ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ကောလောသဲ ၁-၄
စရိုက်ဟောင်းကို ချွတ်ပယ်ပြီး စရိုက်သစ်ကို ဝတ်ဆင်ကြပါ
ညီအစ်ကို/မတို့ အမှန်တရားသိလာတဲ့အခါ အကျင့်စရိုက်တွေ အများကြီး ပြုပြင်ခဲ့ရသလား။ ပြုပြင်ဖို့ ကြိုးစားအားထုတ်ခဲ့တာကို ယေဟောဝါ နှစ်သက်မယ်ဆိုတာ သေချာပါတယ်။ (ယဇ ၃၃:၁၁) ဒါပေမဲ့ စရိုက်ဟောင်းရဲ့ အကျင့်တွေ ပြန်မပေါ်လာအောင်၊ စရိုက်သစ်အတိုင်း ဆက်ကျင့်ကြံပြုမူနိုင်အောင် မပြတ် ကြိုးစားအားထုတ်နေဖို့ လိုတယ်။ ဆက်တိုးတက်ဖို့လိုနေတဲ့ ကဏ္ဍတွေကို သိမြင်နိုင်အောင် ဒီမေးခွန်းတွေကို ဖြေကြည့်ပါ–
ကိုယ့်အပေါ် မတရားလုပ်ခဲ့သူကို စိတ်ဆိုးနေတုန်းလား။
အလျင်လိုနေ၊ ပင်ပန်းနေတဲ့အခါမှာတောင် စိတ်ရှည်သလား။
အကျင့်ပျက်အတွေး ဝင်လာတဲ့အခါ ချက်ချင်း ထုတ်ပစ်သလား။
လူမျိုးခြား၊ နိုင်ငံခြားသားတွေကို အဆိုးမြင်တဲ့ သဘောထားရှိသလား။
မကြာသေးခင်က တစ်ယောက်ယောက်ကို မကြင်မနာ ပြောမိသလား၊ ဒေါသထွက်ခဲ့သလား။