Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w25 September laim. 14-19
  • တခြားသူတွေကို လေးစားပါ

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • တခြားသူတွေကို လေးစားပါ
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Thuluneute
  • A Thu Kibang
  • လေးစားမှု ရှိတယ်ဆိုတာ ဘာကို ဆိုလိုသလဲ
  • မိသားစုဝင်တွေကို လေးစားပါ
  • ယုံကြည်သူချင်းတွေ​ကို လေးစားပါ
  • အသင်းတော်​ပြင်ပက လူတွေကို လေးစားပါ
  • Thuneihna Bang Hang Zahtak Ding Hi A Hiam?
    Pasian’ Itna Sungah Na Kip Un
  • Unaute Tawh Kinaina In Hamphatna Om
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Pasalte Aw, Na Zite Uh Zahtak Bawl Un
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • I Theih Loh Thute Om Ahih Lam Kinuaikoihna Lungsim Tawh Sang In
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
w25 September laim. 14-19

Sin Ding Thu ၃၈

LA 12၀ ခရစ်တော်ရဲ့ နူးညံ့မှု​ကို တုပ​ကြ

တခြားသူတွေကို လေးစားပါ

“ရွှေ​ငွေတွေ ရတာထက် ရိုသေ​လေးစား​ခံရတာ ပိုကောင်းတယ်။”—ပညာ. ၂၂:၁။

အာရုံစိုက်​ရာ

တခြားသူတွေကို ဘာကြောင့် လေးစား​ရမလဲ။ လေးစားရ​ခက်ရင်တောင် လေးစားမှု ဘယ်လို ပြနိုင်သလဲ။

ကိုယ့်ကို တခြားသူတွေ လေးလေးစားစား ဆက်ဆံတာ သဘောကျသလား။ သဘောကျ​မှာ သေချာတယ်။ လေးစား​ခံ​ချင်​တာ လူ့​သဘာဝ​ပါပဲ။ လေးစား​ခံရတဲ့​အခါ လူတိုင်း ပျော်ကြတယ်။ ဒါကြောင့်​လည်း “ရွှေ​ငွေတွေ ရတာထက် ရိုသေ​လေးစား​ခံရတာ ပိုကောင်းတယ်” လို့ ကျမ်းစာ ဆို​ထားတာ။—ပညာအလိမ္မာ ၂၂:၁ ကို ဖတ်ပါ။

၂ တခြားသူတွေကို လေးစားဖို့ အမြဲတော့ မလွယ်ဘူး။ ဘာကြောင့်လဲ။ တခြားသူတွေရဲ့ အားနည်းချက်ကို ကျွန်တော်တို့ မြင်တတ်​လို့​ပဲ။ ဒါ့အပြင် ဒီနေ့ခေတ်မှာ လေးစားမှု မရှိသူတွေ များလာတယ်။ ဒါပေမဲ့ “လူအမျိုးမျိုးကို လေးစားကြ​ပါ” လို့ ကျွန်တော်တို့ကို ယေဟောဝါ​ဘုရား တောင်းဆိုထားတယ်။—၁ ပေ. ၂:၁၇။

၃ လေးစားမှု ရှိတယ်ဆိုတာ ဘာကို ဆိုလိုသလဲ။ (၁) မိသားစုဝင်တွေ၊ (၂) ယုံကြည်သူချင်းတွေ၊ (၃) အသင်းတော်​ပြင်ပက လူတွေကို လေးစားမှု ဘယ်လို ပြနိုင်သလဲ။ ဒီ​မေးခွန်းတွေကို ဒီဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။ လေးစားရ​ခက်ရင်တောင် လေးစားမှု ဘယ်လို ပြနိုင်သလဲ​ဆိုတာ​လည်း အာရုံစိုက်​သွားပါမယ်။

လေးစားမှု ရှိတယ်ဆိုတာ ဘာကို ဆိုလိုသလဲ

၄ လေးစားမှု​ဆိုတာကို ဘယ်လို အဓိပ္ပာယ်​ဖွင့်​မလဲ။ ဘာသာစကား​တချို့​မှာ “လေးစားမှု” နဲ့ “ဂုဏ်တင်မှု” ဆိုတဲ့ စကားလုံးတွေ​ဟာ ဆက်စပ်နေတယ်။ “လေးစားမှု” ဆိုတာ သဘောထားကို အဓိက ရည်ညွှန်းတယ်။ လူတစ်ယောက်ရဲ့ အရည်အသွေးကောင်း၊ ပြီးမြောက်​အောင်မြင်​မှု၊ အခွင့်အာဏာ​ကြောင့် အရေးတယူ ဆက်ဆံ​ထိုက်​သူ၊ မျက်နှာ​ထောက်​သင့်​သူ​လို့ သဘောထားတာ​ဟာ လေးစားမှု ဖြစ်တယ်။ “ဂုဏ်တင်မှု” ဆိုတာ​ကျတော့ ဆက်ဆံပုံ​ကို ရည်ညွှန်းတယ်။ လူတစ်ယောက်ကို တန်ဖိုးထား​တယ်၊ အသိအမှတ်​ပြု​တယ်၊ အလေးထားတယ်​လို့ ခံစားရစေ​မယ့်​နည်းနဲ့ ဆက်ဆံတာ​ဟာ ဂုဏ်တင်မှု ဖြစ်တယ်။ စိတ်ထဲကနေ လေးစား​မှ စိတ်ရင်းမှန်နဲ့ ဂုဏ်တင်နိုင်​မယ်။—မ. ၁၅:၈။

၅ ယေဟောဝါက ကျွန်တော်တို့ကို လေးစားမှု ရှိသူ​တွေ ဖြစ်စေချင်တယ်။ ဥပမာ၊ “အထက်အာဏာပိုင်တွေ” ကို ရိုသေ​လေးစားဖို့ တောင်းဆိုထား​တယ်။ (ရော. ၁၃:၁၊ ၇) ဒါပေမဲ့ တချို့က “လေးစားအောင် နေ​ရင် လေးစား​မှာ​ပေါ့” လို့ တွေးကြတယ်။ အဲဒီလို​တွေးတာ မှန်​သလား။ ယေဟောဝါရဲ့ ကျေးကျွန်တွေ​ကတော့ တခြားသူတွေရဲ့ လုပ်ရပ်ကို ကြည့်ပြီး လေးစားကြ​တာ မဟုတ်ဘူး။ လေးစားမှု ရှိဖို့ တောင်းဆိုထားတဲ့ ယေဟောဝါကို ချစ်လို့၊ စိတ်တော်​ရွှင်လန်းစေ​ချင်လို့​ပါ။—ယောရှု ၄:၁၄။ ၁ ပေ. ၃:၁၅။

၆ ‘ကိုယ့်ကို မလေးစား​သူကို လေးစားဖို့ တကယ် ဖြစ်နိုင်ပါ့မလား’ လို့ တချို့ တွေးမိနိုင်တယ်။ လေးစားဖို့ ဖြစ်နိုင်ပါတယ်။ ဥပမာ၊ သားတော် ယောနသန်​ကို လူရှေ့​သူရှေ့​မှာ ဘုရင်​ရှောလု အရှက်ခွဲ​တယ်။ (၁ ရှ. ၂၀:၃၀-၃၄) ဒါပေမဲ့ ခမည်းတော်​ရဲ့ ဘုရင်​အခွင့်အာဏာကို ယောနသန် ဆက်​လေးစားပြီး ခမည်းတော်နဲ့ သေအတူ​ရှင်မကွာ တိုက်ပွဲဝင်​တယ်။ (ထွ. ၂၀:၁၂။ ၂ ရှ. ၁:၂၃) ဝိုင်​မူးနေတယ်​လို့ ဟန္န​ကို ပုရောဟိတ်မင်း ဧလိ စွပ်စွဲတယ်။ (၁ ရှ. ၁:၁၂-၁၄) တကယ်တော့ ဖခင်​အနေနဲ့​ကော ပုရောဟိတ်မင်း​အနေနဲ့​ပါ သားတွေကို ဧလိ နိုင်နိုင်နင်းနင်း မဆုံးမ​တာ တိုင်းသိ​ပြည်သိ​ပဲ။ ဒါတောင် ဧလိကို ဟန္န လေးလေးစားစား ပြောဆိုတယ်။ (၁ ရှ. ၁:၁၅-၁၈။ ၂:၂၂-၂၄) တမန်တော် ပေါလု​ကို “စကားအိုး” လို့ အေသင်​မြို့သားတွေ ရှုတ်ချ​ခေါ်ဝေါ်​ကြတယ်။ (တ. ၁၇:၁၈) ဒါပေမဲ့ သူတို့ကို ပေါလု လေးလေးစားစား ပြောဆိုတယ်။ (တ. ၁၇:၂၂) ယေဟောဝါကို နှစ်နှစ်ကာကာ ချစ်ရင်၊ စိတ်​ရွှင်လန်းစေ​ချင်ရင် လွယ်သည်​ဖြစ်စေ၊ ခက်သည်​ဖြစ်စေ တခြားသူတွေကို လေး​စားနိုင်တယ်​ဆိုတဲ့ နမူနာ​တွေ​ပါပဲ။ ဘယ်သူတွေကို ဘာကြောင့် လေးစား​သင့်​ကြောင်း ဆက်​ဆွေးနွေး​ကြရအောင်။

ဓား၊ လှံ၊ ဒိုင်းလွှား​တွေ ကိုင်​ရင်း စစ်​မြေပြင်မှာ ယောနသန်၊ ရှောလု​နဲ့ အစ္စရေး​စစ်သည်​တွေ တိုက်ပွဲဝင်​နေ။

အရှက်ခွဲ​ခံရပေမဲ့ ခမည်းတော်​ရဲ့ ဘုရင်​အခွင့်အာဏာကို ယောနသန် ဆက်​လေးစားပြီး ခမည်းတော်နဲ့ သေ​အတူ​ရှင်မကွာ တိုက်ပွဲဝင် (စာပိုဒ် ၆ ကို ကြည့်ပါ)


မိသားစုဝင်တွေကို လေးစားပါ

၇ လေးစားဖို့ ဘာကြောင့် ခက်နိုင်သလဲ။ မိသားစုဝင်တွေ​ဟာ အရင်းနှီးဆုံး​သူ​တွေ ဖြစ်လို့ ကောင်းတာ​ကော ဆိုး​တာ​ပါ အချင်းချင်း သိကြတယ်။ တချို့က ပြုစုပေးရ​ခက်တဲ့ ကျန်းမာရေး​ပြဿနာ ရှိတာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ် အစိုးရိမ်လွန်​ဝေဒနာ ခံစားနေရတာ ဖြစ်နိုင်တယ်။ တချို့ကျတော့ စိတ်မဆိုးဆိုး​အောင် ပြောတတ်​လုပ်တတ်​ကြတယ်။ အချင်းချင်း မလေးစားတဲ့အခါ အိမ်ဟာ အေးချမ်း​တဲ့ နားခိုရာ မဖြစ်​တော့​ဘဲ အိမ်​ပူ​လာတယ်။ မိသားစုဝင်တွေ အစေး​မကပ်​ကြ​တော့​ဘူး။ အဆစ်ရောင်နာ​ရောဂါ​က ခန္ဓာကိုယ်​အစိတ်အပိုင်းတွေ အချိတ်​အဆက်​မိ​ဖို့ ခက်​စေ​သလိုပဲ လေးစားမှု မရှိတာက မိသားစု စည်းလုံးဖို့ ခက်​စေ​တယ်။ အဆစ်ရောင်နာ​ရောဂါ​ကို အရှင်း​ပျောက်​အောင် ကုသ​လို့​မရပေမဲ့ လေးစားမှု မရှိတဲ့ သဘောထားကို​တော့ ကုစား​လို့​ရပါတယ်။

၈ ဘာကြောင့် လေးစား​ရမလဲ။ (၁ တိမောသေ ၅:၄၊ ၈ ကို ဖတ်ပါ။) မိသားစုဝင် အချင်းချင်း ဘယ်လို ဂရုစိုက်​သင့်​ကြောင်း တိမောသေ​ဆီ ရေးတဲ့ ပထမ​စာမှာ ပေါလု ဆွေးနွေးထားတယ်။ တာဝန်​ရှိ​လို့ မဟုတ်ဘဲ “ဘုရားတရား​ကိုင်းရှိုင်း” လို့ ဂုဏ်တင်​တာ ဖြစ်သင့်​ကြောင်း ပြောတယ်။ မိသားစုဝင်တွေကို ဂုဏ်တင်​တာ​ဟာ ဘုရားတရား​ကိုင်းရှိုင်း​တဲ့ လုပ်ရပ် ဖြစ်ကြောင်း ဒီကနေ သိရတယ်။ ဒါ့အပြင် ယေဟောဝါဟာ မိသားစု​အစီအစဉ် အစပြုရှင် ဖြစ်လို့ မိသားစုဝင်တွေကို လေးစားတာ​ဟာ ယေဟောဝါကို ဂုဏ်တင်ရာ​ရောက်တယ်။ (ဧ. ၃:၁၄၊ ၁၅) မိသားစုဝင်တွေကို လေးစား​သင့်​တဲ့ အကြောင်းကောင်းပါပဲ။

၉ လေးစားကြောင်း ဘယ်လို ပြ​ရမလဲ။ ဂုဏ်တင်​တတ်တဲ့ ခင်ပွန်း​ဟာ ဇနီးကို လူရှေ့မှာ​ကော လူကွယ်ရာမှာ​ပါ တန်ဖိုးထားတယ်။ (ပညာ. ၃၁:၂၈။ ၁ ပေ. ၃:၇) ဇနီးကို ဘယ်တော့မှ မ​ရိုက်​ဘူး။ အရှက်မခွဲဘူး။ မနှိမ်​ဘူး။ အာဂျင်​တီးနား​နိုင်ငံမှာ နေတဲ့ ညီအစ်ကို အေရီယယ်a ဒီလိုပြောတယ်– “ကျွန်တော့်​မိန်းမ​က ကျန်းမာရေး မကောင်းတော့ တစ်ခါတလေ ကျွန်တော် စိတ်ထိခိုက်အောင် ပြောတတ်တယ်။ သူ့​စိတ်ထဲ ရှိလို့ ပြောတာ မဟုတ်ဘူး​ဆိုပြီး ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတိ​ပေးရတယ်။ ပြီးတော့ ၁ ကောရိန္သု ၁၃:၅ ကို ပြန်​စဉ်းစားတယ်။ အဲဒီအခါ သူ့ကို နစ်နစ်နာနာ မဟုတ်ဘဲ လေးလေးစားစား ပြောဆိုနိုင်​သွားတယ်။” (ပညာ. ၁၉:၁၁) ဂုဏ်တင်​တတ်တဲ့ ဇနီးဟာ တခြားသူတွေ​ရှေ့မှာ ခင်ပွန်း​ကောင်းကြောင်း​ပဲ ပြောတယ်။ (ဧ. ၅:၃၃) ရွဲ့တဲ့တဲ့၊ ချိုးချိုးနှိမ်နှိမ် မပြောဘူး။ ခင်ပွန်း​ကို ဟာသ​မလုပ်ဘူး။ အဲဒီလို​အပြောအဆို၊ လုပ်ရပ်က အိမ်ထောင်ကို ပြိုပျက်​စေနိုင်​မှန်း သိတယ်။ (ပညာ. ၁၄:၁) အီတလီ​နိုင်ငံက ညီအစ်မ​တစ်ယောက်ရဲ့ ခင်ပွန်း​မှာ အစိုးရိမ်လွန်​ဝေဒနာ ရှိတယ်။ “ကျွန်မ​ယောက်ျားက တစ်ခါတလေ တစ်​ဆိတ်​ကို​တစ်အိတ် သိပ်​လုပ်​သလိုပဲ။ အရင်ကဆိုရင် သူ့ကို မလေးစား​ဘူး​ဆိုတာ ကျွန်မရဲ့ အပြောအဆို​မှာ​ကော မျက်နှာ​မှာ​ပါ ပေါ်​တယ်။ ဒါပေမဲ့ တခြားသူတွေ​အကြောင်း လေးလေးစားစား ပြောဆိုတတ်သူ​တွေ​နဲ့ အပေါင်း​များလာတာနဲ့အမျှ ကျွန်မ​လည်း သူ့ကို လေးစား​တတ်လာတယ်” လို့ ညီအစ်မ ပြောတယ်။

ရုပ်ပုံ– အပြန်အလှန် လေးစားမှု ရှိတဲ့ မောင်နှံစုံ။ ၁။ မီးဖိုချောင်​မှာ အတူတူ ချက်ပြုတ်​ရင်း ဇနီးကို ခင်ပွန်း တီတီ​တာ​တာ စကားပြော​နေ။ ၂။ သက်ကြီး​ညီအစ်ကို​အတွက် ခင်ပွန်း စားစရာ သွား​ပေးနေ။ ဧည့်သည်​တွေ​ရှေ့မှာ ခင်ပွန်း​ကို ဇနီး ချီးမွမ်း​နေ။

မိသားစုဝင်တွေကို လေးစားတာ​ဟာ မိသားစု​အစီအစဉ် အစပြုရှင် ယေဟောဝါကို ဂုဏ်တင်ရာ​ရောက် (စာပိုဒ် ၉ ကို ကြည့်ပါ)


၁၀ သားသမီးတို့၊ မိဘ ထုတ်​ထားတဲ့ စည်းကမ်း​တွေ လိုက်နာ​ပါ။ (ဧ. ၆:၁-၃) မိဘကို ရိုရိုသေသေ ပြောဆိုပါ။ (ထွ. ၂၁:၁၇) သူတို့ အသက်​ကြီးလာတာနဲ့​အမျှ ပို​ဂရုစိုက်ပေးဖို့ လို​လာနိုင်တယ်။ အတတ်နိုင်ဆုံး ပြုစုပေး​ပါ။ ညီအစ်မ မာရီယာ​အကြောင်း စဉ်းစားကြည့်ပါ။ မယုံကြည်သူ​အဖေ နေထိုင်​မကောင်း​ဖြစ်တော့ မာရီယာ ပြုစု​ပေးရတယ်။ ဒါပေမဲ့ အဖေက ပြုစုပေးရ​သိပ်ခက်တယ်။ “အဖေ့ကို လေးစားဖို့​သာမက လေးစားကြောင်း ပြနိုင်ဖို့ ကျွန်မ ဆုတောင်းတယ်။ မိဘကို ဂုဏ်တင်ဖို့ ယေဟောဝါ တောင်းဆို​ထား​မှ​တော့ ဂုဏ်တင်နိုင်​ဖို့လည်း ကူညီပေးမှာ​ပဲ။ အဖေ့​ဘက်​က မပြောင်းလဲ​လည်း ကိုယ့်ဘက်က လေးစား​ရမယ်​ဆိုတာ တဖြည်းဖြည်း သဘောပေါက်လာတယ်” လို့ မာရီယာ ပြောတယ်။ မိသားစုဝင်တွေ​မှာ အားနည်းချက်​လေး​တွေ ရှိရင်တောင် သူတို့ကို လေးစားတာ​ဟာ မိသားစု​အစီအစဉ် အစပြုရှင် ယေဟောဝါကို လေးစားတာ​ပဲ။

ယုံကြည်သူချင်းတွေ​ကို လေးစားပါ

၁၁ လေးစားဖို့ ဘာကြောင့် ခက်နိုင်သလဲ။ ညီအစ်ကို/မ​တွေဟာ ကျမ်းစာ​စံနှုန်းတွေ​အတိုင်း အတတ်နိုင်ဆုံး နေထိုင်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို တစ်ခါတလေ မစာမနာ ဆက်ဆံ​မိ​နိုင်တယ်။ တလွဲ​ဝေဖန်​မိ​နိုင်တယ်။ စိတ်​အနှောင့်​အယှက်​ဖြစ်အောင် လုပ်မိ​နိုင်တယ်။ ယုံကြည်သူချင်း​တစ်ယောက်ကို “မကျေနပ်စရာ” ရှိနေရင် လေးစားဖို့ ခက်နိုင်တယ်။ (ကော. ၃:၁၃) လေးစားဖို့ ဘာက ကူညီပေးနိုင်သလဲ။

၁၂ ဘာကြောင့် လေးစား​ရမလဲ။ (၂ ပေတရု ၂:၁၀၊ ၁၁ ကို ဖတ်ပါ။) ပထမရာစုမှာ “ဂုဏ်အသရေ​ရှိသူ​တွေ၊” တစ်နည်းအားဖြင့် အသင်းတော်​အကြီးအကဲတွေ​အကြောင်း ခရစ်ယာန်​တချို့ ရင့်ရင့်သီးသီး ပြောဆိုကြတယ်​လို့ ပေတရု ပြောတယ်။ အဲဒီလို​လူတွေကို မြင်တဲ့​အခါ သစ္စာရှိ ကောင်းကင်တမန်တွေ ဘယ်လို တုံ့ပြန်​ကြ​သလဲ။ “ယေဟောဝါကို လေးစား​တဲ့​အတွက်” သူတို့ကို ရင့်ရင့်သီးသီး တစ်ခွန်း​မှ မပြောကြဘူး။ စဉ်းစားကြည့်ပါ– ကောင်းကင်တမန်တွေဟာ လူတွေ​ထက် တန်ခိုး​ခွန်အား အဆ​မတန် ပိုကြီးမား​ကြတယ်။ ဒါတောင် မထီလေးစား​လုပ်​သူတွေကို ရင့်ရင့်သီးသီး မပြောကြဘူး။ သူတို့ကို ပြစ်ဒဏ်​စီရင်​ဖို့ ယေဟောဝါ​လက်ထဲ အပ်ထားကြတယ်။ (ရော. ၁၄:၁၀-၁၂။ ယုဒ ၉ နဲ့ နှိုင်းယှဉ်ပါ။) အတုယူ​စရာ​ပါပဲ။ ဆန့်ကျင်သူတွေကို ကောင်းကင်တမန်တွေ မလေးမစား​မလုပ်ဘူး​ဆိုရင် ယုံကြည်သူချင်းတွေ​ကို ကျွန်တော်တို့ ပိုလို့တောင် မလေးမစား​မလုပ်သင့်ဘူး။ “ကိုယ်တိုင် အစပြုပြီး” ဂုဏ်တင်​သင့်တယ်။ (ရော. ၁၂:၁၀) ဒါ ယေဟောဝါကို လေးစားကြောင်း ပြတာပဲ။

၁၃ လေးစားကြောင်း ဘယ်လို ပြ​ရမလဲ။ အကြီးအကဲ​တို့၊ မေတ္တာ​အရင်းခံပြီး သွန်သင်ပေး​တတ်​ဖို့ ကြိုးစားပါ။ (ဖိ​လေ. ၈၊ ၉) တစ်ယောက်ယောက်ကို အကြံ​ပေး​ဆုံးမဖို့ လိုလာတဲ့အခါ မေတ္တာနဲ့ ဆုံးမ​ပါ။ စိတ်​အဆင်မပြေ ဖြစ်နေတဲ့​အချိန် မဆုံးမ​ပါ​နဲ့။ ညီအစ်မ​တို့၊ အတင်းအဖျင်း၊ သွားပုပ်လေလွင့် မပြောခြင်း​အားဖြင့် အသင်းတော်ကို လေးစားမှု ရှိတဲ့ ဝန်းကျင် ဖြစ်အောင် ဖန်တီး​ပြီး ကာကွယ်ပေးပါ။ (တိ. ၂:၃-၅) ကျွန်တော်တို့​အားလုံး​ကော အကြီးအကဲတွေကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။ သူတို့နဲ့ ပူးပေါင်း​လုပ်ဆောင်နိုင်တယ်။ အစည်းအဝေးတွေ ကျင်းပဖို့၊ ဟောပြောခြင်း​လုပ်ငန်းကို ဦးဆောင်​ပေးဖို့၊ ‘ခြေလှမ်းမှား​သူ​တွေ’ ကို ကူညီပေးဖို့ သူတို့ရဲ့ ကြိုးစား​အားထုတ်မှု​တွေ​အတွက် ကျေးဇူးတင်ကြောင်း ပြော​နိုင်တယ်။—ဂလ. ၆:၁။ ၁ တိ. ၅:၁၇။

၁၄ ညီအစ်မ ရိုစီယို​အကြောင်း စဉ်းစားကြည့်ပါ။ မိမိကို အကြံ​ပေးလာတဲ့ အကြီးအကဲကို လေးစားဖို့ ခက်​ခဲ့တယ်။ “ကျွန်မကို အဲဒီအကြီးအကဲ ပြောတာ​တွေ လွန်​တယ်လို့ ခံစားရတယ်။ ကျွန်မ​ခံစားချက်ကို ထုတ်​တော့ မပြ​ပါ​ဘူး။ ဒါပေမဲ့ သူ့​အကြောင်း အိမ်မှာ မကျေမနပ် ပြောတယ်။ စေတနာ​နဲ့ အကြံ​ပေးတာ ဟုတ်ရဲ့လား​လို့ သံသယဝင်​ပြီး သူ့​အကြံပေးချက်ကို လျစ်လျူရှု​လိုက်တယ်” လို့ ရိုစီယို ပြောတယ်။ ဒါပေမဲ့ “ကျမ်းစာဖတ်​ရင်း ၁ သက်သာလောနိတ် ၅:၁၂၊ ၁၃ ကို ရောက်လာတယ်။ ‘အကြီးအကဲ​တစ်ယောက်ကို ငါ လေးစားမှု ပြ​မနေပါ​လား’ ဆိုပြီး သိစိတ် အနှောင့်​အယှက်​ဖြစ်လာတယ်။ ဒါနဲ့ ယေဟောဝါဆီ ဆုတောင်းတယ်။ သဘောထား ပြောင်းလဲ​နိုင်ဖို့ အကူအညီ ဖြစ်စေမယ့် အကြောင်းအရာတွေ အဖွဲ့အစည်း​စာပေတွေမှာ ရှာဖွေ​လေ့လာတယ်။ ပြဿနာက အဲဒီအကြီးအကဲ မဟုတ်ဘဲ ကျွန်မရဲ့​မာန ဖြစ်နေမှန်း သိလိုက်ရတယ်။ လေးစားမှု ရှိ​မရှိ​ဆိုတာ ကိုယ့်ရဲ့ နှိမ့်ချမှုနဲ့ ဆက်စပ်နေမှန်း သဘောပေါက်လာတယ်။ တခြားသူတွေကို လေးစား​တတ်​ဖို့ အခုထိ​လည်း ကြိုးစား​နေ​ရတုန်း​ပါပဲ။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကြိုးစား​နေ​လို့ ယေဟောဝါ ဝမ်းသာ​မယ်​ဆိုတာ ကျွန်မ စိတ်ချတယ်” လို့ ဆက်ပြောတယ်။

ရုပ်ပုံ– သက်ကြီး​ညီအစ်မ ကျမ်းစာဖတ်​ရင်း အကြီးအကဲတွေရဲ့ ကြိုးစား​အားထုတ်မှု​တွေ​အကြောင်း စဉ်းစား​နေ။ ၁။ အသင်းတော်​အစည်းအဝေးမှာ အကြီးအကဲ​တစ်ယောက် ဟောပြောချက်​ပေးနေ။ ၂။ ဘီးတပ်​ကုလားထိုင် သုံးရတဲ့ ညီအစ်ကို​တစ်ယောက်ကို ကူညီပေးနေ။ ၃။ အစည်းအဝေး​ခန်းမ အပြင်ဘက်မှာ နှင်း​တွေ ဂေါ်​နဲ့ ကော်​နေ။

အကြီးအကဲတွေနဲ့ ပူးပေါင်း​လုပ်ဆောင်ခြင်း၊ သူတို့ရဲ့ ကြိုးစား​အားထုတ်မှု​တွေ​အတွက် ကျေးဇူးတင်ကြောင်း ပြော​ခြင်း​အားဖြင့် လေးစားမှု ပြနိုင် (စာပိုဒ် ၁၃-၁၄ ကို ကြည့်ပါ)


အသင်းတော်​ပြင်ပက လူတွေကို လေးစားပါ

၁၅ လေးစားဖို့ ဘာကြောင့် ခက်နိုင်သလဲ။ ကျမ်းစာ​အမှန်တရား စိတ်မဝင်စား​သူတွေကို အမှုဆောင်မှာ တွေ့ရ​တတ်တယ်။ (ဧ. ၄:၁၈) တချို့က ငယ်ငယ်​က သွန်သင်ခံ​ထား​ရသလောက်​နဲ့​ပဲ ကျေနပ်​နေကြတာ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ အလုပ်ရှင်တွေ၊ ကျောင်း​ဆရာ/မတွေဟာ ဘာကိုမှ စိတ်​အလိုမကျ​သူ​တွေ ဖြစ်နိုင်တယ်။ အလုပ်ဖော်​တွေ၊ အတန်းဖော်တွေ​ဟာ ပေါင်းသင်း​ရ​ခက်​သူ​တွေ ဖြစ်နိုင်တယ်။ ကြာ​လာတော့ သူတို့ကို လေးစားဖို့ ခက်နိုင်တယ်။

၁၆ ဘာကြောင့် လေးစား​ရမလဲ။ မယုံကြည်သူတွေကို ကျွန်တော်တို့ ဘယ်လို ဆက်ဆံသလဲ​ဆိုတာ ယေဟောဝါ အာရုံစိုက်တယ်။ ခရစ်ယာန်တွေရဲ့ အမူ​အကျင့်ကောင်းကို မြင်ပြီး လူတချို့ “ဘုရားကို ဂုဏ်တင်​ချီးမွမ်း” လာနိုင်တယ်​လို့ တမန်တော် ပေတရု ပြောတယ်။ ကိုယ့်​ယုံကြည်ချက်​အကြောင်း မေးမြန်းသူတိုင်းကို “နူးညံ့​တဲ့​သဘော၊ အလွန်​လေးစားတဲ့​သဘော​နဲ့” ဖြေရှင်း​ပြောပြဖို့ တိုက်တွန်းတယ်။ (၁ ပေတရု ၂:၁၂။ ၃:၁၅ ကို ဖတ်ပါ။) ဒါကြောင့် ခရစ်ယာန်တွေဟာ ကိုယ့်​ယုံကြည်ချက်​အကြောင်း တစ်ယောက်ယောက်ကို ရှင်းပြတဲ့​အချိန်​ဖြစ်ဖြစ်၊ တရားရုံးမှာ ခုခံ​ပြောဆိုတဲ့​အချိန်​ဖြစ်ဖြစ် ဘုရားရှေ့​တော်​မှာ ရှိနေ​သလို သဘောထားပြီး တခြားသူတွေကို လေးစားမှု ပြရမယ်။ ပြောတဲ့​စကားကို​သာ​မ​က ပြောဆို​ပုံ​ကို​ပါ ယေဟောဝါ အာရုံစိုက်ပြီး ကြည့်နေ​လို့၊ နားထောင်​နေ​လို့ ဖြစ်တယ်။ အသင်းတော်​ပြင်ပက လူတွေကို လေးစား​သင့်​တဲ့ အကြောင်းကောင်းပါပဲ။

၁၇ လေးစားကြောင်း ဘယ်လို ပြ​ရမလဲ။ အမှုဆောင်မှာ ကျမ်းစာ​အသိပညာ သိပ်​မရှိ​သူ၊ လုံးဝ​မရှိသူတွေကို အထင်သေး​သလို မပြောမိ​မလုပ်မိဖို့ အမြဲ​သတိထားပါ။ ယေဟောဝါ​အတွက် သူတို့ တန်ဖိုး​ရှိတယ်၊ ကိုယ့်​ထက် သာတယ်​လို့ သဘောထားပါ။ (ဟဂ္ဂဲ ၂:၇။ ဖိ. ၂:၃) ကိုယ့်​ယုံကြည်ချက်ကို တစ်ယောက်ယောက် ပုတ်ခတ်​လာတဲ့​အခါ သာသာနဲ့ နာနာ​နှက်လိုက်တာမျိုး၊ ရယ်စရာ ပြောသလို​နဲ့ နှိပ်ကွပ်​လိုက်တာမျိုး မလုပ်ပါနဲ့။ (၁ ပေ. ၂:၂၃) စကား​မှားသွား​ရင် ချက်ချင်း တောင်းပန်​ပါ။ အလုပ်ခွင်မှာ​ကော လေးစားမှု ဘယ်လို ပြနိုင်သလဲ။ အလုပ်​ကြိုးစားပါ။ အလုပ်ရှင်​နဲ့ အလုပ်ဖော်​တွေ​အပေါ် အကောင်းမြင်စိတ် ထားပါ။ (တိ. ၂:၉၊ ၁၀) သင် ရိုးသား​ကြိုးစားတာကို လူတွေ အမြဲ အသိအမှတ်ပြု​ချင်​မှ ပြု​မယ်။ ဒါပေမဲ့ ယေဟောဝါ အသိအမှတ်ပြု​မယ်​ဆိုတာတော့ လုံးဝ​သေချာတယ်။—ကော. ၃:၂၂၊ ၂၃။

၁၈ တခြားသူတွေကို လေးစားဖို့၊ လေးစားကြောင်း ပြဖို့ အကြောင်းကောင်းတွေ ရှိပါတယ်။ မိသားစုဝင်တွေကို လေးစားတာ​ဟာ မိသားစု​အစီအစဉ် အစပြုရှင် ယေဟောဝါကို ဂုဏ်တင်ရာ​ရောက်တယ်။ ယုံကြည်သူချင်းတွေ​ကို လေးစားတာ​ကလည်း ကောင်းကင်ဘုံစံ​အဖ​ကို ဂုဏ်တင်ရာ​ရောက်တယ်။ အသင်းတော်​ပြင်ပက လူတွေကို လေးစားတဲ့​အခါ တစ်နေ့နေ့​တစ်ချိန်ချိန်မှာ ကျွန်တော်တို့ရဲ့​ဘုရား ယေဟောဝါကို သူတို့ ဂုဏ်တင်​ချီးမွမ်း​လာနိုင်တယ်။ ကျွန်တော်တို့ လေးစားပေမဲ့ လူတချို့ ပြန်​မလေးစား​ရင်​လည်း အရှုံး မရှိပါဘူး။ ကျွန်တော်တို့ကို ယေဟောဝါ ကောင်းချီးပေးမှာ ဖြစ်လို့ပဲ။ ယေဟောဝါက “ငါ့ကို ချီးမြှောက်​သူတွေကို ငါ​ချီးမြှောက်​မယ်” လို့ ကတိ​ပေးထားတယ်။—၁ ရှ. ၂:၃၀။

NANGH BANGCI DAWNG DING?

  • မိသားစုဝင်တွေကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။

  • ယုံကြည်သူချင်းတွေ​ကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။

  • အသင်းတော်​ပြင်ပက လူတွေကို လေးစားကြောင်း ဘယ်လို ပြနိုင်သလဲ။

LA 12၉ ခံ​ရပ်နေမယ်

a အမည်လွှဲများ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ