ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwfq ဆောင်းပါး ၂၂
  • ဘေးအန္တရာယ်ကြုံရသူတွေကို သင်တို့ ကူညီပေးသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘေးအန္တရာယ်ကြုံရသူတွေကို သင်တို့ ကူညီပေးသလား
  • ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဖွဲ့အစည်း
  • ငွေကြေးထောက်ပံ့မှု
  • ဘေးအန္တရာယ် ကျရောက်ပြီးနောက် အကူအညီ ပေးနိုင်ပုံ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ယေဟောဝါကို ချီးမွမ်းဂုဏ်တင်တဲ့ ကယ်ဆယ်ရေးလုပ်ငန်း
    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ
  • ကျွန်ုပ်တို့ မည်သို့ကူညီပေးနိုင်ကြသနည်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ဘေးအန္တရာယ် ကြုံနေတဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ ဘယ်လို ကူညီကြသလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
နောက်ထပ် ကြည့်ပါ
ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
ijwfq ဆောင်းပါး ၂၂

ဘေးအန္တရာယ်ကြုံရသူတွေကို သင်တို့ ကူညီပေးသလား

ယေဟောဝါသက်သေတွေက ဘေးအန္တရာယ်ကြုံတဲ့သူတွေကို ကူညီပေးကြပါတယ်။ ဒီကျမ်းစာညွှန်ကြားချက်နဲ့အညီ ကျွန်ုပ်တို့ဟာ ယေဟောဝါသက်သေတွေကိုရော တခြားသူတွေကိုပါ လက်တွေ့ကျတဲ့အကူအညီ ပေးကြတယ်– “ငါတို့သည် အခွင့်အခါသင့်နေသရွေ့ လူတိုင်းကို ကောင်းမှုပြုကြစို့။ အထူးသဖြင့် ယုံကြည်ခြင်း၌ ဆွေမျိုးတော်သူတို့ကို ကောင်းမှုပြုကြစို့။” (ဂလာတိ ၆:၁၀) ဘေးအန္တရာယ်ကြုံရသူတွေ အထူးလိုအပ်နေတဲ့ စိတ်ပိုင်းဆိုင်ရာအပြင် ဝတ်ပြုရေးဆိုင်ရာ အကူအညီတွေကိုလည်း ပေးကြတယ်။—၂ ကောရိန္သု ၁:၃၊ ၄။

အဖွဲ့အစည်း

ဘေးအန္တရာယ် ကျရောက်တဲ့ဒေသက အသင်းတော်အကြီးအကဲတွေဟာ အသင်းတော်နဲ့ ပူးပေါင်းနေသူအားလုံး အန္တရာယ် ကင်းမကင်းနဲ့ သူတို့လိုအပ်တဲ့အကူအညီတွေကို သိရှိဖို့ ကြိုးစားဆက်သွယ်ကြတယ်။ ပြီးတဲ့အခါ အကြီးအကဲတွေက တွေ့ရှိချက်တွေနဲ့ ချက်ချင်းလုပ်ဆာင်ခဲ့တဲ့ ကယ်ဆယ်ရေးလုပ်ဆောင်ချက်တွေကို ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးကို အကြောင်းကြားတယ်။

အဲဒီဒေသက အသင်းတော်တွေဟာ လိုအပ်တဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို မထောက်ပံ့ပေးနိုင်ဘူးဆိုရင် ယေဟောဝါသက်သေတွေရဲ့ အုပ်ချုပ်ရေးအဖွဲ့က လိုအပ်ရာကို ထောက်ပံ့ဖို့ စီစဉ်ပေးတယ်။ ဒီအစီအစဉ်က ပထမရာစုခရစ်ယာန်တွေ အစာခေါင်းပါးချိန်မှာ အချင်းချင်း ကူညီပေးတဲ့အစီအစဉ်နဲ့ တူတယ်။ (၁ ကောရိန္သု ၁၆:၁–၄) ကယ်ဆယ်ရေးလုပ်ငန်းကို စီစဉ်ညွှန်ကြားပေးမယ့် ဘေးအန္တရာယ် ကယ်ဆယ်ရေးကော်မတီကို အဲဒီဒေသမှာရှိတဲ့ ဌာနခွဲရုံးက ဖွဲ့စည်းပေးတယ်။ တခြားဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေကလည်း သူတို့ရဲ့အချိန်တွေနဲ့ ဥစ္စာပစ္စည်းတွေသုံးပြီး စေတနာအလျောက် အကူအညီပေးကြတယ်။—သုတ္တံ ၁၇:၁၇။

ငွေကြေးထောက်ပံ့မှု

ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးတွေဆီ ပို့ပေးတဲ့အလှူငွေတွေကို တခြားကိစ္စတွေအပြင် ကယ်ဆယ်ရေးအတွက်လည်း အသုံးပြုတယ်။ (တမန်တော် ၁၁:၂၇–၃၀; ၂ ကောရိန္သု ၈:၁၃–၁၅) ကယ်ဆယ်ရေးလုပ်ငန်းကို အခကြေးငွေမယူတဲ့ စေတနာ့ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့အတွက် အလှူငွေတွေကို ကယ်ဆယ်ရေးလုပ်ဆောင်မှုတွေမှာပဲ အသုံးပြုတယ်။ အလှူငွေတွေကို အကျိုးရှိရှိ အသုံးပြုကြတယ်။—၂ ကောရိန္သု ၈:၂၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ