Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w25 September laim. 2-7
  • “အကြီးအကဲတွေကို ခေါ်ပါ”

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • “အကြီးအကဲတွေကို ခေါ်ပါ”
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
  • Thuluneute
  • A Thu Kibang
  • အကြီးအကဲတွေကို ဘယ်အချိန်မှာ အကူအညီ​တောင်းသင့်​သလဲ
  • အကြီးအကဲတွေကို ဘာကြောင့် အကူအညီ​တောင်းသင့်​သလဲ
  • ကျွန်တော်တို့ကို အကြီးအကဲတွေ ဘယ်လို ကူညီပေးကြသလဲ
  • ကိုယ်တိုင်ရဲ့ တာဝန်
  • Pawlpi Upate Aw, Mawhna A Bawlte Tungah Hehpihna Lak Un
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Pawlpi Paizia Vaihawm Dan
    Nuntak Nuam Nei Den In!—Lai Siangtho Sinkhopna
  • Unaupate Aw—Pawlpi Upa Suak Dingin Na Hanciam Uh Hiam?
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
  • Pawlpi Upate Aw, Pawlpi Pan Lakkhiat A Thuakte Huh Un
    Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2024
A Dang En
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2025
w25 September laim. 2-7

Sin Ding Thu ၃၆

LA 10၃ လူ့​အသွင်​ဆု သိုးထိန်းများ

“အကြီးအကဲတွေကို ခေါ်ပါ”

“အသင်းတော် အကြီးအကဲတွေကို ခေါ်ပါ​စေ။”—ယာ. ၅:၁၄။

အာရုံစိုက်​ရာ

ယေဟောဝါနဲ့ ဆက်ဆံရေး အားနည်းလာတဲ့အခါ အကြီးအကဲတွေကို အကူအညီ​တောင်းဖို့ ဘာကြောင့် အရေးကြီးသလဲ။

သိုးတော်စုကို ယေဟောဝါ​ဘုရား သိပ်​တန်ဖိုးထား​တယ်။ သူတို့ကို ယေရှုရဲ့ သွေးနဲ့ ဝယ်ထား​တယ်။ ယေရှုကို အသင်းတော်​ဦးခေါင်း​အဖြစ်၊ အကြီးအကဲတွေကို သိုးထိန်းတွေ​အဖြစ် ခန့်အပ်ထား​တယ်။ (တ. ၂၀:၂၈) သိုးတော်စုကို အကြီးအကဲတွေ မေတ္တာနဲ့ ထိန်းကျောင်း​ပေးဖို့ ယေဟောဝါ​ကော ယေရှုပါ မျှော်လင့်တယ်။ ဒါကြောင့် သိုးတွေကို အားရှိ​လန်းဆန်း​စေဖို့၊ ယေဟောဝါနဲ့ ဆက်ဆံရေး ပျက်စီး​မယ့် အန္တရာယ်​ကနေ ကာကွယ်ပေး​ဖို့ အကြီးအကဲတွေ ကြိုးစားကြ​တယ်။—ဟေရှာ. ၃၂:၁၊ ၂။

၂ သိုး​အားလုံးကို ယေဟောဝါ ဂရုစိုက်​တယ်။ ဒါပေမဲ့ အားနည်းတဲ့​သိုးတွေကို အထူးတလည် ဂရုစိုက်​တယ်။ အကြီးအကဲတွေက​တစ်ဆင့် ကူညီပေးတယ်။ (ယေဇကျေလ ၃၄:၁၅၊ ၁၆ ကို ဖတ်ပါ။) ဒါပေမဲ့ ကျွန်တော်တို့ဘက်က အကူအညီ​တောင်းဖို့တော့ ယေဟောဝါ မျှော်လင့်တယ်။ ဒါကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေး အားနည်းလာတဲ့​အခါ ကျွန်တော်တို့ ဆုတောင်းတဲ့​အပြင် အသင်းတော်မှာ ရှိတဲ့ “သိုးထိန်း​တွေ” ကိုလည်း အကူအညီ​တောင်း​ကြ​တယ်။—ဧ. ၄:၁၁၊ ၁၂။

၃ ယေဟောဝါနဲ့ ဆက်ဆံရေး အားနည်းလာသူတွေ​ကို အကြီးအကဲတွေက​တစ်ဆင့် ကူညီပေးတဲ့ အစီအစဉ်​အကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးသွား​ပါမယ်။ အကြီးအကဲတွေကို ဘယ်​အချိန်မှာ အကူအညီ​တောင်းသင့်​သလဲ၊ ဘာကြောင့် အကူအညီ​တောင်းသင့်​သလဲ၊ ကျွန်တော်တို့ကို အကြီးအကဲတွေ ဘယ်လို ကူညီပေးကြသလဲ​ဆိုတဲ့ မေးခွန်းတွေရဲ့ အဖြေ သိ​လာရမယ်။ လောလောဆယ် အကူအညီ လိုအပ်တဲ့ အခြေအနေ မဟုတ်ရင်တောင် ဒီမေးခွန်းတွေရဲ့ အဖြေ သိထားတာ ဘာ​အကျိုး​ရှိသလဲ။ ယေဟောဝါ ပြင်ဆင်ပေးထားတဲ့ အစီအစဉ်ကို ပို​လေးမြတ်​လာမယ်။ အကူအညီ လိုအပ်လာတဲ့​တစ်နေ့ ဘာ​လုပ်ရမယ်​ဆိုတာ သိနေမယ်။

အကြီးအကဲတွေကို ဘယ်အချိန်မှာ အကူအညီ​တောင်းသင့်​သလဲ

၄ “ဖျား​နာနေတဲ့​သူ ရှိသလား။ ရှိရင် အသင်းတော် အကြီးအကဲတွေကို ခေါ်ပါ​စေ” လို့ ကျမ်း​ရေးသူ ယာကုပ် ပြောတယ်။ (ယာကုပ် ၅:၁၄-၁၆၊ ၁၉၊ ၂၀ ကို ဖတ်ပါ။) ကျန်းမာရေး မကောင်း​လို့ ဖျားနာသူ​အကြောင်း ပြောနေတာ မဟုတ်ဘူး။ ဘယ်လို သိရသလဲ။ ဆရာဝန်ကို မဟုတ်ဘဲ အကြီးအကဲတွေကို ခေါ်ဖို့ ပြောထားတယ်။ ဒါ့အပြင် အပြစ်​ခွင့်လွှတ်ခံရတဲ့​အခါ ပြန်ကျန်းမာလာ​မယ်​လို့ ပြောတယ်။ ဒါကြောင့် ယေဟောဝါနဲ့ ဆက်ဆံရေး အားနည်း​လာလို့ ဘုရားရေးရာမှာ ဖျားနာသူ​အကြောင်း ပြော​နေမှန်း သိရတယ်။ ကျွန်တော်တို့ ဖျားနာတဲ့​အခါ ဆရာဝန် သွား​ပြပြီး ကိုယ့်​အခြေအနေ ပြောပြ​ရတယ်။ ဆရာဝန်​ညွှန်ကြားချက်​တွေ လိုက်နာ​ရတယ်။ အဲဒီလိုပဲ ဘုရားရေးရာမှာ ဖျားနာတဲ့​အခါ အကြီးအကဲ​တစ်ယောက်ယောက်ကို ကိုယ့်​အခြေအနေ ပြောပြရမယ်။ ကျမ်းစာကို အခြေခံပြီး အကြီးအကဲ ပေးလာတဲ့ အကြံဉာဏ်တွေ လိုက်နာရမယ်။

ရုပ်ပုံ– ၁။ ပခုံး​မှာ တစ်ခုခု ဖြစ်နေတဲ့​အကြောင်း ဆရာဝန်ကို လူတစ်ယောက် ပြောပြနေ။ ၂။ အကြီးအကဲ​တစ်ယောက်နဲ့အတူ ခုံတန်း​ရှည်​မှာ ထိုင်ရင်း မိမိ​အခြေအနေကို ညီအစ်ကို​တစ်ယောက် ပြောပြနေ။

ကျွန်တော်တို့ ဖျားနာတဲ့အခါ ဆရာဝန် သွား​ပြပြီး ကိုယ့်​အခြေအနေ ပြောပြ​သလို ဘုရားရေးရာမှာ ဖျားနာ​လာတဲ့အခါ အကြီးအကဲ​တစ်ယောက်ယောက်ကို ကိုယ့်​အခြေအနေ ပြောပြရမယ် (စာပိုဒ် ၄ ကို ကြည့်ပါ)


၅ အကူအညီ လိုအပ်တယ်လို့ ခံစားရတဲ့ ဘယ်အချိန်​မဆို အကြီးအကဲတွေကို ပြောပြဖို့ ယာကုပ် အခန်းကြီး ၅ မှာ အားပေးထားတယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး အကြီးအကျယ် ပျက်စီး​မသွားခင် အကူအညီ​တောင်းဖို့​တော့ သိပ်အရေးကြီးတယ်။ သတိမထားဘူး​ဆိုရင် ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်​နေပါလျက်​နဲ့ ကောင်း​နေပါတယ်​ဆိုပြီး ကိုယ့်ကိုယ်ကိုယ် လှည့်စား​မိ​နိုင်တယ်။ (ယာ. ၁:၂၂) ပထမရာစု သာဒိ​အသင်းတော်က ခရစ်ယာန်​တချို့ ကိုယ့်ကိုယ်ကိုယ် အဲဒီလို​လှည့်စား​နေ​ကြ​လို့ သူတို့ရဲ့ အခြေအနေမှန်​က ဘာလဲ​ဆိုတာ ယေရှု ပြောပြခဲ့တယ်။ (ဗျာ. ၃:၁၊ ၂) ကျွန်တော်တို့​ကော ကိုယ့်​အခြေအနေမှန်​ကို ဘယ်လို သိနိုင်သလဲ။ ဝတ်ပြုရေး​အတွက် အရင်ကလို ထက်သန်​သေး​ရဲ့​လား​လို့ ဆန်းစစ်ခြင်း​အားဖြင့် သိနိုင်တယ်။ (ဗျာ. ၂:၄၊ ၅) ‘ကျမ်းစာ​ဖတ်တာ၊ တွေးတော​ဆင်ခြင်​တာ အရင်ကလောက် ငါ ခုံမင်​သေး​ရဲ့​လား။ အစည်းအဝေး တက်တာ၊ အစည်းအဝေး​အတွက် ပြင်ဆင်​တာကို အရင်ကလောက် အလေးထား​သေး​ရဲ့​လား။ အမှုဆောင်မှာ အရင်ကလောက် ထက်သန်​သေး​ရဲ့​လား။ အပျော်အပါး​နဲ့​ပဲ အချိန်ကုန်​နေ​သလား။ ငွေရှာဖို့​ပဲ အာရုံရောက်​နေ​သလား’ လို့ ဆန်းစစ်​ကြည့်​နိုင်တယ်။ တစ်ချက်​ချက်​နဲ့ ငြိနေ​တယ်​ဆိုရင် ယေဟောဝါနဲ့ ဆက်ဆံရေး အားနည်းနေပြီ​ဆိုတဲ့ အဓိပ္ပာယ်​ပဲ။ ဒီအတိုင်း ထား​ရင် အခြေအနေ ပိုဆိုးလာနိုင်တယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်း​လာအောင် လုပ်ဖို့ အခက်တွေ့​နေတယ် ဒါမှ​မဟုတ် ကျမ်းစာ​စံနှုန်း ချိုးဖောက်​မိ​တဲ့​အထိ ဖြစ်သွားပြီ​ဆိုရင် အကြီးအကဲတွေကို အကူအညီ​တောင်းသင့်​တယ်။

၆ အသင်းတော်ကနေ ဖယ်ရှားခံ​ရ​လောက်​တဲ့ ကြီးလေးတဲ့​အပြစ် လုပ်မိရင် အကြီးအကဲ​တစ်ယောက်ယောက်ကို ပြောပြရမယ်။ (၁ ကော. ၅:၁၁-၁၃) ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်း​လာအောင် ကိုယ့်​ဘာသာ​ကိုယ် မလုပ်နိုင်ဘူး။ ယေဟောဝါရဲ့ ခွင့်လွှတ်မှု ရချင်ရင် “နောင်တရ​ကြောင်း လုပ်ရပ်နဲ့ သက်သေ​ပြရမယ်။” (တ. ၂၆:၂၀) အဲဒီ​လုပ်ရပ်တွေ​ထဲ​မှာ ကြီးလေးတဲ့​အပြစ် လုပ်ထား​ကြောင်း အကြီးအကဲတွေကို ပြောပြတာ ပါဝင်တယ်။

၇ ကြီးလေးတဲ့​အပြစ် လုပ်မိ​သူတွေကို​ပဲ အကြီးအကဲတွေ ကူညီပေးကြ​တာ မဟုတ်ပါဘူး။ အားနည်းချက် တွန်းလှန်ရ​ခက်နေသူတွေကို​လည်း ထောက်မပေး​ကြ​တယ်။ (တ. ၂၀:၃၅) ဥပမာ၊ သင်ဟာ အမှန်တရား မသိခင်က မူးယစ်ဆေး စွဲ​သူ၊ ညစ်ညမ်း​ရုပ်ပုံ ကြည့်​သူ၊ လိင်​အကျင့်ပျက်​သူ ဖြစ်ခဲ့တယ်​ဆိုရင် အားနည်းချက် မတွန်းလှန်နိုင်​မှာ ကြောက်​နေနိုင်တယ်။ ဒါပေမဲ့ သင်​တစ်ယောက်တည်း တွန်းလှန်​နေ​စရာ မလိုပါဘူး။ သင် ပြောတာ​တွေ​ကို ဂရုတစိုက် နားထောင်ပေးမယ်​လို့ ယူဆတဲ့ အကြီးအကဲ​တစ်ယောက်ကို ပြောပြပါ။ ဘာ​အပြောင်းအလဲတွေ လုပ်ရမယ်​ဆိုတာ သူ လက်တွေ့​ကျကျ အကြံ​ပေး​လာနိုင်တယ်။ အလိုဆန္ဒ​အမှားတွေ​အတိုင်း သင် မလုပ်​သရွေ့ ယေဟောဝါ နှစ်သက်​လက်ခံတယ်​ဆိုတာ သတိပေး​လာ​နိုင်​တယ်။ (ဒေ. ၄:၁၂) အားနည်းချက်တွေ တစ်ချိန်လုံး တွန်းလှန်​ရလို့ သင် စိတ်ဓာတ်ကျနေတယ်​ဆိုရင်​လည်း ‘ဒါဟာ ယေဟောဝါနဲ့ ဆက်ဆံရေးကို အလေးအနက်​ထားတယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မလွန်ကဲ​ဘူး​ဆိုတဲ့ လက္ခဏာ​ပဲ’ ဆိုပြီး အကြီးအကဲ နှစ်သိမ့်​ပေးနိုင်တယ်။—၁ ကော. ၁၀:၁၂။

၈ အမှား​လုပ်မိ​တိုင်း​တော့ အကြီးအကဲတွေကို ပြောပြ​စရာ မလိုပါဘူး။ ဥပမာ၊ ညီအစ်ကို/မ​တစ်ယောက် စိတ်ထိခိုက်အောင် သင် ပြောမိ​တာ၊ ဒေါသ​ပေါက်ကွဲ​မိ​တာ ဖြစ်နိုင်တယ်။ အဲဒီလို​ကိစ္စမှာ အကြီးအကဲကို ပြောပြမယ့်​အစား ယေရှုရဲ့ အကြံ​ပေး​စကား​အတိုင်း နှစ်ကိုယ်ကြား ပြေလည်အောင် လုပ်ပါ။ (မ. ၅:၂၃၊ ၂၄) နောက်နောင် နူးညံ့​သိမ်မွေ့​မှု၊ စိတ်ရှည်​မှု၊ ချုပ်တည်း​မှု စတဲ့ အရည်အသွေးတွေကို ဘယ်လို​နည်းနဲ့ ပို​တင်ပြနိုင်မလဲ​ဆိုတာ အဖွဲ့အစည်း​စာပေတွေမှာ ရှာဖွေ​လေ့လာပါ။ ဒါတောင် အကူအညီ လိုအပ်​နေတုန်းပဲ​ဆိုရင်တော့ အကြီးအကဲ​တစ်ယောက်ကို အကူအညီ​တောင်းနိုင်ပါတယ်။ ဖိလိပ္ပိ​အသင်းတော်ဆီ ရေးတဲ့​စာမှာ ဆက်ဆံရေး တင်းမာ​နေတဲ့ ဧဝေါဒိ​နဲ့ သုန္တုတ် ပြေလည်​လာအောင် ကူညီပေးဖို့ ညီအစ်ကို​တစ်ယောက်ကို တမန်တော် ပေါလု ပြောတယ်။ သင့်ကိုလည်း သင့်​အသင်းတော်က အကြီးအကဲ​တစ်ယောက် အဲဒီလို​ကူညီပေးနိုင်တယ်။—ဖိ. ၄:၂၊ ၃။

အကြီးအကဲတွေကို ဘာကြောင့် အကူအညီ​တောင်းသင့်​သလဲ

၉ ကြီးလေးတဲ့​အပြစ် လုပ်မိတဲ့​အခါ ဒါမှ​မဟုတ် အားနည်းချက် တွန်းလှန်ရ​ခက်နေတဲ့​အခါ အကူအညီ​တောင်းဖို့ ယုံကြည်ခြင်းနဲ့ သတ္တိ သိပ်​လိုအပ်တယ်။ ရှက်လို့​ဆိုပြီး အကြီးအကဲတွေကို အကူအညီ​မတောင်းဘဲ မနေ​သင့်​ဘူး။ ဘာကြောင့်လဲ။ ယေဟောဝါက ကျွန်တော်တို့ ယုံကြည်ခြင်း ခိုင်ခံ့နေအောင်၊ မိမိနဲ့ ဆက်ဆံရေး ကောင်း​နေ​အောင် ကူညီပေးဖို့ အကြီးအကဲတွေကို ခန့်အပ်ထား​တာ။ အကြီးအကဲတွေကို အကူအညီ​တောင်းတာ​ဟာ ယေဟောဝါကို ယုံကြည်​ကြောင်း ပြရာ​ရောက်တယ်။ ယေဟောဝါရဲ့ ညွှန်ကြားချက်ကို နာခံရာ​ရောက်တယ်။ ဒါကြောင့် ခြေချော်​မတတ် ဖြစ်နေတဲ့​အခါ ယေဟောဝါရဲ့ အကူအညီ လိုအပ်ကြောင်း အသိအမှတ်ပြု​ပါ။ (ဆာ. ၉၄:၁၈) ကြီးလေးတဲ့​အပြစ် လုပ်မိတဲ့အခါလည်း ဝန်ခံပြီး အပြစ်​ထပ်​မလုပ်တော့ဘူး​ဆိုရင် ကရုဏာ ခံစားရမယ်​ဆိုတာ စိတ်ချပါ။—ပညာအလိမ္မာ ၂၈:၁၃ ကို ဖတ်ပါ။

၁၀ ကြီးလေးတဲ့​အပြစ် လုပ်မိတဲ့အခါ အကြီးအကဲတွေကို အကူအညီ​တောင်းရင် ယေဟောဝါရဲ့ ခွင့်လွှတ်မှု ရနိုင်တယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်း​လာနိုင်တယ်။ အပြစ်​ဖုံးကွယ်ထား​ရင်​တော့ ကိုယ့်​အခြေအနေ ပို​ဆိုး​အောင် လုပ်လိုက်​သလိုပဲ။ ဥပမာ၊ ဘုရင်​ဒါဝိဒ်ဟာ အပြစ်​ဖုံးကွယ်ထားလို့ ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်လာတယ်။ စိတ်ဖိစီး​လာတယ်။ နေလို့​ထိုင်လို့ မကောင်းတော့​ဘူး။ (ဆာ. ၃၂:၃-၅) ဖျားနာတဲ့အခါ၊ ထိခိုက်​ဒဏ်ရာ ရတဲ့အခါ မကုသ​ဘဲ အချိန်ဆွဲနေရင် ကိုယ်​ပဲ ပို​ခံရတယ်။ အဲဒီလိုပဲ ကြီးလေးတဲ့​အပြစ် လုပ်မိတဲ့အခါ အကြီးအကဲတွေကို အကူအညီ​မတောင်းဘဲ အချိန်ဆွဲနေရင် ကိုယ်​ပဲ ပို​နစ်နာ​မယ်။ ဒါကြောင့်​လည်း ယေဟောဝါက ကျွန်တော်တို့ကို မနစ်နာ​စေချင်​လို့ အကြီးအကဲတွေက​တစ်ဆင့် “အမှုကို ဖြေရှင်း​ကြစို့” လို့ ပြော​ထားတာ။—ဟေရှာ. ၁:၅၊ ၆၊ ၁၈။

၁၁ ကြီးလေးတဲ့​အပြစ် ဖုံးကွယ်ထား​ရင် တခြားသူတွေ​ပါ ထိခိုက်နိုင်တယ်။ အသင်းတော်​အပေါ် သန့်ရှင်းသော​စွမ်းအားတော် အပြည့်အဝ မသက်ရောက်​ဘဲ ဖြစ်သွားနိုင်တယ်။ ညီအစ်ကို/မတွေရဲ့ ငြိမ်သက်​စည်းလုံးမှု ပျက်ပြား​သွားနိုင်တယ်။ (ဧ. ၄:၃၀) ဒီ့အပြင် အသင်းတော်ထဲက တစ်ယောက်ယောက် ကြီးလေးတဲ့​အပြစ် လုပ်ထားတာ သိရင် အကြီးအကဲတွေကို ပြောပြဖို့ သူ့ကို တိုက်တွန်း​သင့်​တယ်။ အချိန်​အတော်အသင့် ကြာ​သွားတာတောင် သူ မပြောဘူး​ဆိုရင် အကြီးအကဲတွေကို ကျွန်တော်တို့ အသိပေးရမယ်။ သိလျက်နဲ့ ဖုံးကွယ်ထား​ပေး​ရင် ကျွန်တော်တို့လည်း အပြစ်​မကင်း​ဘူး။ (ဝတ်. ၅:၁) အကြီးအကဲတွေကို အသိပေးတာ​ဟာ ယေဟောဝါကို ချစ်ကြောင်း၊ သစ္စာစောင့်သိ​ကြောင်း ပြရာ​ရောက်တယ်။ အသင်းတော် သန့်ရှင်းနေဖို့၊ ယေဟောဝါနဲ့ အပြစ်​လုပ်​သူ ဆက်ဆံရေး ပြန်ကောင်း​လာဖို့ ကူညီပေးရာ​ရောက်တယ်။

ကျွန်တော်တို့ကို အကြီးအကဲတွေ ဘယ်လို ကူညီပေးကြသလဲ

၁၂ ယေဟောဝါနဲ့ ဆက်ဆံရေး အားနည်းသွားသူတွေကို ထောက်မပေးဖို့ အကြီးအကဲတွေကို ကျမ်းစာမှာ ညွှန်ကြား​ထားတယ်။ (၁ သက်. ၅:၁၄) ယေဟောဝါနဲ့ ဆက်ဆံရေး ထိခိုက်စေမယ့်​အရာ​တစ်ခုခု သင် လုပ်ထားတယ်​ဆိုရင် သင့်​အတွေး၊ ခံစားချက်ကို “ခပ်ယူ” ဖို့ အကြီးအကဲတွေ မေးခွန်းတွေ မေးလာ​နိုင်​တယ်။ (ပညာ. ၂၀:၅) ယဉ်ကျေးမှု​နောက်ခံကြောင့်၊ ပင်ကို​စရိုက်ကြောင့်၊ ရှက်စိတ်​ကြောင့် လုပ်ခဲ့​မိ​တာ​တွေ ပြောပြဖို့ ခက်နေရင်​တောင် ပွင့်ပွင့်လင်းလင်း ပြောပြတာ အကြီးအကဲတွေကို ကူညီရာ​ရောက်တယ်။ စကား​မှားမှာ မစိုးရိမ်ပါနဲ့။ (ယောဘ ၆:၃) အကြီးအကဲတွေက အလျင်စလို ကောက်ချက်​မချ​ကြ​ပါ​ဘူး။ အကြောင်းစုံ နားထောင်ပြီး​မှ ကျမ်းစာကို အခြေခံပြီး အကြံဉာဏ် ပေးကြ​တာ​ပါ။ (ပညာ. ၁၈:၁၃) သိုးထိန်း​တာဝန်ဟာ အချိန်ပေး​ရတဲ့​တာဝန် ဖြစ်မှန်း သူတို့ အသိအမှတ်​ပြု​ကြ​တယ်။ လိုအပ်တဲ့ အကူအညီ ပေးနိုင်ဖို့ တစ်ကြိမ်​ထက်​မက တွေ့ဆုံ​ရနိုင်တယ်​ဆိုတာ သိကြတယ်။

၁၃ အပြစ်ရှိတယ်​ဆိုတဲ့ သင့်​ခံစားချက်ကို ပို​ဆိုး​အောင် မလုပ်မိဖို့ အကြီးအကဲတွေ ကြိုးစားကြတယ်။ သင့်အတွက် ဆုတောင်းပေးကြတယ်။ သူတို့ရဲ့ ဆုတောင်းချက်တွေ “အစွမ်းထက်ပြီး အကျိုးသက်ရောက်မှု ရှိတယ်” ဆိုတာ သင် တွေ့ရလို့ အံ့ဩ​သွားနိုင်တယ်။ ဒါ့အပြင် “ယေဟောဝါရဲ့ နာမည်ကို သုံးပြီး” သူတို့ “ဆီ​လိမ်းပေး​ကြ” တယ်။ (ယာ. ၅:၁၄-၁၆) “ဆီ” ဆိုတာ ကျမ်းစာ​အမှန်တရားကို ဆိုလိုတယ်။ ဒါကြောင့် ကျမ်းစာ သုံးပြီး သင့်ကို အကြီးအကဲတွေ နှစ်သိမ့်ပေး​နိုင်​တယ်။ ယေဟောဝါနဲ့ ဆက်ဆံရေး ပြန်ကောင်း​လာအောင် ကူညီပေး​နိုင်​တယ်။ (ဟေရှာ. ၅၇:၁၈) ကျမ်းစာကို အခြေခံပြီး သူတို့ ပေးလာတဲ့ အကြံဉာဏ်တွေ​က မှန်ရာ ဆက်​လုပ်မယ်​ဆိုတဲ့ သင့်​ဆုံးဖြတ်ချက်ကို ပို​ခိုင်မာ​စေနိုင်တယ်။ အကြီးအကဲတွေရဲ့ အကူအညီကို လက်ခံတဲ့​အခါ “လမ်းမှန်​က ဒီမှာ။ ဒီ​လမ်းအတိုင်း လျှောက်ပါ” ဆိုတဲ့ ယေဟောဝါရဲ့ အသံကို သင် နားနဲ့ ဆတ်ဆတ်​ကြားရမယ်။—ဟေရှာ. ၃၀:၂၁။

ရုပ်ပုံ– ၁။ ရှေ့​ရုပ်ပုံ​မှာ ပါတဲ့ ဆရာဝန်​က လူနာရဲ့ ပခုံး​ကို စမ်းကြည့်​နေ။ နံရံ​မှာ ပခုံး​ဓာတ်မှန် တွေ့ရ။ ၂။ ရှေ့​ရုပ်ပုံ​မှာ ပါတဲ့ အကြီးအကဲနဲ့ အကြီးအကဲ​နောက်တစ်ယောက်က ညီအစ်ကိုရဲ့ အိမ်ကို သွားပြီး ကျမ်းစာနဲ့ အားပေးနေ။ အကြီးအကဲတွေ ပြောတာကို ညီအစ်ကို ပြုံးပြုံးရွှင်ရွှင် နားထောင်​နေ။

ကျမ်းစာ သုံးပြီး သင့်ကို အကြီးအကဲတွေ နှစ်သိမ့်​ပေးနိုင် (စာပိုဒ် ၁၃-၁၄ ကို ကြည့်ပါ)


၁၄ ဂလာတိ ၆:၁ ကို ဖတ်ပါ။ ခရစ်ယာန်​တစ်ယောက် “ခြေလှမ်းမှား​သွား” တယ်​ဆိုတာ ဘုရားသခင့်​စံနှုန်းတွေ မလိုက်နာတာ​ကို ဆိုလိုတယ်။ ဆုံးဖြတ်ချက် မှားသွားတာ ဖြစ်နိုင်​သလို ကြီးလေးတဲ့​အပြစ် လုပ်မိတာ​လည်း ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူ့ကို အကြီးအကဲတွေ ချစ်တဲ့​အတွက် “နူးညံ့​သိမ်မွေ့​တဲ့​စိတ်နဲ့ တည့်မတ်ပေး” ကြတယ်။ “တည့်မတ်ပေး” လို့ ပြန်ဆို​ထားတဲ့ ဂရိ​စကားလုံးဟာ အရိုး​အဆစ် လွဲသွား​ရာ​ကနေ တစ်သက်လုံး ဒုက္ခိတ ဖြစ်​မသွား​စေဖို့ အရိုး​အဆစ် အနေအထား​မှန်​အောင် ပြန်​တည့်​ပေးတာကို ရည်ညွှန်းတယ်။ ကျွမ်းကျင်တဲ့ ဆရာဝန်​က လူနာကို အရိုး​အဆစ် ပြန်​တည့်​ပေးတဲ့​အခါ နာကျင်မှု နည်းနိုင်သမျှ နည်းအောင် ဂရုစိုက်​တယ်။ အဲဒီလိုပဲ ခြေလှမ်းမှား​သူကို အကြီးအကဲတွေ တည့်မတ်ပေး​တဲ့အခါ အနာ​ပေါ် အနာ​မဆင့်​ဖို့ ဂရုစိုက်​ကြတယ်။ ဒါ့အပြင် အကြီးအကဲတွေဟာ မိမိတို့​ကိုယ်တိုင်လည်း မစုံလင်သူတွေ ဖြစ်တယ်၊ ခြေလှမ်းမှား​နိုင်တယ်​ဆိုတာ အသိအမှတ်​ပြုပြီး “အမြဲ​သတိထား​ကြ” တယ်။ ကိုယ် ကူညီပေး​နေတဲ့​သူ​ထက် ပိုသာတယ်၊ ပို​ဖြောင့်မတ်တယ်လို့ မတွေး​ကြ​ဘူး။ ကိုယ်ချင်းစာ​ကြတယ်။—၁ ပေ. ၃:၈။

၁၅ အကြီးအကဲတွေကို ကျွန်တော်တို့ ယုံကြည်စိတ်ချနိုင်တယ်။ ညီအစ်ကို/မတွေရဲ့ အတွင်းရေး​ကို လျှို့ဝှက်ထား​တတ်​ဖို့၊ ကိုယ့်​အမြင်ကို မဟုတ်ဘဲ ကျမ်းစာကို အခြေခံပြီး အကြံဉာဏ် ပေး​တတ်​ဖို့၊ အချင်းချင်းရဲ့ ဝန်တွေကို ကူထမ်း​ပေး​တတ်​ဖို့ အကြီးအကဲတွေကို ယေဟောဝါ လေ့ကျင့်ပေး​ထားတယ်။ (ပညာ. ၁၁:၁၃။ ဂလ. ၆:၂) အကြီးအကဲ​တစ်ယောက်နဲ့ တစ်ယောက် ကိုယ်ရည်ကိုယ်သွေး၊ အတွေ့အကြုံ မတူကြပေမဲ့ ဘယ်အကြီးအကဲကို​မဆို ရင်​ဖွင့်နိုင်တယ်။ ကိုယ်​ကြားချင်​တဲ့​စကား မကြားရ​မချင်း တစ်ယောက်​ပြီး​တစ်ယောက် အကြံဉာဏ် လိုက်​တောင်းတာ​မျိုး​တော့ မဖြစ်သင့်ဘူး။ အဲဒီလိုသာ​ဆိုရင် “အကျိုး​ဖြစ်ထွန်းတဲ့ သွန်သင်ချက်ကို” နားမထောင်​ချင်​ဘဲ “ကိုယ်​ကြားချင်​တာကို” ပြော​ပေးမယ့်​သူ ရှာဖွေ​သလို ဖြစ်နေ​မယ်။ (၂ တိ. ၄:၃) အကြီးအကဲ​တစ်ယောက်ကို ရင်ဖွင့်တဲ့​အခါ ‘တခြား​အကြီးအကဲတွေကို ပြောပြ​ဖြစ်​သေး​လား၊ ဘာ​အကြံဉာဏ် ပေးကြ​သလဲ’ စသဖြင့် ကျွန်တော်တို့ကို မေး​လာနိုင်တယ်။ ကျိုးနွံမှု ရှိတဲ့ အကြီးအကဲတွေဟာ တခြား​အကြီးအကဲတွေကို အကြံဉာဏ် တောင်းခံ​လေ့ရှိ​ကြတယ်။—ပညာ. ၁၃:၁၀။

ကိုယ်တိုင်ရဲ့ တာဝန်

၁၆ ကျွန်တော်တို့ကို အကြီးအကဲတွေ အကြံဉာဏ် ပေးပေမဲ့ ဆုံးဖြတ်ချက် ချ​မပေးကြဘူး။ ယေဟောဝါကို ချစ်ကြောင်း၊ စိတ်​ရွှင်လန်းစေ​ချင်ကြောင်း အပြောအဆို၊ လုပ်ရပ်နဲ့ သက်သေပြ​ရမှာ​ဟာ ကျွန်တော်တို့​တစ်ယောက်ချင်းစီရဲ့ တာဝန် ဖြစ်တယ်။ (ရော. ၁၄:၁၂) ဆုံးဖြတ်ချက်ကောင်း ချနိုင်ဖို့၊ သစ္စာစောင့်သိ​နိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်။ ဒါကြောင့် ဘာလုပ်ပါ​ဆိုပြီး ကျွန်တော်တို့ကို အကြီးအကဲတွေ မပြောကြဘူး။ ယေဟောဝါရဲ့ အမြင်ကို သိဖို့ ကျမ်းစာ သုံးပြီး ကူညီပေးကြတယ်။ သူတို့ ပေးလာတဲ့ အကြံဉာဏ်ကို လိုက်နာတာ​ဟာ “ပိုင်းခြား​သိမြင်နိုင်စွမ်း” သုံးပြီး ဆုံးဖြတ်ချက်ကောင်း ချ​တတ်​အောင် လေ့ကျင့်​တာ​ပဲ။—ဟီ. ၅:၁၄။

၁၇ ယေဟောဝါရဲ့ သိုးတော်စု​ထဲ ရှိနေ​ရတာ အခွင့်ထူး​ပါပဲ။ ယေဟောဝါက ကျွန်တော်တို့ ထာဝရ​အသက် ရဖို့ “သိုးထိန်းကောင်း” ယေရှုကို ရွေးဖိုး​ပေး​စေ​တယ်။ (ယော. ၁၀:၁၁) “မင်းတို့ကို ငါ့​စိတ်နဲ့ ကိုက်ညီတဲ့ သိုးထိန်း​တွေ ပေးမယ်။ သူတို့က အသိပညာ​ရှိရှိ၊ ထိုးထွင်း​သိမြင်မှု​ရှိရှိ ကျွေးမွေး​မယ်” ဆိုတဲ့ ကတိ​အတိုင်း အသင်းတော်​အကြီးအကဲတွေ ခန့်အပ်​ပေးတယ်။ (ယေ. ၃:၁၅) ဒါကြောင့် ဘုရားရေးရာမှာ အားနည်း​လာတဲ့​အခါ ဒါမှမဟုတ် ဖျားနာ​တဲ့​အထိ ဖြစ်သွားတဲ့​အခါ အကြီးအကဲတွေကို အကူအညီ​တောင်းဖို့ မတွန့်ဆုတ်​သင့်​ဘူး။ အကြီးအကဲတွေက​တစ်ဆင့် ကူညီပေးတဲ့ ယေဟောဝါရဲ့ အစီအစဉ်​ကနေ အကျိုး​အပြည့်အဝ ရယူဖို့ ဆုံးဖြတ်ထား​ကြရအောင်။

NANGH BANGCI DAWNG DING?

  • အကြီးအကဲတွေကို ဘယ်အချိန်မှာ အကူအညီ​တောင်းသင့်​သလဲ။

  • အကြီးအကဲတွေကို ဘာကြောင့် အကူအညီ​တောင်းသင့်​သလဲ။

  • ကျွန်တော်တို့ကို အကြီးအကဲတွေ ဘယ်လို ကူညီပေးကြသလဲ။

LA 31 ဘုရားနဲ့​အတူ လျှောက်လှမ်းပါ

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ