ခရစ်ယာန်အသက်တာလမ်းစဉ်
“ဒင်္ဂါးငယ် နှစ်ပြား” ရဲ့ တန်ဖိုး
မုဆိုးမရဲ့ အလှူငွေဟာ ဈေးပေါတဲ့ အစာတစ်နပ်တောင် ဝယ်လို့ မရဘူး။ (က၀၈ ၃/၁ စ. ၁၂ ပိုဒ်. ၁-၃) ဒါပေမဲ့ သူ့ရဲ့ အလှူငွေက ယေဟောဝါရဲ့ အစီအစဉ်ကို သူ ဘယ်လောက် မြတ်နိုး တန်ဖိုးထားမှန်း ဖော်ပြတယ်။ အဲဒါကြောင့် သူ့ရဲ့ အလှူငွေက ကောင်းကင်ဖခင် အမြင်မှာ အလွန် တန်ဖိုးရှိတယ်။—မာ ၁၂:၄၃။
‘ယေဟောဝါဘုရားအတွက် ပေးလှူ’ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–
အလှူငွေတွေကို ဘယ်နေရာတွေမှာ သုံးသလဲ။
ကျွန်တော်တို့ ထည့်တဲ့ အလှူငွေက နည်းတယ်လို့ ထင်ရရင်တောင် ဘာကြောင့် တန်ဖိုးရှိသလဲ။
ကိုယ့်နိုင်ငံမှာ လှူဒါန်းနိုင်တဲ့ နည်းလမ်းတွေကို ပိုသိအောင် ဘယ်လို လေ့လာနိုင်သလဲ။—“အွန်လိုင်းမှာ လေ့လာကြည့်ပါ” လေးထောင့်ကွက်ကို ကြည့်ပါ