ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၄ နိုဝင်ဘာ စာ. ၃၁
  • လေ့လာမှု မှန်မှန် လုပ်နိုင်ဖို့ အကူအညီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လေ့လာမှု မှန်မှန် လုပ်နိုင်ဖို့ အကူအညီ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိသားစုဇယား—မိသားစုသင်အံမှု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • လေ့လာမှုသည် အကျိုးဖြစ်ထွန်းစေ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • မလုပ်နိုင်ဘူးလို့ မယူဆပါနဲ့—အလုပ်များပေမဲ့ လုပ်ဆောင်ပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • လူတိုင်းအတွက် ကျမ်းစာလေ့လာမှုအစီအစဉ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
က၂၄ နိုဝင်ဘာ စာ. ၃၁
လက်တော့ပ်၊ ကျမ်းစာ၊ မှတ်စုစာအုပ် သုံးပြီး ညီအစ်မတစ်ယောက် ကိုယ်ပိုင်လေ့လာမှု လုပ်နေ။ “ကမ္ဘာသစ်ဘာသာပြန်ကျမ်း” နောက်ဆက်တွဲ ခ၉ မှာ ပါတဲ့ “ဒံယေလကြိုဟောတဲ့ ကမ္ဘာ့အာဏာစက်များ” ဇယားကို အသုံးပြုနေ။

လေ့လာမှု မှန်မှန် လုပ်နိုင်ဖို့ အကူအညီ

လေ့လာမှု မှန်မှန် လုပ်ဖို့ ခက်သလား။ လေ့လာရတာ တစ်ခါတလေ ငြီးငွေ့သလား။ ကျွန်တော်တို့အားလုံး အဲဒီလိုဖြစ်ဖူးကြမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ ပုံမှန် လုပ်ကိုလုပ်ရတဲ့ အရာတွေအကြောင်း စဉ်းစားကြည့်လိုက်ပါ။ ရေချိုးတာလိုမျိုးပေါ့။ အချိန်ပေးရတဲ့ အလုပ်တစ်ခု ဖြစ်ပေမဲ့ ရေချိုးပြီးသွားတဲ့အခါ လန်းဆန်းသွားတယ်။ အဲဒီလိုပဲ ကျမ်းစာလေ့လာတာဟာ အချိန်ပေးရတဲ့ အလုပ်တစ်ခု ဖြစ်ပေမဲ့ “တရားစကားတော်ရေနဲ့ ဆေးကြော” လိုက်တာ ဖြစ်လို့ လေ့လာပြီးသွားတဲ့အခါ လန်းဆန်းသွားတယ်။ (ဧ. ၅:၂၆) ဒါကြောင့် လေ့လာမှု မှန်မှန် လုပ်နိုင်ဖို့ အောက်ပါ အကြံပြုချက်တွေကို စမ်းကြည့်ပါ–

  • အချိန်ဇယား ဆွဲပါ။ ခရစ်ယာန်တစ်ယောက် လျစ်လျူမရှုရမယ့် “ပိုအရေးကြီးတဲ့အရာတွေ” ထဲမှာ ကိုယ်ပိုင်လေ့လာမှု ပါတယ်။ (ဖိ. ၁:၁၀) လေ့လာမယ့်အချိန်ကို မေ့မသွားဖို့ လေ့လာမှုအချိန်ဇယားကို ရေခဲသေတ္တာ၊ စာကြည့်စားပွဲနံရံလိုမျိုး ထင်သာမြင်သာရှိတဲ့ နေရာမှာ ကပ်ထားပါ။ ဒါမှမဟုတ် လေ့လာမှု လုပ်မယ့်အချိန် မတိုင်ခင် အချက်ပေးဖို့ ဖုန်းဆက်တင် ချိန်ထားပါ။

  • ကိုယ်နဲ့ ကိုက်မယ့်ပုံစံနဲ့ လေ့လာပါ။ ဘယ်လို လေ့လာရတာ ကြိုက်သလဲ။ တစ်ထိုင်တည်း ကြာကြာ လေ့လာရတာ ကြိုက်သလား။ အချိန်ခွဲပြီး ခဏခဏ လေ့လာရတာ ကြိုက်သလား။ ကိုယ့်အကြောင်းကိုယ် အသိဆုံး ဖြစ်လို့ ကိုယ်နဲ့ ကိုက်မယ့်ပုံစံနဲ့ လေ့လာပါ။ လေ့လာမယ့် အချိန်ရောက်ပေမဲ့ လေ့လာဖို့ စိတ်မပါရင်ကော။ ဆယ်မိနစ်လောက်ပဲ လေ့လာကြည့်ပါ။ ဘာမှ မလေ့လာတာထက် ဆယ်မိနစ်လောက် လေ့လာလိုက်တာ အကျိုးရှိတယ်။ လေ့လာမှုက စလုပ်ဖို့ပဲ ခက်တာပါ။ စလိုက်ပြီဆိုရင် ဆက်လေ့လာချင်လာမယ်။—ဖိ. ၂:၁၃။

  • ဘာလေ့လာမလဲ ကြိုစဉ်းစားထားပါ။ လေ့လာရမယ့် အချိန်ရောက်မှ ဘာလေ့လာမလဲ ထိုင်စဉ်းစားနေတာဟာ “အချိန်ကို အကျိုးရှိရှိ အသုံးချ” ရာမရောက်ဘူး။ (ဧ. ၅:၁၆) ဒါကြောင့် လေ့လာချင်တဲ့ ဆောင်းပါးတွေ၊ ခေါင်းစဉ်တွေကို စာရင်းလုပ်ထားပါ။ သိချင်တဲ့ အကြောင်းအရာတစ်ခုခု ခေါင်းထဲ ပေါ်လာတာနဲ့ လေ့လာမှုစာရင်းထဲ မှတ်ထားလိုက်ပါ။ လေ့လာမှု တစ်ခါပြီးတိုင်း ထပ်လေ့လာချင်တဲ့ အကြောင်းအရာတွေကို လေ့လာမှုစာရင်းထဲ မှတ်ထားပါ။

  • ပြောင်းသာလဲသာရှိပါ။ အချိန်ဘယ်လောက် လေ့လာမလဲ၊ ဘာအကြောင်း လေ့လာမလဲဆိုတာ တရားသေ သတ်မှတ်မထားပါနဲ့။ ဘယ်အချိန်၊ ဘယ်လောက်ကြာကြာ၊ ဘာအကြောင်း လေ့လာသလဲဆိုတာ အဓိက မဟုတ်ဘူး။ မှန်မှန် လေ့လာဖို့က အဓိကပါ။

လေ့လာမှု မှန်မှန် လုပ်တဲ့အခါ တကယ် အကျိုးရတယ်။ ယေဟောဝါဘုရားနဲ့ ရင်းနှီးသည်ထက် ရင်းနှီးလာမယ်။ ပညာရှိရှိ လုပ်ဆောင်တတ်လာမယ်။ လန်းဆန်းလာမယ်။—ယောရှု ၁:၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ