သုတေသနပြုဖို့ ကိရိယာအသစ်
ကမ္ဘာတစ်ဝန်းက ကြေညာသူသန်းပေါင်းများစွာဟာ ကင်းမျှော်စင်စာပေများအညွှန်းကို အသုံးပြုပြီး သုတေသနပြုလုပ်နေကြတယ်။ ဒါပေမဲ့ ဒီစာအုပ်က အကြောင်းအရာများပြီး အသေးစိတ်ကျလွန်းတဲ့အတွက် ဘာသာစကားအနည်းငယ်နဲ့ပဲ ရနိုင်တယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှုလမ်းညွှန် ဆိုတဲ့စာအုပ်ကို ဘာသာစကားပေါင်း ၁၇၀ လောက်နဲ့ ပြင်ဆင်ပေးထားပါတယ်။ လေ့လာမှုလမ်းညွှန်မှာ ရည်ညွှန်းထားတဲ့စာပေတွေဟာ အဓိကအားဖြင့် ၂၀၀၀ ပြည့်နှစ်နဲ့ နောက်ပိုင်းထုတ်စာပေတွေ ဖြစ်တယ်။ တချို့ဘာသာစကားတွေမှာ ကင်းမျှော်စင်စာပေများအညွှန်း ရှိတယ်ဆိုရင် ကျမ်းစာလေ့လာမှုလမ်းညွှန်စာအုပ်ကို မထုတ်ပေးတော့ဘူး။ ဒါပေမဲ့ ဒီစာအုပ်ကို ကင်းမျှော်စင်စာကြည့်တိုက်နဲ့ ကင်းမျှော်စင် အွန်လိုင်းစာကြည့်တိုက်တို့မှာ အီလက်ထရောနစ်ပုံစံနဲ့ ဖတ်ရှုနိုင်တယ်။ ကျမ်းစာလေ့လာမှုလမ်းညွှန်စာအုပ်က ကျမ်းစာမေးခွန်းတွေကို အဖြေရှာတဲ့အခါ၊ ကိုယ်ပိုင်သိချင်တာတွေ ရှာဖွေတဲ့အခါ၊ အသင်းတော်အစည်းအဝေးအတွက် ပြင်ဆင်တဲ့အခါ၊ မိသားစုဝတ်ပြုမှုလုပ်တဲ့အခါ အထောက်အကူပြုပါတယ်။