အောက်ခြေမှတ်ချက်
a မည်သို့ဆိုစေ ခွင့်လွှတ်မှုကိုချင့်ချိန်ရာတွင် အခြားအကြောင်းအချက်များကိုလည်း ယေဟောဝါ ထည့်တွက်တော်မူသည်။ ဥပမာ၊ အမှားကျူးလွန်သူသည် ဘုရားသခင့်စံချိန်များကို မသိရှိပါက ထိုမသိရှိခြင်းက အပြစ်ဝန်ကိုပေါ့စေနိုင်သည်။ မိမိအား သေဒဏ်စီရင်သူများကို ခွင့်လွှတ်ရန် ခမည်းတော်အား ယေရှုတောင်းလျှောက်ခဲ့စဉ်က မိမိကိုသေခြင်းသို့ပို့ဆောင်သော ရောမစစ်သားများကို ကိုယ်တော်ပြောနေကြောင်း ထင်ရှားသည်။ သူတို့သည် အမှန်အားဖြင့် ကိုယ်တော်မည်သူဖြစ်ကြောင်းမသိ၍ ‘မိမိတို့ပြုသောအမှုကို မသိကြပါ။’ သို့သော် ထိုစီရင်ချက်၏နောက်ကွယ်တွင်ရှိသော ဘာသာရေးခေါင်းဆောင်များသည် သာ၍အပြစ်ကြီးလေးကြသည်—သူတို့များစွာလည်း အပြစ်လွှတ်ခြင်းခံရစရာအကြောင်းမရှိ။—ယောဟန် ၁၁:၄၅-၅၃; တမန်တော် ၁၇:၃၀ နှိုင်းယှဉ်။