ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb20 မေ စာ. ၃
  • ကြိုတင်ပြင်ဆင်ထားသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြိုတင်ပြင်ဆင်ထားသလား
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • “နောက်ဆုံးကာလ” ရဲ့ အဆုံးပိုင်းအချိန်အတွက် ပြင်ဆင်ထားပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • သဘာဝဘေးဒဏ်အတွက်ကြိုတင်ပြင်ဆင်ပြီးပြီလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ပြည်တွင်း မငြိမ်သက်မှုအတွက် ပြင်ဆင်ပြီးပြီလား
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
  • ခက်ခဲချိန်တွေမှာ ခံရပ်နိုင်ဖို့ တခြားသူတွေကို ကူညီပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
mwb20 မေ စာ. ၃
မိသားစုတစ်စု အရေးပေါ်အိတ် ပြင်ဆင်နေကြစဉ်။

ခရစ်ယာန်အသက်တာလမ်းစဉ်

ကြိုတင်ပြင်ဆင်ထားသလား

ညီအစ်ကို/မတို့ရဲ့ ဒေသမှာ သဘာဝဘေး ကျရောက်တယ်ဆိုပါစို့၊ အသင့် ပြင်ဆင်ထားသလား။ ငလျင်၊ မုန်တိုင်း၊ တောမီး၊ ရေဘေးတွေ ရုတ်တရက် ကျရောက်လာနိုင်တယ်၊ အပျက်အစီးလည်း များနိုင်တယ်။ အဲဒီအပြင် အကြမ်းဖက်တိုက်ခိုက်မှု၊ ဆူပူအုံကြွမှု၊ ကူးစက်ရောဂါတွေလည်း အချက်မပြဘဲ ဘယ်နေရာမှာမဆို ဖြစ်နိုင်တယ်။ (ဒေ ၉:၁၁) ကိုယ့်ဒေသမှာ အဲဒီလို ဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူးလို့ မယူဆသင့်ဘူး။

သဘာဝဘေးအတွက် သင့်တော်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ယောက်တိုင်း လုပ်ထားရမယ်။ (ပ ၂၂:၃) သဘာဝဘေး ကျရောက်တဲ့အချိန်မှာ ယေဟောဝါရဲ့အဖွဲ့အစည်းက အတိုင်းအတာတစ်ခုအထိ ကူညီပေးတာ မှန်ပေမဲ့ ကျွန်တော်တို့ဘက်ကလည်း ကြိုတင်ပြင်ဆင်ထားဖို့ တာဝန်ရှိတယ်။—ဂ ၆:၅။

သဘာဝဘေးဒဏ်အတွက် ပြင်ဆင်ပြီးပြီလား ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • သဘာဝဘေး ကျရောက်တဲ့အခါ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိစေဖို့ ညီအစ်ကိုတစ်ယောက် ကျမ်းစာဖတ်နေစဉ်။

    သဘာဝဘေး ကျရောက်တဲ့အခါ ယေဟောဝါနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိတာက ဘယ်လို ကူညီပေးနိုင်သလဲ။

  • ဆက်သွယ်ရမယ့် အချက်အလက်နဲ့ ဖုန်းတစ်လုံး ထည့်ထားတဲ့ အရေးပေါ်အိတ်။

    အောက်ပါအချက်တွေကို လုပ်ဆောင်ဖို့ ဘာကြောင့် အရေးကြီးသလဲ–

    • • သဘာဝဘေး မတိုင်ခင်၊ အတောအတွင်းနဲ့ ပြီးတဲ့နောက်မှာ အကြီးအကဲတွေနဲ့ ဆက်သွယ်ရေးကောင်း ရှိနေဖို့။

    • • အရေးပေါ်အိတ်တစ်ခု ပြင်ဆင်ထားဖို့။—န၁၇.၅ ၆

    • • ဖြစ်လာနိုင်တဲ့ ဘဘာဝဘေး အမျိုးအစားနဲ့ အခြေအနေတစ်ခုစီမှာ ဘာလုပ်မလဲဆိုတာ ဆွေးနွေးတိုင်ပင်ထားဖို့။

  • ရုပ်ပုံများ– သဘာဝဘေး ကျရောက်ချိန်မှာ တခြားသူတွေကို ကူညီနိုင်တဲ့ နည်းလမ်းများ– ၁။ ညီအစ်ကိုတစ်ယောက် ဆုတောင်းနေစဉ်။ ၂။ သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းမှာ စေတနာ့ဝန်ထမ်းတွေ ကူညီပေးနေစဉ်။ ၃။ ညီအစ်ကိုတစ်ယောက်က နိုင်ငံတော်ခန်းမမှာရှိတဲ့ အလှူငွေသေတ္တာထဲ ပိုက်ဆံထည့်နေစဉ်။

    တခြားသူတွေ သဘာဝဘေး ကြုံတွေ့တဲ့အခါ ကူညီပေးနိုင်တဲ့ နည်း ၃ နည်းက ဘာလဲ။

သင် ကူညီပေးနိုင်သလား

သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းမှာ စေတနာ့ဝန်ထမ်းတွေ အများကြီး လိုအပ်ပါတယ်။ ကူညီပေးချင်တယ်ဆိုရင် အကြီးအကဲတွေကို ချက်ချင်း အကြောင်းကြားပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ