နေတဲ့ မျှော်လင့်ချက်​မဲ့​သူ​တွေ​အတွက် ဖြစ်တယ်။ အဲဒီထဲက တစ်ယောက်ကတော့ တစ်ကိုယ်လုံး အနာကြီး​ရောဂါ စွဲ​နေသူပါ။ ရောဂါ​ပျောက်​ဖို့၊ မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ လက်ပွန်းတတီး ပြန်နေ​ရဖို့ မျှော်လင့်ချက် မရှိတော့ဘူးလို့ တွေး​နေ​ခဲ့​နိုင်တယ်။ (လု. ၅:၁၂၊ ၁၃) နောက်တစ်ယောက်ကတော့ နားမကြား၊ စကား​မပြော​နိုင်သူ​ပါ။ တခြားသူတွေ အာပေါင်အာရင်း​သန်သန် စကားပြော​နေချိန်မှာ တစ်လုံး​မှ နားမလည်​လို့ သိပ်ဝမ်းနည်း​ခဲ့​မှာ။ (မာ. ၇:၃၂၊ ၃၃) သူတို့​ဒုက္ခ ဒီလောက်ပဲ​လား။

၈ ကိုယ်တိုင်ရဲ့ အပြစ်ကြောင့် ဒါမှမဟုတ် မိဘရဲ့ အပြစ်ကြောင့် ကျန်းမာရေး ချို့ယွင်း​တာ​ဆိုတဲ့ အယူအဆ​မှား ယေရှု​ခေတ်က ဂျူး​တော်တော်များများမှာ ရှိတယ်။ (ယော. ၉:၂) ဒါကြောင့် ကျန်းမာရေး ချို့ယွင်း​သူတွေကို လူ​ရာမ​သွင်း​ကြ​ဘူး။ ယေရှုကတော့ သူတို့ကို ရောဂါကုသ​ပေးခြင်း၊ ဘုရားသခင် ဂရုစိုက်တယ်ဆိုတာ သိလာအောင် ကူညီပေးခြင်းအားဖြင့် ဟေရှာယ​ကြိုဟောချက်ကို ပြည့်စုံစေ​တယ်။ ဒီအချက်က ကျွန်တော်တို့ကို ဘယ်လို အားရှိစေသလဲ။

၉ ဟီဘရူး ၄:၁၅၊ ၁၆ ကို ဖတ်ပါ။ ကျွန်တော်တို့ကို ယေရှု အမြဲ​စာနာ​မယ်​ဆိုတာ စိတ်ချနိုင်တယ်။ “စာနာ” လို့ ပြန်ဆို​ထားတဲ့ ဂရိ​စကားလုံးဟာ ဝမ်းနည်းမှု၊ နာကျင်မှုကို မျှဝေ​ခံစားခြင်း​လို့ အဓိပ္ပာယ်​ရတယ်။ ဝေဒနာ ခံစားရသူတွေ​ကို ယေရှု ဘယ်လောက် စာနာကြောင်း ယေရှု လုပ်တဲ့ အံ့ဖွယ်အမှုတွေကနေ သိရတယ်။ ဝတ်ကျေတမ်းကျေ ကုသ​ပေးတာ မဟုတ်ဘဲ သူတို့ကို တကယ်​ဂရုစိုက်​တယ်။ ကူညီပေးချင်တဲ့​ဆန္ဒ ပြင်းပြတယ်။ ဥပမာ၊ အနာကြီး​ရောဂါသည်​ကို အဝေးကနေ ကုသ​ပေးလို့ ရပေမဲ့ သူ့ကို တို့​ထိပြီး ကုသ​ပေးတယ်။ ဒါ နှစ်ပေါင်းများစွာ ကြာပြီးနောက်​မှ လူတစ်ယောက်ရဲ့ အထိအတွေ့​ကို အနာကြီး​ရောဂါသည် ဦးဆုံး​အကြိမ် ပြန်​ခံ​စားလိုက်ရတာ ဖြစ်နိုင်တယ်။ နားမကြား​သူကိုလည်း လူအုပ်​ထဲကနေ သီးသန့်​ခေါ်ထုတ်​သွားပြီး တိတ်ဆိတ်​တဲ့​နေရာမှာ ကုသ​ပေးတယ်။ ယေရှု​ခြေထောက်ကို မျက်ရည်​နဲ့ ဆေး​ပြီး ဆံပင်​နဲ့ သုတ်ပေး​တဲ့ အမျိုးသမီး​အကြောင်းလည်း စဉ်းစားကြည့်ပါ။ အပြစ်​များ​သူ​အဖြစ် သိထားကြလို့ ဖာရိရှဲ​တစ်ယောက် အထင်သေးတယ်။ ဒါပေမဲ့ အဲဒီ​အမျိုးသမီး​ဘက်ကနေ ယေရှု ရပ်တည်ပေး​ပြီး ဖာရိရှဲကို တည့်မတ်​လိုက်တယ်။ (မ. ၈:၃။ မာ. ၇:၃၃။ လု. ၇:၄၄) ဝေဒနာ ခံစားရသူတွေ၊ အပြစ်​အများကြီး လုပ်ခဲ့သူ​တွေ​ကို ယေရှု မရှောင်​ဘူး။ မရှောင်​တဲ့​အပြင် မိမိဆီ လာဖို့ မေတ္တာနဲ့ လက်ကမ်း​ကြို​တယ်။ ဒီလို​ပုဂ္ဂိုလ်​မျိုး​ဟာ ကျွန်တော်တို့ကိုလည်း ဘယ်လောက်တောင် စာနာ​ပေး​တတ်​လိုက်မလဲ။

ပုရောဟိတ်မင်းကို ကျွန်တော်တို့ အတုယူ

၁၀ ယေရှု​ခြေရာ လိုက်လျှောက်တဲ့​အနေနဲ့ တခြားသူတွေကို မေတ္တာ​ပြဖို့၊ သနား​စာနာ​ဖို့ ကျွန်တော်တို့ ကြိုးစားကြတယ်။ (၁ ပေ. ၂:၂၁။ ၃:၈) မျက်မမြင်​သူ​တွေ၊ နားမကြား​သူတွေကို ကျွန်တော်တို့ အံ့ဖွယ်နည်း​နဲ့ ကုသ​မပေးနိုင်ပေမဲ့ ကျမ်းစာ​အမှန်တရားနဲ့​ပတ်သက်ပြီး မျက်စိပွင့်​နားပွင့် ဖြစ်လာအောင် ကူညီပေးနိုင်တယ်။ ဥပမာ၊ ကျမ်းစာ​စာပေတွေကို လက်သင်္ကေတပြ​ဘာသာစကား ၁၀၀ ကျော်​နဲ့ ရ​နေပြီ။ အမြင်အာရုံ ချို့တဲ့သူတွေ​အတွက် မျက်မမြင်​စာပေတွေကို ဘာသာစကား ၆၀ ကျော်၊ အသံ​သရုပ်ဖော် ဗီဒီယိုတွေကို ဘာသာစကား ၁၀၀ ကျော်​နဲ့ ထုတ်ဝေ​ထားတယ်။ ဒီလို​ထုတ်ဝေ​မှု​တွေ​ကြောင့် မျက်မမြင်​သူ​တွေ၊ နားမကြား​သူ​တွေ​ဟာ ယေဟောဝါနဲ့​ကော ယေရှုနဲ့​ပါ ရင်းနှီး​လာကြတယ်။

ရုပ်ပုံများ– ၁။ အသင်းတော် အစည်းအဝေးမှာ ညီအစ်ကို/မတွေ လက်သင်္ကေတပြ​စကားနဲ့ သီချင်းဆို​နေ​ကြ။ ၂။ မျက်မမြင်​ညီအစ်မ​တစ်ယောက် မျက်မမြင်​စာ​သုံးပြီး ကျမ်းစာဖတ်​နေ။

ကျမ်းစာ​စာပေတွေကို ဘာသာစကား ၁,၀၀၀ ကျော်​နဲ့ ရနေပါပြီ

ဘယ်– လက်သင်္ကေတပြ​ဘာသာစကား ၁၀၀ ကျော်

ညာ– မျက်မမြင်​ဘာသာစကား ၆၀ ကျော်

(စာပိုဒ် ၁၀ ကို ကြည့်ပါ)


၁၁ လူမျိုးတကာ​က လူတွေကို ကူညီပေးဖို့ ယေဟောဝါရဲ့ အဖွဲ့အစည်း ကြိုးစားတယ်။ ယေရှု ရှင်ပြန်ထမြောက်ပြီးနောက် ပင်တေကုတ္တေပွဲ​မှာ စုရုံး​လာကြ​သူ​အားလုံး “ကိုယ့်​ဘာသာစကားနဲ့” သတင်းကောင်း ကြားနိုင်ဖို့ တပည့်တွေ​အပေါ် စွမ်းအားတော် သွန်းလောင်း​ပေးခဲ့တာကို သတိရပါ။ (တမန်တော် ၂:၅-၇၊ ၃၃ ကို ဖတ်ပါ။) ဒီနေ့လည်း ယေရှုရဲ့ ဦးဆောင်မှုအောက်​မှာ အဖွဲ့အစည်းက ကျမ်းစာ​စာပေတွေကို ဘာသာစကား ၁,၀၀၀ ကျော်​နဲ့ ထုတ်ဝေ​နေတယ်။ အဲဒီထဲမှာ လူနည်းစုပဲ ပြောတဲ့ ဘာသာစကား​တချို့ ပါတယ်။ ဥပမာ၊ အယ်မရင်းဒီးယန်း​ဘာသာစကား​တချို့ကို မြောက်အမေရိက​တိုက်​နဲ့ တောင်​အမေရိက​တိုက်​က လူနည်းစုပဲ ပြောတာ။ ဒါပေမဲ့ လူများနိုင်သမျှ​များများ သတင်းကောင်း ကြား​သိနိုင်ဖို့ စာပေတွေကို အယ်မရင်းဒီးယန်း​စကား ၁၆၀ ကျော်​နဲ့ ထုတ်ဝေ​တယ်။ နောက်​ဥပမာ​တစ်ခုကတော့ ရိုမာနီ​ဘာသာစကား​ပါ။ ရိုမာနီ​စကားပြောသူ လူနည်းစု​လောက်​ပဲ ရှိပြီး အရှေ့​ဥရောပ​နဲ့ အနောက်​ဥရောပ​မှာ အနေများ​တယ်။ ခွဲခြားဆက်ဆံတာ၊ ဖိနှိပ်​တာ စဉ်ဆက်မပြတ် ခံကြရ​သူ​တွေ ဖြစ်တယ်။ ဒါပေမဲ့ ရိုမာနီ​စကား ၂၀ ကျော်​နဲ့​လည်း စာပေတွေ ထုတ်ဝေ​ပါတယ်။ ဒီလို​ထုတ်ဝေ​မှု​တွေ​ကြောင့် အဲဒီ​ဘာသာစကားပြောသူ ထောင်နဲ့ချီ အမှန်တရား လက်ခံ​လာကြတယ်။

ရုပ်ပုံများ– ၁။ ညီအစ်မ​တစ်ယောက် အယ်မရင်းဒီးယန်း​ဘာသာစကားနဲ့ ကျမ်းစာအုပ်ကို​ပိုက်​ပြီး ပြုံးပြုံးကြီး​ရပ်နေ။ ၂။ အစည်းအဝေးကြီး​တစ်ခုကို တက်ရောက်နေတဲ့ ရိုမာနီ​လူမျိုး ညီအစ်မနဲ့ သမီး​ငယ်။

ဘယ်– အယ်မရင်းဒီးယန်း​ဘာသာစကား ၁၆၀ ကျော်

ညာ– ရိုမာနီ​ဘာသာစကား ၂၀ ကျော်

(စာပိုဒ် ၁၁ ကို ကြည့်ပါ)


၁၂ သတင်းကောင်း ပျံ့နှံ့​ရေး​အပြင် သဘာဝဘေး ကယ်ဆယ်ရေးကို​လည်း အဖွဲ့အစည်း ကြိုးစား​ဆောင်ရွက်တယ်။ ကယ်ဆယ်ရေး​လုပ်ငန်းမှာ ညီအစ်ကို/မ​ထောင်ချီ စေတနာ့ဝန်ထမ်း​ကြတယ်။ ဘုရား​မေတ္တာ​အကြောင်း လူတွေ ပို​သင်ယူနိုင်ဖို့ တော်​သင့်​ကောင်းမွန်တဲ့ ဝတ်ပြုရာ​နေရာတွေကို​လည်း အဖွဲ့အစည်း ဆောက်လုပ်​ပေးနေတယ်။

သင့်ကို ပုရောဟိတ်မင်း ကူညီပေးနိုင်

၁၃ ကျွန်တော်တို့​ယောက်တိုင်း ယေဟောဝါနဲ့ ရင်းနှီးနေဖို့ သိုးထိန်းကောင်း ယေရှု ဂရုစိုက်ပေးတယ်။ (ယော. ၁၀:၁၄။ ဧ. ၄:၇) ငြိမ်းခါနီး မီးစာ​လို၊ နင်းခြေခံရတဲ့ ကျူပင်​လို ကျွန်တော်တို့ ခံစားရချိန်တွေ ရှိနိုင်တယ်။ ကျန်းမာရေး​မကောင်း​လို့၊ အမှား​လုပ်မိ​လို့၊ ညီအစ်ကို/မ​တစ်ယောက်နဲ့ မသင့်မြတ်​လို့ စိတ်ဓာတ်ကျ​နေနိုင်တယ်။ လက်ရှိ​အခက်အခဲတွေကို အာရုံမစိုက်ဘဲ အနာဂတ်​မျှော်လင့်ချက်ကို အာရုံစိုက်ဖို့ ခက်နေနိုင်တယ်။ သင် ကြုံနေရတာ​တွေ၊ ခံစားနေရတာ​တွေ​ကို ယေရှု နားလည်တယ်။ သင့်ကို စာနာ​ပြီး သိပ်​ကူညီပေးချင်တယ်။ သင် အားနည်းနေချိန်မှာ စွမ်းအားတော်က​တစ်ဆင့် အားဖြည့်​ပေးနိုင်တယ်။ (ယော. ၁၆:၇။ တိ. ၃:၆) အကြီးအကဲတွေ၊ ညီအစ်ကို/မတွေ​ကတစ်ဆင့် ထောက်မ​ပေးနိုင်တယ်။—ဧ. ၄:၈။

၁၄ အပြစ်တွေ၊ အားနည်းချက်တွေကြောင့် သင် စိတ်ဓာတ်ကျ​နေ​သလား။ ပုရောဟိတ်မင်း ယေရှုကို သတိရ​လိုက်ပါ။ ရွေးဖိုး​ပေးဖို့​သာမက မစုံလင်သူတွေ ကြုံရတဲ့ အခက်အခဲတွေကို ပိုနားလည်​ပေး​တတ်​ဖို့ ယေရှုကို မြေကြီးပေါ် ယေဟောဝါ စေလွှတ်ခဲ့​တာ။ ဒါကြောင့် “လိုအပ်ချိန်​မှာ” လိုလိုလားလား ကူညီပေးဖို့ ယေရှု အသင့်ရှိ​နေမယ်​ဆိုတာ စိတ်ချနိုင်တယ်။—ဟီ. ၄:၁၅၊ ၁၆။

၁၅ သိုးတော်စု​ကနေ လမ်းလွဲသွား​သူ​တွေ​လည်း အသင်းတော်​ထဲ ပြန်ရောက်လာ​ဖို့ အကူအညီ ရ​နေပါတယ်။ (မ. ၁၈:၁၂၊ ၁၃) စတက်ဖာ​နို​အကြောင်း စဉ်းစားကြည့်ပါ။b အသင်းတော်ကနေ ဖယ်ရှားခံ​ရတာ ၁၂ နှစ် ကြာပြီးနောက် အစည်းအဝေး လာတက်ဖို့ ဆုံးဖြတ်လိုက်တယ်။ “စိတ်ထဲမှာ လွန်ဆွဲ​နေတယ်။ အရင်လို​ပဲ ညီအစ်ကို/မတွေနဲ့ အတူတူ ယေဟောဝါကို ပြန်​ဝတ်ပြုချင်တယ်။ တစ်ဖက်​မှာ ‘ဘာလို့​များ ယေဟောဝါကို ကျောခိုင်း​မိ​သလဲ။ ငါ တော်တော်​အသုံးမကျ​တာ​ပဲ’ ဆိုတဲ့ အတွေး​နဲ့ ပြန်လှည့်မလာ​ချင်​တော့​တဲ့​အချိန်တွေ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ တွေ့ဆုံ​တဲ့ အကြီးအကဲတွေက ကျွန်တော့်ကို ယေဟောဝါနဲ့ ယေရှု ပြန်လှည့်လာ​စေ​ချင်ကြောင်း မေတ္တာနဲ့ သတိပေးကြတယ်။ ကျွန်တော့်ကို အသင်းတော်မှာ ပြန်လက်ခံ​တော့ ညီအစ်ကို/မ​အားလုံးက ကျွန်တော်တို့​မိသားစုကို လှိုက်လှိုက်လှဲလှဲ ကြို​ဆိုကြတယ်။ ကျွန်တော့်​ဇနီး​လည်း ကျမ်းစာ​လေ့လာပြီး ကျွန်တော်နဲ့​အတူတူ ယေဟောဝါကို ဝတ်ပြု​နေပြီ” လို့ စတက်ဖာ​နို ပြောတယ်။ နောင်တရ​သူ​တွေ အသင်းတော်​ထဲ ပြန်ရောက်လာ​ဖို့ ညီအစ်ကို/မ​အားလုံး ကြိုးစားနေတာကို ပုရောဟိတ်မင်း ယေရှု မြင်တဲ့အခါ ဘယ်လောက်တောင် ဝမ်းသာ​လိုက်မလဲ။

၁၆ ယေရှု မြေကြီးပေါ် ရှိစဉ် လူများစွာ​ကို လိုအပ်ချိန်​ကွက်တိ​မှာ ကူညီပေးခဲ့တယ်။ ကျွန်တော်တို့ အကူအညီ လိုအပ်ချိန်​တိုင်း​မှာ​လည်း ယေရှု ရှိနေမယ်​ဆိုတာ အပြည့်အဝ စိတ်ချနိုင်တယ်။ ကမ္ဘာသစ်​ရောက်တဲ့အခါ ကျွန်တော်တို့ကို အပြစ်နဲ့ မစုံလင်မှု​အောက်ကနေ လုံးလုံး​လွတ်မြောက်ဖို့ ကူညီပေး​ဦး​မယ်။ စာနာ​တတ်တဲ့ ပုရောဟိတ်မင်း​အဖြစ် ယေရှုကို ယေဟောဝါ ခန့်အပ်​ပေးထားတာ သိပ်​ကျေးဇူးတင်စရာပါပဲ။

NANGH BANGCI DAWNG DING?

  • လူသားဘဝ​အတွေ့အကြုံ​က ယေရှုကို ပုရောဟိတ်မင်း​အဖြစ် ဘယ်လို အရည်အချင်း ပြည့်မီ​စေ​သလဲ။

  • ဟေရှာယ ၄၂:၃ ကို ယေရှု ဘယ်လို ပြည့်စုံစေ​သလဲ။

  • ကျွန်တော်တို့ကို ပုရောဟိတ်မင်း ဘယ်လို ကူညီပေးနေသလဲ။

LA 13 စံနမူနာရှင် ခရစ်တော်

a ဂျူး​ပုရောဟိတ်မင်း​တာဝန်ကို ပုရောဟိတ်မင်း ယေရှု ဘယ်လို အစားထိုး​လိုက်သလဲ ထပ်သိချင်ရင် ၂၀၂၃၊ အောက်တိုဘာ ကင်းမျှော်စင် မှာ ပါတဲ့ “ယေဟောဝါရဲ့ ပုံဆောင် ဗိမာန်တော်မှာ ဝတ်ပြုခွင့်ကို တန်ဖိုးထားပါ” ဆောင်းပါး၊ စာ. ၂၆၊ ပိုဒ်. ၇-၉ ကို ကြည့်ပါ။

b အမည်လွှဲများ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ