ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ပေတရု ၃-၅
“အရာခပ်သိမ်းရဲ့ အဆုံး ရောက်ခါနီးပြီ”
ကမ္ဘာမှာ တစ်ခါမှ မကြုံဖူးတဲ့ အကြီးဆုံးဒုက္ခကို ကျွန်တော်တို့ မကြာခင် ရင်ဆိုင်ရတော့မယ်။ အခုရော၊ အနာဂတ်မှာပါ ဆက်သစ္စာတည်ကြည်နေဖို့ ဘယ်လို လုပ်နိုင်သလဲ။
ဆုတောင်းချက်ပုံစံ အမျိုးမျိုးနဲ့ အမြဲဆုတောင်းနေပါ
ညီအစ်ကို/မတွေကို နှစ်နှစ်ကာကာ ချစ်တဲ့မေတ္တာ မွေးမြူပါ၊ သူတို့နဲ့ ရင်းရင်းနှီးနှီး နေပါ
ဧည့်ဝတ်ကျေပွန်ပါ
ကိုယ့်ကိုယ်ကိုယ် မေးပါ– ‘ကိုယ့်အသင်းတော်နဲ့ ကမ္ဘာတစ်ဝန်းက ညီအစ်ကို/မတွေကို နှစ်နှစ်ကာကာ ချစ်ကြောင်း၊ ဧည့်ဝတ်ကျေပွန်ကြောင်း လက်တွေ့ကျတဲ့ ဘယ်နည်းတွေနဲ့ ငါ ဖော်ပြနိုင်သလဲ’