Vilnatausang ONLINE LAIBUSAAL
Vilnatausang
ONLINE LAIBUSAAL
Chin (Tedim)
  • LAI SIANGTHO
  • THOHKHIAT LAIBUTE
  • အစည်းအဝေးများ
  • w23 October laim. 6-11
  • ‘Thu Na Mang’ Hiam?

Tu-a na teel thu video-ah om lo.

Sorry, video a kihon ding haksa.

  • ‘Thu Na Mang’ Hiam?
  • Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
  • Thuluneute
  • A Thu Kibang
  • NU LE PA’ THU MANG IN
  • “UKNA THUNEITE” II THU MANG IN
  • JEHOVAH’ PAWLPI PANA HONG PAI LAMLAHNA ZUI IN
  • Jesuh A Tawntung In Thumang
    Na Tate Thu Hilh In
  • Pasian’ Itna Kip Tawntung Hi
    Pasian’ Itna Sungah Na Kip Un
  • Thuneihna Bang Hang Zahtak Ding Hi A Hiam?
    Pasian’ Itna Sungah Na Kip Un
Vilnatausang Jehovah’ Gam Taangkona (Sin Ding)—2023
w23 October laim. 6-11

SIN DING THU 42

‘Thu Na Mang’ Hiam?

“Tunglam pana hong pai pilna a neite in . . . thu mang hi.”—JAMES. 3:17, New World Translation.

LA 101 စည်းလုံးစွာ လုပ်ဆောင်ခြင်း

အကြို​သုံးသပ်ချက်a

1. Thu man ding bang hangin haksa thei a hiam?

နာခံဖို့ တစ်ခါတလေ ခက်​သ​လား။ “စိတ်ပါလက်ပါ နာခံ​ချင်စိတ် ရှိအောင် လှုံ့ဆော်​ပေးပါ” လို့ ဘုရင် ဒါဝိဒ် ဆုတောင်းတယ်။ (ဆာ. ၅၁:၁၂) ယေဟောဝါ​ဘုရားကို ချစ်​ပေမဲ့ နာခံဖို့ ခက်တဲ့​အချိန်တွေ ရှိလို့ပဲ။ ကျွန်တော်တို့လည်း နာခံဖို့ ခက်တဲ့​အချိန်တွေ ရှိနိုင်တယ်။ ဘာကြောင့်လဲ။ ပထမ၊ ကလန်ကဆန် လုပ်ချင်​စိတ်ဟာ မွေးရာပါ ဖြစ်နေလို့။ ဒုတိယ၊ ယေဟောဝါကို မိမိ​လို ပုန်ကန်​ဖို့ စာတန် မပြတ် လှုံ့ဆော်​နေ​လို့။ (၂ ကော. ၁၁:၃) တတိယ၊ “နာခံမှု မရှိသူတွေဆီ​မှာ ရှင်သန်​လှုပ်ရှား​နေ” တဲ့ ကလန်ကဆန် စိတ်ဓာတ် ကျွန်တော်တို့​ဝန်းကျင်​မှာ ပျံ့​နေလို့ပါ။ (ဧ. ၂:၂) ဒါကြောင့် ယေဟောဝါ​ဘုရားနဲ့ ဘုရား အခွင့်အာဏာ ပေးထားသူ​တွေ​ကို နာခံနိုင်ဖို့ဆိုရင် ကိုယ်တိုင်ရဲ့ အပြစ်​လုပ်ချင်တဲ့ ဆန္ဒ၊ စာတန်နဲ့ ဒီ​လောကရဲ့ ဖိအား​ကို ကြိုးစား​တိုက်လှန်​မှ ရမယ်။

2. “Thu mang” cih in bang a cihnopna hiam? (James 3:17)

၂ ယာကုပ် ၃:၁၇ ကို ဖတ်ပါ။ ဉာဏ်ပညာ ရှိသူတွေဟာ “နာခံဖို့ အသင့်ရှိတယ်” လို့ ကျမ်း​ရေးသူ ယာကုပ် ပြောတယ်။ ဘာကို ဆိုလိုသလဲ။ ယေဟောဝါ အခွင့်အာဏာ ပေးထားသူ​တွေ​ကို စိတ်ပါလက်ပါ၊ ကြည်ကြည်သာသာ နာခံချင်တာကို ဆိုလိုတယ်။ မိမိ​ပညတ် ချိုးဖောက်ဖို့ တောင်းဆို​သူတွေကိုတော့ ယေဟောဝါ မနာခံစေချင်ဘူး။—တ. ၄:၁၈-၂၀။

3. Thuneite’ thu i manna pen Jehovah’ muhna-ah bang hangin thupi a hiam?

၃ လူ​ထက် ယေဟောဝါကို နာခံ​ရတာ ပိုလွယ်တယ်။ ယေဟောဝါရဲ့ လမ်းညွှန်ချက်တွေ အမြဲ ပြည့်ဝ​စုံလင်​တာ​ကိုး။ (ဆာ. ၁၉:၇) လူတွေကျတော့ မ​စုံလင်​ဘူး။ ဒါပေမဲ့ မစုံလင်သူ မိဘ၊ အစိုးရ အာဏာပိုင်၊ အကြီးအကဲတွေကို ကောင်းကင်ဘုံစံ အဖ အခွင့်အာဏာ အတော်အတန် ပေးထားတယ်။ (ပညာ. ၆:၂၀။ ၁ သက်. ၅:၁၂။ ၁ ပေ. ၂:၁၃၊ ၁၄) သူတို့ကို နာခံတာ ယေဟောဝါကို နာခံတာ​ပဲ။ ဘဝင်​မကျတဲ့၊ မ​လိုက်နာချင်​တဲ့ လမ်းညွှန်ချက် ပေး​လာ​ရင်တောင် ဘယ်လို နာခံနိုင်ကြောင်း လေ့လာ​ကြရအောင်။

NU LE PA’ THU MANG IN

4. Khangno tampi in bang hangin nu le pa’ thu mang lo uh a hiam?

၄ ခရစ်ယာန် လူငယ်တွေရဲ့ ရွယ်တူ တော်တော်​များများ “မိဘ​စကား နားမထောင်” ကြ​ဘူး။ (၂ တိ. ၃:၁၊ ၂) ဘာကြောင့်လဲ။ မိဘတွေ ပုံစံ​က ‘ငါ ပြောသလို လုပ်၊ ငါ လုပ်​သ​လို မလုပ်နဲ့’ ဆိုတဲ့ ပုံစံ ဖြစ်နေလို့ အပြောနဲ့ အလုပ် မညီဘူး၊ မတရား​ဘူး​လို့ ခံစားကြရတယ်။ တချို့ကျတော့ မိဘ ပေးတဲ့ အကြံ ခေတ်​နောက်ကျ​နေပြီ၊ အသုံးမဝင်​ဘူး၊ ချုပ်ချယ်​လွန်းတယ်လို့ မြင်ကြတယ်။ ဒါကြောင့် “ဘုရားသခင့် အလိုတော်နဲ့​အညီ မိဘကို နာခံကြ​ပါ။ ဒါဟာ ဘုရားသခင်ရဲ့ အမြင်မှာ ဖြောင့်မှန်တယ်” ဆိုတဲ့ ဘုရား​ပညတ်ကို နာခံဖို့ ခက်​နေကြတာ။ (ဧ. ၆:၁) သင်ဟာ လူငယ်​တစ်ယောက်​ဆိုရင် အဲဒီလို ခံစားနေရသလား။ နာခံတတ်​ဖို့ ဘာက ကူညီပေးမလဲ။

5. Nu le pa thumanna-ah Jesuh pen bang hangin etteh ding lim hoih hi a hiam? (Luka 2:46-52)

၅ နာခံတတ်​ဖို့ အကောင်းဆုံး စံနမူနာရှင် ယေရှု​ဆီကနေ သင်ယူနိုင်တယ်။ (၁ ပေ. ၂:၂၁-၂၄) ယေရှု စုံလင်ပေမဲ့ မိဘတွေ မစုံလင်ကြ​ဘူး။ မိဘတွေ အမှား​လုပ်မိတဲ့​အချိန်၊ ကိုယ့်ကို နားလည်မှု လွဲတဲ့​အချိန်မှာ​တောင် ယေရှု ရိုသေ​လေးစားတယ်။ (ထွ. ၂၀:၁၂) အသက် ၁၂ နှစ်တုန်းက အဖြစ်အပျက်​ကို စဉ်းစားကြည့်ပါ။ (လုကာ ၂:၄၆-၅၂ ကို ဖတ်ပါ။) ဂျေရုဆလင်​မြို့က​အပြန် ယေရှု ပါ​မ​လာတာ မိဘတွေ သတိ​မထား​မိ​ကြ​ဘူး။ တကယ်ဆိုရင် အတူတူ ပြန်​မယ့် အုပ်စု​ထဲ ကိုယ့်​ကလေးတွေ စုံ​မ​စုံ စစ်​ရမှာ ယောသပ်နဲ့ မာရိရဲ့ တာဝန်။ ယေရှုကို ရှာတွေ့တော့ ဘာလို့ ကျန်ခဲ့​တာ​လဲ​ဆိုပြီး မာရိ ဆူတယ်။ တော်တော် မတရား​တာ​ပဲ​ဆိုပြီး ယေရှု ပြန်ထောက်လို့ ရပေမဲ့ လေးလေးစားစား ပြန်ဖြေတယ်။ ဒါပေမဲ့ မိဘတွေ “သူ ပြောတာကို နားမလည်​ကြ​ဘူး။” ဘာပဲဖြစ်ဖြစ် ယေရှု “မိဘ​စကားကို အမြဲ နာခံ​တယ်။”

6-7. Khangnote in nu le pa’ thu a man nadingun bang in huh ding a hiam?

၆ လူငယ်တို့၊ မိဘ အမှား လုပ်တဲ့အခါ ဒါမှမဟုတ် ကိုယ့်ကို နားလည်မှု လွဲတဲ့​အခါ နာခံဖို့ ခက်​သ​လား။ နာခံဖို့ ဘာက ကူညီပေးမလဲ။ ဦးဆုံး၊ ယေဟောဝါ ဘယ်လို ခံစားရမလဲ စဉ်းစားပါ။ “သခင် နှစ်သက်တယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ကော. ၃:၂၀) သင့်ကို မိဘတွေ နားမလည်တဲ့​အချိန်၊ ကတ်​သီး​ကတ်​သတ် စည်းကမ်း​တွေ ထုတ်​တဲ့​အချိန် ရှိနိုင်​မှန်း ယေဟောဝါ သိတယ်။ ဘာပဲဖြစ်ဖြစ် မိဘ​စကား သင် နားထောင်တဲ့အခါ ယေဟောဝါ ပျော်တယ်။

၇ ဒုတိယ၊ မိဘ ဘယ်လို ခံစားရမလဲ စဉ်းစားပါ။ သူတို့ သိပ်​ပျော်ကြမှာ။ သင့်ကို ပို​ယုံ​လာကြ​မှာ။ (ပညာ. ၂၃:၂၂-၂၅) သင်လည်း မိဘနဲ့ ခပ်တန်းတန်း မဖြစ်တော့ဘူး။ “မိဘ​စကား နားထောင်လိုက်တော့ ဆက်ဆံရေး ပိုကောင်းလာတယ်။ ပို​လည်း ပျော်လာတယ်” လို့ ဘယ်လ်ဂျီယံ​နိုင်ငံက ညီအစ်ကို အလက်ဇန်းဒါး ပြောတယ်။b တတိယ၊ ရေရှည် ဘာအကျိုးရမလဲ စဉ်းစားပါ။ “မိဘကို နာခံတတ်​လာတာ​နဲ့အမျှ ယေဟောဝါနဲ့ အခွင့်အာဏာ ရှိသူတွေကို နာခံဖို့ ပိုလွယ်လာတယ်” လို့ ဘရာဇီး​နိုင်ငံက ညီအစ်ကို ပေါ်​လို ပြောတယ်။ မိဘ​စကား နားထောင်​မှ​သာ “ကောင်းစား​လိမ့်မယ်၊ ကမ္ဘာမြေပေါ်မှာ အသက်ရှည်ရှည် နေနိုင်​လိမ့်မယ်” လို့ ကျမ်းစာမှာ ဆိုတယ်။ (ဧ. ၆:၂၊ ၃) မိဘ​စကား နားထောင်သင့်​တဲ့ အကြောင်းကောင်းပါပဲ။

8. Khangno tampi in bang hangin nu le pa’ thu mang uh a hiam?

၈ မိဘ​စကား နားထောင်တာ အကျိုး​ရှိကြောင်း လူငယ်​များစွာ သိလာကြတယ်။ ရွယ်တူတွေ​မှာ ဖုန်း​ကိုယ်စီ ရှိပေမဲ့ တော်တော်​ကြာတဲ့​အထိ ကိုယ့်ကို မိဘတွေ ဖုန်း​ပေး​မ​သုံးလို့ ဘရာဇီး​နိုင်ငံက ညီအစ်မ လူဝီ​ဇာ နားလည်ရ ခက်​ခဲ့တယ်။ ဒါပေမဲ့ မိဘတွေ ကာကွယ်​ပေးနေတာ ဖြစ်မှန်း သဘောပေါက်လာတယ်။ “မိဘတွေရဲ့ စည်းကမ်း​ဟာ လက်ထိတ် မဟုတ်ဘဲ ကား​ထိုင်ခုံ ခါးပတ်​နဲ့ တူတယ်။ အန္တရာယ်​ကနေ ကာကွယ်ပေးလို့​ပဲ” လို့ ပြောတယ်။ အမေရိကန် ပြည်ထောင်စု​က ညီအစ်မငယ် အဲလီဇဘက်​ဟာ မိဘ​စကား နားထောင်ဖို့ ခက်တဲ့​အချိန်တွေ ရှိတုန်းပဲ။ “မိဘတွေ စည်းကမ်း ထုတ်ရတဲ့ အကြောင်းရင်း ကျွန်မ ကောင်းကောင်း နားမလည်တဲ့အခါ အရင်က မိဘ​စကား နားထောင်​လို့ အကာအကွယ် ရခဲ့တာကို ပြန်​စဉ်းစား​လိုက်တယ်” လို့ ပြောတယ်။ မိဘကို အာခံ​မနေ​ဘဲ နာခံတဲ့အခါ ရလဒ်ကောင်း အမြဲ ရတယ်လို့ အာမေးနီးယား​နိုင်ငံက ညီအစ်မ မော်နီကာ ပြောတယ်။

“UKNA THUNEITE” II THU MANG IN

9. Upadi zuihna tawh kisai-in mi tampi te’n bangci ngaihsut uh a hiam?

၉ အစိုးရတွေကို “အထက်အာဏာပိုင်တွေ” လို့ ကျမ်းစာမှာ ခေါ်ထားတယ်။ (ရော. ၁၃:၁) အစိုးရတွေ ရှိတာ ကောင်းတယ်၊ ဥပဒေ တချို့တလေလောက်ကိုတော့ လိုက်နာ​သင့်​တယ်လို့ လူများစွာ သဘောထားကြတယ်။ ဒါပေမဲ့ ဘဝင်​မကျတဲ့၊ မတရား​ဘူး​လို့ ယူဆတဲ့ ဥပဒေ​တွေ မလိုက်နာ​ကြ​ဘူး။ ဥပမာ၊ အခွန်ဆောင်တဲ့ ကိစ္စ ဖြစ်တယ်။ ဥရောပ​နိုင်ငံ တစ်နိုင်ငံမှာ စစ်တမ်း ကောက်ကြည့်တဲ့အခါ လေး​ပုံ​တစ်​ပုံ​က “မတရား​ဘူး ထင်​ရင် အခွန်ဆောင်​စ​ရာ မလိုဘူး” လို့ ယူဆကြတယ်။ ဒါကြောင့် အဲဒီ​နိုင်ငံမှာ အစိုးရ​က အခွန် သုံးပုံနှစ်ပုံ​လောက်​ပဲ ရတယ်။

မာရိကို မြည်းပေါ် တင်ပြီး ဘက်သလီဟင်မြို့ဆီ ယောသပ် ခေါ်သွား။ ရုပ်ပုံ– ၁။ ညီအစ်ကိုတစ်ယောက် ကားမောင်းရင်း အရှိန်နှုန်းပြ ဒိုင်ခွက် ကြည့်နေ။ အရှိန် ကန့်သတ်ပေးတဲ့ သင်္ကေတ ပြထား။ ၃။ ညီအစ်ကိုတစ်ယောက် ဝင်ငွေခွန် ပုံစံ ဖြည့်နေ။ ၄။ ညီအစ်မတစ်ယောက် နှာခေါင်းစည်း တပ်ပြီး ဆေးရုံ ဝန်ထမ်းနဲ့ ခပ်ခွာခွာ စကားပြောနေ။

နာခံမှု​နဲ့ပတ်သက်ပြီး ယောသပ်နဲ့ မာရိ​ဆီကနေ ဘာသင်ယူရသလဲ (စာပိုဒ် ၁၀-၁၂ ကို ကြည့်ပါ)c

10. I deih loh upadi-te nangawn zong bang hangin zui i hiam?

၁၀ လူ့အစိုးရတွေဟာ ပြဿနာ တော်တော်​များများ​ရဲ့ ရင်းမြစ် ဖြစ်တယ်၊ စာတန့်​ထိန်းချုပ်မှု​အောက်မှာ ရှိတယ်၊ မကြာခင် ဖျက်ဆီး​ခံရတော့မယ်ဆိုတာ ကျမ်းစာ အသိအမှတ်ပြုတယ်။ (ဆာ. ၁၁၀:၅၊ ၆။ ဒေ. ၈:၉။ လု. ၄:၅၊ ၆) ဒါပေမဲ့ “အာဏာပိုင်တွေကို ဆန့်ကျင်သူဟာ ဘုရားသခင်ရဲ့ အစီအစဉ်ကို ဆန့်ကျင်သူပဲ” လို့လည်း ဖော်ပြထားတယ်။ အစိုးရ​ဆိုတာ ငြိမ်ဝပ်ပိပြားမှု ရှိဖို့ ယေဟောဝါ ခွင့်ပြုထားတဲ့ ယာယီ အစီအစဉ် ဖြစ်တယ်။ ဒါကြောင့် အာဏာပိုင်တွေကို နာခံရမယ်။ အခွန်၊ လေးစားမှု၊ နာခံမှု အပါအဝင် “ပေး​သင့်​ပေးထိုက်ရာတွေ ပေး” ရမယ်။ (ရော. ၁၃:၁-၇) တချို့​ဥပဒေ​တွေ လိုက်နာ​ရတာ ကတ်​သီး​ကတ်​သတ် နိုင်​ပုံ၊ မတရား​ပုံ၊ ငွေကုန်ကြေးကျ များ​ပုံ ပေါက်နိုင်တယ်။ ဒါပေမဲ့ ဘုရား​ပညတ် ချိုးဖောက်ဖို့ မတောင်းဆိုသရွေ့ နာခံဖို့ ယေဟောဝါ ပြော​ထားလို့ ကျွန်တော်တို့ နာခံကြတယ်။—တ. ၅:၂၉။

11-12. Josef le Mary in upadi a zuihna-un bang sem uh a hiam? Bang hamphatna ngah a hiam? (Luka 2:1-6) (Lim zong en in.)

၁၁ နာခံဖို့ ခက်​ချိန်​မှာ​တောင် အထက်အာဏာပိုင်တွေကို နာခံ​တဲ့ ယောသပ်နဲ့ မာရိ​ဆီကနေ သင်ယူနိုင်တယ်။ (လုကာ ၂:၁-၆ ကို ဖတ်ပါ။) လူတိုင်း ကိုယ့်​မြို့​ကိုယ့်​ရွာ ပြန်ပြီး နာမည်​စာရင်း ပေးဖို့ ရောမ ဧကရာဇ် ဩဂတ်စတပ် အမိန့်ထုတ်တယ်။ ၉၃ မိုင် (ကီလိုမီတာ ၁၅၀) လောက် ဝေးတဲ့ ဘက်သလီဟင်​မြို့ကို ယောသပ်နဲ့ မာရိ တစ်​တောင်တက် တစ်​တောင်ဆင်း ခရီးနှင်​ကြ​ရတော့မယ်။ မာရိ ကိုယ်ဝန် ကိုးလ ရှိနေပြီ ဖြစ်လို့ တော်တော့်ကို ခက်​မှာ။ မိခင်နဲ့ ရင်သွေး ဘေးကင်းရေး​အတွက် စိုးရိမ်​မိ​ကြ​မှာ​ပဲ။ လမ်းခုလတ်​မှာ ကလေး မွေးရင် ဘယ့်နှယ် လုပ်မလဲ။ အနာဂတ် မေရှိယကို ကိုယ်ဝန် လွယ်​ထား​ရတာ။ ဒီအကြောင်းပြချက်​နဲ့ အစိုးရ ဥပဒေ မလိုက်နာဘဲ နေ​ကြ​မ​လား။

၁၂ စိုးရိမ်​မိ​တာ​တွေ ရှိပေမဲ့ ယောသပ်နဲ့ မာရိ ဥပဒေ လိုက်နာကြတယ်။ သူတို့ နာခံမှု ရှိလို့ ယေဟောဝါ ဝမ်းသာတယ်။ စောင့်ရှောက်ပေးတယ်။ ဘက်သလီဟင်​မြို့ကို ဘေးမ​သီ ရန်မခ ရောက်လာပြီး ရင်သွေးလေး ကျန်းကျန်းမာမာ မွေးဖို့၊ ကျမ်းစာ ကြိုဟောချက် ပြည့်စုံစေဖို့ ကူညီပေးတယ်။—မိ. ၅:၂။

13. Thu mang lehang unaute adingin bang phattuamna omsak thei a hiam?

၁၃ အထက်အာဏာပိုင်တွေကို နာခံတဲ့အခါ ကိုယ်တိုင်နဲ့ တခြားသူတွေ အကျိုးရကြတယ်။ ဘယ်လို အကျိုးရသလဲ။ တစ်ချက်​အနေနဲ့ ဥပဒေ ချိုးဖောက်သူ​တွေ ခံရတဲ့ ပြစ်ဒဏ် ကျွန်တော်တို့ မခံရဘူး။ (ရော. ၁၃:၄) ယေဟောဝါ​သက်သေတွေ နိုင်ငံသား​ကောင်း ဖြစ်မှန်း အာဏာပိုင်တွေ မြင်လာကြတယ်။ လွန်ခဲ့တဲ့ နှစ်​အတော်ကြာ​က နိုင်ဂျီးရီးယား​နိုင်ငံမှာ အသင်းတော် အစည်းအဝေး ကျင်းပ​နေတုန်း နိုင်ငံတော်​ခန်းမ​ထဲ စစ်သားတွေ ဝင်လာကြတယ်။ အခွန်​မ​ဆောင်​ချင်လို့ ဆန္ဒ​ပြသူတွေကို လိုက်ရှာ​နေကြတာ။ “ယေဟောဝါ​သက်သေတွေ အခွန်​မရှောင်​ဘူး” လို့ အရာရှိ​တစ်ယောက် ဝင်​ပြောပြီး စစ်သားတွေကို ပြန်​ခိုင်းတယ်။ ဘာ​သင်ခန်းစာ ရသလဲ။ သင် ဥပဒေ လိုက်နာတာ​ဟာ ယေဟောဝါသက်သေတွေရဲ့ နာမည်ကောင်း​ကို ထိန်းသိမ်း​နေတာပဲ။ အဲဒီ​နာမည်ကောင်း​က တစ်နေ့ ညီအစ်ကို/မတွေကို ကာကွယ်ပေးနိုင်တယ်။—မ. ၅:၁၆။

14. Unaunu khat in ukna thuneite ii ‘thu a man’ nadingin bang in huh a hiam?။

၁၄ အထက်အာဏာပိုင်တွေကို နာခံဖို့ အမြဲ မလွယ်ဘူး။ “နာခံဖို့ ကျွန်မအတွက် တော်တော့်ကို မလွယ်တာ။ မိသားစုဝင်​တချို့ကို အာဏာပိုင်တွေ မတရား​လုပ်ခဲ့လို့​လေ” ဆိုပြီး အမေရိကန် ပြည်ထောင်စု​က ညီအစ်မ ဂျိုအန်နာ ပြောတယ်။ ဒါပေမဲ့ အာဏာပိုင်တွေ​အပေါ် ထားတဲ့ အမြင် ပြောင်းဖို့ ဆုံးဖြတ်​လိုက်တယ်။ ပထမ၊ အာဏာပိုင်တွေကို အမြင်စောင်း​စေ​တဲ့ ပို့စ်တွေ လူမှု​မီဒီယာ​မှာ မဖတ်တော့ဘူး။ (ပညာ. ၂၀:၃) ဒုတိယ၊ အစိုးရ ကောင်း​လာဖို့ မျှော်နေ​မယ့်​အစား ယေဟောဝါကို မျှော်ကိုး​တတ်​ဖို့ ဆုတောင်းတယ်။ (ဆာ. ၉:၉၊ ၁၀) တတိယ၊ ကြားနေခြင်း​အကြောင်း အဖွဲ့အစည်းထုတ် ဆောင်းပါးတွေ ဖတ်တယ်။ (ယော. ၁၇:၁၆) အာဏာပိုင်တွေကို လေးစား​နာခံ​လို့ “ကိုယ့်​စိတ်​ကိုယ် လုံတယ်” ဆိုပြီး ဂျိုအန်နာ ပြောတယ်။

JEHOVAH’ PAWLPI PANA HONG PAI LAMLAHNA ZUI IN

15. Jehovah’ pawlpi pana hong pai lamlahna i zuih ding khat veivei ciang bang hangin haksa thei a hiam?

၁၅ အသင်းတော်မှာ “ဦးဆောင်တဲ့သူတွေကို နာခံ” ဖို့ ယေဟောဝါ တောင်းဆိုတယ်။ (ဟီ. ၁၃:၁၇) ခေါင်းဆောင် ယေရှု စုံလင်ပေမဲ့ ယေရှု သုံးနေတဲ့ ဦးဆောင်သူ ညီအစ်ကိုတွေ မစုံလင်ကြ​ဘူး။ အထူးသဖြင့်၊ ကိုယ် မ​လုပ်ချင်​တာ လုပ်ဖို့ လမ်းညွှန်​တဲ့အခါ နာခံဖို့ ခက်နိုင်တယ်။ တမန်တော် ပေတရု အဲဒီလို ဖြစ်ဖူးတယ်။ မောရှေ​ပညတ်မှာ မသန့်ရှင်း​ဘူး​လို့ သတ်မှတ်ထားတဲ့ တိရစ္ဆာန်တွေ စားဖို့ ကောင်းကင်တမန် ညွှန်ကြား​တော့ ငြင်းတယ်။ တစ်ကြိမ်​မ​က သုံးကြိမ်​တောင် ငြင်း​တာ။ (တ. ၁၀:၉-၁၆) ဘာကြောင့်လဲ။ မောရှေ​ပညတ်​အတိုင်း နေ​လာတာ ခေါက်ရိုး ကျိုး​နေပြီ။ လမ်းညွှန်ချက်​အသစ်က ယုတ္တိ​မရှိပုံ ပေါက်နေတယ်။ စုံလင်တဲ့ ကောင်းကင်တမန်​ရဲ့ လမ်းညွှန်ချက်ကို နာခံဖို့ ပေတရု​အတွက် ခက်တယ်​ဆိုရင် မစုံလင်သူတွေ​ရဲ့ လမ်းညွှန်ချက်ကို နာခံဖို့ ကျွန်တော်တို့အတွက်လည်း တစ်ခါတလေတော့ ခက်​မှာ​ပဲ။

16. Sawltak Paul in lamlahna a ngah pen sep ding kisam lo ci-a a ngaihsut theih hang, bang sem a hiam? (Sawltak 21:23, 24, 26)

၁၆ ယုတ္တိ​မရှိဘူးလို့ ခံစားရနိုင်တဲ့ လမ်းညွှန်ချက် ရလာချိန်မှာ​တောင် တမန်တော် ပေါလု “နာခံဖို့ အသင့်ရှိ” တယ်။ “မောရှေ​ပညတ် စွန့်လွှတ်ဖို့” ပေါလု သင်ပေးနေတယ်၊ မောရှေ​ပညတ်ကို မထီလေးစား လုပ်နေတယ်​ဆိုတဲ့ ကော​လာ​ဟ​လ ဂျူး​ခရစ်ယာန်တွေ ကြား​ထားကြတယ်။ (တ. ၂၁:၂၁) ဒါကြောင့် ပေါလု ပညတ်တရား လိုက်နာ​မှန်း သိသွား​အောင် ဗိမာန်တော်ကို လူ​လေးယောက် ခေါ်သွားပြီး မောရှေ​ပညတ်မှာ ပါတဲ့​အတိုင်း ကိုယ်ကို သန့်စင်​ဖို့ ဂျေရုဆလင်​မြို့က အကြီးအကဲတွေ ညွှန်ကြားတယ်။ ခရစ်ယာန်တွေ ပညတ်တရား​အောက် မရှိတော့မှန်း ပေါလု သိ​သား​ပဲ။ ပြီးတော့ ကိုယ့်ဘက်က ဘာ​အမှား​မှ လုပ်​မထားဘူး။ ဒါပေမဲ့ လမ်းညွှန်ချက်ကို ချက်ချင်း လိုက်နာတယ်။ ‘နောက်တစ်နေ့ ရောက်တော့ အဲဒီလူတွေကို ခေါ်သွားတယ်။ သူတို့နဲ့အတူ မောရှေ​ပညတ်မှာ ပါတဲ့​အတိုင်း ကိုယ်ကို သန့်စင်​တယ်။’ (တမန်တော် ၂၁:၂၃၊ ၂၄၊ ၂၆ ကို ဖတ်ပါ။) လမ်းညွှန်ချက် လိုက်နာ​လို့ အသင်းတော် ဆက်​စည်းလုံး​တယ်။—ရော. ၁၄:၁၉၊ ၂၁။

17. Stephanie’ tuahkhakna pan bang sin thei i hiam?

၁၇ ဌာနခွဲရုံးရဲ့ ဆုံးဖြတ်ချက်​တစ်ခု လက်ခံဖို့ ညီအစ်မ စတက်ဖနီ ခက်​ခဲ့တယ်။ ညီအစ်မ​တို့ ဇနီးမောင်နှံဟာ ဘာသာခြား​စကားပြော အုပ်စုမှာ အမှုဆောင်​နေကြတာ။ အုပ်စု ဖျက်ဖို့ ဌာနခွဲရုံး လမ်းညွှန်​လို့ မိခင်​ဘာသာစကားပြော အသင်းတော်မှာ ပြန်အမှုဆောင်​ကြရတယ်။ “ကျွန်မ သိပ်​မကျေနပ်​ဘူး။ မိခင်​ဘာသာစကားပြော ရပ်ကွက်မှာ ပို​လိုအပ်​မယ်​လို့ မထင်​ဘူး” ဆိုပြီး စတက်ဖနီ ပြောတယ်။ ဒါပေမဲ့ လမ်းညွှန်ချက်​အတိုင်း ပူးပေါင်း​လုပ်ဆောင်ဖို့ ဆုံးဖြတ်​လိုက်တယ်။ “ညီအစ်ကိုတွေ ဆုံးဖြတ်တာ ပညာရှိ​မှန်း နောက်ပိုင်း မြင်လာတယ်။ အသင်းတော်မှာ တော်တော်​များများ​က အမှန်တရားထဲ တစ်ကောင်​ကြွက်​လေး​တွေ။ သူတို့အတွက် ကျွန်မတို့ မိဘ​လို ဖြစ်လာတယ်။ ပြန်​လှုပ်ရှား​လာ​ခါ​စ ညီအစ်မ​တစ်ယောက်ကို ကျမ်းစာ သင်ပေးခွင့် ရတယ်။ ကိုယ်ပိုင်​လေ့လာမှု လုပ်ဖို့ အချိန် ပို​ထွက်လာတယ်။ နာခံဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ်​ဆိုတဲ့ သိစိတ်ကြောင့် စိတ်​ကြည်တယ်” လို့ ပြောတယ်။

18. Thu mang lehang bang hamphatna kingah a hiam?

၁၈ နာခံတတ်​ဖို့ သင်ယူ​နိုင်တယ်။ ယေရှုဟာ နာခံတတ်​ဖို့ လွယ်လင့်တကူ​လေး သင်ယူတာ မဟုတ်ဘူး။ “ဆင်းရဲဒုက္ခ ခံ” ပြီး သင်ယူတာ။ (ဟီ. ၅:၈) ကျွန်တော်တို့လည်း အကျဉ်း​ထဲ အကျပ်​ထဲ ရောက်ချိန်​မှာ သင်ယူ​ရနိုင်တယ်။ ကိုဗစ်-၁၉ ကပ်ရောဂါ စတော့ နိုင်ငံတော်​ခန်းမမှာ မ​စည်းဝေး​ဖို့၊ တစ်အိမ်တက်ဆင်း မသွားဖို့ လမ်းညွှန်​တုန်းက နာခံဖို့ ခက်​ခဲ့​သ​လား။ ခက်ပေမဲ့ နာခံ​ခဲ့​လို့ သင် ကာကွယ်​ခံရတယ်။ အသင်းတော် စည်းလုံး​တယ်။ ယေဟောဝါ စိတ်​ရွှင်လန်း​တယ်။ ကြီးစွာသောဒုက္ခအတွင်း ဘာ​လမ်းညွှန်ချက်​ပဲ ရ​ရ နာခံတတ်​ဖို့ အကျင့်​ရသွားပြီ။ နာခံ​မှ ကယ်တင်​ခံရမှာ။—ယောဘ ၃၆:၁၁။

19. Bang hangin thu mang nuam na hiam?

၁၉ နာခံမှု ရှိရင် ကောင်းချီး အများကြီး ရတယ်။ ဒါပေမဲ့ ယေဟောဝါကို ကျွန်တော်တို့ နာခံ​ရတဲ့ အဓိက အကြောင်းရင်း​က ချစ်လို့၊ စိတ်​ရွှင်လန်းစေ​ချင်လို့​ပဲ။ (၁ ယော. ၅:၃) ယေဟောဝါ လုပ်ပေးတဲ့ ကောင်းမှု​အားလုံး​အတွက် ကျေးဇူးဆပ်လို့ မကုန်နိုင်​ဘူး။ (ဆာ. ၁၁၆:၁၂) ဒါပေမဲ့ သင် လုပ်နိုင်တာ ရှိတယ်။ ယေဟောဝါနဲ့ အခွင့်အာဏာ ရှိသူတွေကို နာခံနိုင်တယ်။ နာခံတာက ဉာဏ်ပညာ ရှိကြောင်း ပြ​နေတာပဲ။ ဉာဏ်ပညာ ရှိတဲ့အခါ ယေဟောဝါ စိတ်​ရွှင်လန်း​တယ်။—ပညာ. ၂၇:၁၁။

NANGH BANGCI DAWNG DING?

  • Nu le pa’ thu i man nadingin bang in hong tawsawn ding a hiam?

  • “Ukna thuneite” ii thu i man nadingin bang in hong tawsawn ding a hiam?

  • Jehovah’ pawlpi pana hong pai lamlahnate mang dingin bang in hong tawsawn ding a hiam?

LA 89 နားထောင်၊ နာခံ၊ ကောင်းချီးစံ

a ကျွန်တော်တို့ဟာ မစုံလင်သူတွေ ဖြစ်တာမို့ လမ်းညွှန်ခွင့် ရှိလို့ လမ်းညွှန်​သူတွေကို​တောင် နာခံဖို့ တစ်ခါတလေ အခက်တွေ့ကြတယ်။ မိဘ၊ “အထက်အာဏာပိုင်တွေ၊” ခရစ်ယာန် အသင်းတော်မှာ ဦးဆောင်နေတဲ့ ညီအစ်ကိုတွေကို နာခံ​ရင် ဘာအကျိုး​ရမယ်ဆိုတာ ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။

b မိဘတွေ ထုတ်​တဲ့ စည်းကမ်း လိုက်နာဖို့ ခက်နေရင် ဘယ်လို ပြော​ပြနိုင်သလဲ​ဆိုတာနဲ့ပတ်သက်ပြီး “အိမ်စည်းကမ်း​နဲ့​ပတ်သက်လို့ မိဘတွေကို ဘယ်လို ပြော​ရမလဲ” ဆိုတဲ့ ဆောင်းပါးကို jw.org မှာ ကြည့်ပါ။

c ပုံအညွှန်း– နာမည်​စာရင်း ပေးပါ​ဆိုတဲ့ ရောမ ဧကရာဇ်​ရဲ့ အမိန့်ကို ယောသပ်နဲ့ မာရိ လိုက်နာပြီး ဘက်သလီဟင်​မြို့ ပြန်။ ဒီနေ့ခေတ် ခရစ်ယာန်တွေဟာ “အထက်အာဏာပိုင်တွေ” ထုတ်​တဲ့ ယာဉ်​စည်းကမ်း လမ်း​စည်းကမ်း၊ အခွန်​ဥပဒေ၊ ကျန်းမာရေး လမ်းညွှန်ချက်တွေကို လိုက်နာ။

    Chin (Tiddim) Publications (1987-2025)
    ထွက်ပါ
    ဝင်ပါ
    • Chin (Tedim)
    • ဝေမျှပါ
    • Na Deih Pen Teel In
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • A Zangte' Zuih Ding
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ