အောက်ခြေမှတ်ချက်
a ရှုရိပြည်အန္တိအုတ်မြို့သို့ ပေတရုလည်ပတ်ခဲ့သောအခါ တစ်ပါးအမျိုးသားယုံကြည်သူတို့နှင့် ရင်းနှီးစွာပေါင်းသင်းခဲ့သည်။ သို့သော် ယေရုရှလင်မြို့မှ ဂျူးခရစ်ယာန်များရောက်လာသောအခါ ပေတရုသည် “အရေဖျားလှီးခြင်းကိုခံသောသူတို့၏မျက်နှာကိုထောက်၍ တစ်ပါးအမျိုးသားတို့နှင့်မပေါင်းဝံ့။ တစ်ယောက်တခြားစီနေ၏။” ရိုသေလေးစားရသောတမန်တော်က ဘာသာပြောင်းဝင်လာသော တစ်ပါးအမျိုးသားတို့နှင့် မစားမသောက်တော့သည့်အခါ သူတို့မည်မျှဝမ်းနည်းမည်ကို စဉ်းစားကြည့်နိုင်သည်။—ဂလာတိ ၂:၁၁-၁၃။