ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဗျာဒိတ် ၁၃-၁၆
ကြောက်စရာကောင်းတဲ့ သားရဲတွေကို မကြောက်နဲ့
ဗျာဒိတ် အခန်းကြီး ၁၃ မှာပါတဲ့ သားရဲတွေက ဘယ်သူလဲဆိုတာ သိလာတဲ့အခါ သူတို့ကို မကြောက်အောင်၊ တခြားသူတွေ သူတို့ကို ထောက်ခံသလို မထောက်ခံမိအောင် အကူအညီဖြစ်စေပါတယ်။
သားရဲတစ်ကောင်ချင်းစီကို သက်ဆိုင်ရာနဲ့ တွဲပေးပါ
သားရဲတွေ
နဂါး။—ဗ ၁၃:၁
ချိုဆယ်ချောင်းနဲ့ ခေါင်းခုနစ်လုံးရှိတဲ့ သားရဲ။—ဗ ၁၃:၁၊ ၂
သိုးသငယ်လို ချိုနှစ်ချောင်းရှိတဲ့ သားရဲ။—ဗ ၁၃:၁၁
သားရဲရဲ့ ရုပ်တု။—ဗ ၁၃:၁၅
အာဏာစက်တွေ
အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက်
နိုင်ငံပေါင်းချုပ်အသင်းနဲ့ သူ့ကို ဆက်ခံတဲ့ ကုလသမဂ္ဂ
စာတန်မာရ်နတ်
ဘုရားသခင်ကို ဆန့်ကျင်တဲ့ အစိုးရအားလုံး