ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၃ ဩဂုတ် စာ. ၃၂
  • လေ့လာစရာ အကြံပြုလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လေ့လာစရာ အကြံပြုလွှာ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါရဲ့ အဖိုးတန် အရည်အသွေးတွေအကြောင်း ထပ်ဆင့် ရှာဖွေ ပါ
  • ဘုရားရေးရာ ရတနာတွေ တူးဖော်ပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၄
  • Index စာအုပ်သည် မိသားစုကိုမည်သို့အကျိုးပြုနိုင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • ယေဟောဝါဟာ ဘယ်လို ဘုရားသခင်မျိုးလဲ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ယေဟောဝါသက်သေများအဖြစ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
က၂၃ ဩဂုတ် စာ. ၃၂

လေ့လာစရာ အကြံပြုလွှာ

ယေဟောဝါရဲ့ အဖိုးတန် အရည်အသွေးတွေအကြောင်း ထပ်ဆင့် ရှာဖွေ ပါ

ကျမ်းစာ ဖတ်တဲ့အခါ ဖတ်တာကို ပိုနားလည်ဖို့ လေ့လာမှု ကိရိယာ အမျိုးမျိုး သုံးပြီး ထပ်ဆင့် ရှာဖွေနိုင်တယ်။ ဒါပေမဲ့ ကျမ်းစာ အသိပညာ တိုးဖို့သက်သက် မဟုတ်ဘူး။ ဘုရားအပေါ် ထားတဲ့ မေတ္တာ တိုးလာဖို့ပါ။ မေတ္တာ တိုးလာဖို့ ဘုရားရဲ့ အရည်အသွေးတွေအကြောင်း လေ့လာတာက ကူညီပေးတယ်။ ဒါကြောင့် ကျမ်းစာ ဖတ်တဲ့အခါ ‘ဒီကျမ်းမှတ်တမ်းက ယေဟောဝါအကြောင်း ငါ့ကို ဘာသင်ပေးနေသလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။

ဥပမာ၊ မေတ္တာ၊ ဉာဏ်ပညာ၊ တရားမျှတမှု၊ တန်ခိုးစတဲ့ အရည်အသွေးတွေကို ယေဟောဝါ ဘယ်လို ပြသလဲဆိုတဲ့ အထောက်အထားတွေ ရှာနိုင်တယ်။ ဒါပေမဲ့ ဘုရားမှာ ဒီအရည်အသွေးတွေပဲ ရှိတာ မဟုတ်ဘူး။ ကျွန်တော်တို့ သင်ယူနိုင်စရာ တခြား အံ့ဖွယ် အရည်အသွေး အများကြီး ရှိသေးတယ်။ ဘယ်မှာ ထပ်ဆင့် ရှာဖွေနိုင်မလဲ။

ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှု လမ်းညွှန် စာအုပ်၊ “ယေဟောဝါ ဘုရားသခင်” ဆိုတဲ့ ခေါင်းစဉ်အောက်က “ယေဟောဝါရဲ့ အရည်အသွေးများ” ဆိုတဲ့ ခေါင်းစဉ်ခွဲမှာ အရည်အသွေး အများကြီး ဖော်ပြထားတယ်။ သင် ကျမ်းစာ ဖတ်တဲ့အခါ သတိထားမိတဲ့ ယေဟောဝါရဲ့ အရည်အသွေး တစ်ခုအကြောင်း အဲဒီခေါင်းစဉ်အောက်မှာ ထပ်ဆင့် ရှာဖွေကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ