ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၁၉
  • ဘုရားသခင်၏ နှုတ်ကပါဌ်တော်ဆိုတာ ဘယ်သူလဲ၊ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်၏ နှုတ်ကပါဌ်တော်ဆိုတာ ဘယ်သူလဲ၊ ဘာလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သမ္မာကျမ်းစာဖြေဆိုရာ
  • ယောဟန် ၁:၁—“အစအဦး၌ နှုတ်ကပါဌ်တော်ရှိ၏”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • အမည်ခံ နတ်ဘုရားများ
    နိုးလော့!—၂၀၀၅
  • “ခရစ်တော်ဘုရားဖြစ်ခြင်း” အကြောင်း ကျမ်းစာမည်သို့ဆိုသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ယေရှုကို ဘုရားသခင်ရဲ့ သားလို့ ဘာကြောင့် ခေါ်သလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၁၉
ယေရှုက ကျမ်းလိပ်ကိုကိုင်ပြီး ပြောနေ

ဘုရားသခင်၏ နှုတ်ကပါဌ်တော်ဆိုတာ ဘာလဲ၊ ဘယ်သူလဲ

သမ္မာကျမ်းစာဖြေဆိုရာ

“ဘုရားသခင်၏ နှုတ်ကပါဌ်တရားတော်” ဆိုတဲ့ အသုံးအနှုန်းဟာ အများအားဖြင့် ဘုရားဆီကလာတဲ့ သတင်းတရားတစ်ခု ဒါမှမဟုတ် အများစုကို ဆိုလိုတယ်။ (လုကာ ၁၁:​၂၈၊ ယုဒသန်ကျမ်း) တချို့နေရာမှာတော့ “ဘုရားသခင်၏ နှုတ်ကပါဌ်တော်” ဒါမှမဟုတ် “နှုတ်ကပါဌ်တော်” ကို ဘွဲ့အမည်အဖြစ် အသုံးပြုထားတယ်။​​—ဗျာဒိတ် ၁၉:၁၃။ ယောဟန် ၁:​၁၄။

ဘုရားဆီက သတင်းတရား။ ပရောဖက်တွေက ဘုရားဆီက တရားစကားကို သူတို့ဆင့်ဆိုတယ်လို့ အများအားဖြင့် ပြောကြတယ်။ ဥပမာ၊ ယေရမိဆိုရင် ကြိုဟောချက်တွေကို စပြောတိုင်း “ထာဝရဘုရား၏ နှုတ်ကပါဌ်တော်သည် ငါ့ဆီသို့ရောက်၍ မိန့်တော်မူသည်ကား” ဆိုပြီး နိဒါန်းပျိုးတယ်။ (ယေရမိ ၁:​၄၊ ၁၁၊ ၁၃။ ၂:၁) ရှောလုကို ပရောဖက်ရှမွေလက “ရပ်နေတော့။ ဘုရားသခင်၏အမိန့်တော် (နှုတ်ကပါဌ်တော်) ကို ငါပြန်မည်” ဟု ပြောပြီးမှ သူ့ကို ဘုရားက ဘုရင်အဖြစ်ခန့်တဲ့အကြောင်း ပြောပြတယ်။​​—၁ ဓမ္မရာဇဝင် ၉:၂၇။

ဘွဲ့နာမည်။ ကောင်းကင်မှာ ယေရှုခရစ်ဟာ နာမ်ဝိညာဉ်အဖြစ် ရှိတုန်းကရော၊ မြေကြီးပေါ်မှာ လူအဖြစ် ရှိတဲ့အခါမှာပါ “နှုတ်ကပါဌ်တော်” ဆိုတဲ့စကားလုံးကို သူ့ရဲ့ ဘွဲ့အမည်အဖြစ် ကျမ်းစာထဲမှာ အသုံးပြုထားတယ်။ ဘာကြောင့် အဲဒီလိုပြောနိုင်သလဲဆိုတာကို သုံးသပ်ကြည့်ရအောင်-

  • နှုတ်ကပါဌ်တော်ဟာ တခြား ဘာကိုမှ မဖန်ဆင်းခင် တည်ရှိခဲ့တယ်။ “အစအဦး၌ နှုတ်ကပါဌ်တော်ရှိ၏။ နှုတ်ကပါဌ်တော်သည် ဘုရားသခင်နှင့်အတူရှိ၏။” (ယောဟန် ၁:​၁၊ ၂) ယေရှုဟာ “ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ၏။ . . . သားတော်သည်လည်း ခပ်သိမ်းသောအရာမဖြစ်မီဖြစ်တော်မူ” ၏။​—ကောလောသဲ ၁:​၁၃-၁၅၊ ၁၇၊ ယုဒသန်ကျမ်း။

  • နှုတ်ကပါဌ်တော်ဟာ လူသားအဖြစ် မြေကြီးပေါ် ဆင်းလာခဲ့တယ်။ “နှုတ်ကပါဌ်တော်သည်လည်း လူ့ဇာတိကိုခံယူ၍ ငါတို့တွင် ရှိနေတော်မူ၏။” (ယောဟန် ၁:၁၄) ခရစ်တော်ယေရှုဟာ “မိမိပိုင်ဆိုင်သမျှကို စွန့်၍ ကျွန်၏ပုံသဏ္ဌာန်ကို ဆောင်ယူလျက် လူ့အသွင်ကို ခံယူတော်မူ၏။”​—ဖိလိပ္ပိ ၂:​၅-၇။

  • နှုတ်ကပါဌ်တော်ဟာ ဘုရားသားဖြစ်တယ်။ “နှုတ်ကပါဌ်တော်သည်လည်း လူ့ဇာတိကိုခံယူ” တယ်လို့ ပြောပြီးနောက် တမန်တော်ယောဟန်က “ကိုယ်တော်၏ ဘုန်းအသရေကို ငါတို့ ရှုမြင်ရကြပြီ။ ထိုဘုန်းအသရေသည် ခမည်းတော်၏တစ်ပါးတည်းသော သားတော်နှင့်ဆိုင်၏” ဆိုပြီး ဆက်ပြောတယ်။ (ယောဟန် ၁:၁၄) အဲဒီအပြင် ယောဟန်က ‘ယေရှုခရစ်ဟာ ဘုရားသခင့်သားတော်ဖြစ်တယ်’ လို့ရေးခဲ့သေးတယ်။​—၁ ယောဟန် ၄:၁၅။

  • နှုတ်ကပါဌ်တော်ဆီမှာ ဘုရားရဲ့အရည်အသွေးတွေရှိတယ်။ “နှုတ်ကပါဌ်တော်သည်လည်း ဘုရားတစ်ပါးဖြစ်တော်မူ၏။” (ယောဟန် ၁:၁) “သားတော်သည် ဘုရားသခင်၏ဘုန်းတော်ကို ရောင်ပြန်ဟပ်သည့်အပြင် ဘုရားသခင်၏အသွင်တူပုံသဏ္ဌာန် ဖြစ်တော်မူ၏။”​—ဟေဗြဲ ၁:​၂၊ ၃။

  • နှုတ်ကပါဌ်တော်ဟာ အစိုးရတဲ့ ဘုရင်ပါ။ နှုတ်ကပါဌ်တော်ရဲ့ ခေါင်းပေါ်မှာ “သရဖူများစွာ ဆောင်းထား၏” လို့ ကျမ်းစာကဆိုတယ်။ (ဗျာဒိတ် ၁၉:​၁၂၊ ၁၃) နှုတ်ကပါဌ်တော်ကို “ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏သခင်” လို့လည်း ခေါ်သေးတယ်။ (ဗျာဒိတ် ၁၉:၁၆) ယေရှုကိုလည်း “ဘုရင်တကာတို့၏ဘုရင်၊ သခင်တကာတို့၏သခင်” လို့ ခေါ်ကြတယ်။​—၁ တိမောသေ ၆:​၁၄၊ ၁၅။

  • နှုတ်ကပါဌ်တော်ဟာ ဘုရားရဲ့ ပြောရေးဆိုခွင့်ရှိသူလည်း ဖြစ်တယ်။ “နှုတ်ကပါဌ်တော်” ဆိုတဲ့ ဘွဲ့အမည် ရထားသူကို ဘုရားက သိစေချင်တဲ့ အချက်အလက်၊ ညွှန်ကြားချက်တွေကို ပြောခိုင်းမှာပဲ။ “ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်သည် မည်သို့ဟောပြောရမည်ကို ပညတ်ထားတော်မူပြီ။ . . . ထို့ကြောင့် ဟောပြောသမျှတို့ကို ခမည်းတော်မိန့်မှာထားသည့်အတိုင်း ငါဟောပြော၏” လို့ ယေရှုပြောတယ်။​—ယောဟန် ၁၂:​၄၉၊ ၅၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ