မယုံကြည်သူအိမ်ထောင်ဖက်တစ်ဦးကို ကြိုးစားကူညီပေးနိုင်မည်လော
၁။ မယုံကြည်တဲ့အိမ်ထောင်ဖက်ကို အမှန်တရားလက်ခံလာအောင်ကူညီပေးလိုသူတွေက ဘာကြောင့် ယုံကြည်ခြင်းမတူတဲ့အိမ်ထောင်မှာရှိတဲ့ခရစ်ယာန်တွေသာ မဟုတ်သလဲ။
၁ သင့်အသင်းတော်မှာရှိတဲ့ကြေညာသူတချို့မှာ မယုံကြည်သူအိမ်ထောင်ဖက်ရှိသလား။ ရှိတယ်ဆိုရင် အဲဒီကြေညာသူတွေက သူတို့ရဲ့အိမ်ထောင်ဖက်ကို စစ်မှန်တဲ့ဝတ်ပြုရေးမှာ လာပူးပေါင်းစေချင်မှာသေချာတယ်။ ဒါပေမဲ့ သူတို့ပဲ မဟုတ်ဘူး။ အသင်းတော်တစ်ခုလုံးကလည်း “လူအမျိုးမျိုးတို့သည် ကယ်တင်ခံရ၍ အမှန်တရားဆိုင်ရာ တိကျမှန်ကန်သောအသိပညာကို သိရှိ” စေချင်တဲ့ ဘုရားသခင်ရဲ့ဆန္ဒမျိုးရှိကြတယ်။ (၁ တိ. ၂:၄) အသင်းတော်မှာရှိတဲ့ ကြေညာသူတွေရဲ့မယုံကြည်တဲ့အိမ်ထောင်ဖက်ကို ကျွန်တော်တို့ ဘယ်လိုကြိုးစားကူညီပေးနိုင်ကြမလဲ။
၂။ ထိုးထွင်းသိမြင်မှုရှိခြင်းက မယုံကြည်တဲ့အိမ်ထောင်ဖက်တစ်ဦးကိုကူညီရာမှာ ကျွန်တော်တို့ကို ဘယ်လိုထောက်ကူပေးမလဲ။
၂ ဦးဆုံး၊ ကိစ္စရပ်ကို မယုံကြည်သူဘက်ကနေ ကြည့်မြင်တတ်ဖို့ ကြိုးစားသင့်တယ်။ မယုံကြည်တဲ့အိမ်ထောင်ဖက်တွေက သူတို့ရဲ့မိသားစုကိုချစ်ပြီး အိမ်ထောင်ဖက်ကောင်း၊ မိဘကောင်းဖြစ်ဖို့ကြိုးစားကြတယ်။ သူတို့ရဲ့စိတ်ရင်းမှန်နဲ့ယုံကြည်တဲ့ ဘာသာရေးယုံကြည်ချက်ဟာ ကျွန်တော်တို့နဲ့ မတူညီတာလောက်ပဲဖြစ်တယ်။ သက်သေခံတွေကိုမသိတဲ့ ဒါမှမဟုတ် စိတ်စွန်းကွက်တဲ့ သူတို့ရဲ့အပေါင်းအသင်းတွေပြောတာလောက်ပဲ ယေဟောဝါသက်သေတွေအကြောင်း သိကြပါလိမ့်မယ်။ တချို့က သူတို့ရဲ့အိမ်ထောင်ဖက်တွေ အရင်က မိသားစုအတွက်ပေးတဲ့အချိန်ကို အခု ဝတ်ပြုရေးအတွက်ပေးလိုက်လို့ မနှစ်သက်ကြဘူး။ ထိုးထွင်းသိမြင်ခြင်းက မယုံကြည်သူတစ်ဦးကို ကြင်နာစွာ၊ လေးစားစွာ ပြောဆိုဆက်ဆံစေပြီး သူနဲ့အတူရှိနေချိန်မှာ အလွန်စိတ်ကသိကအောင့်မဖြစ်အောင် ကျွန်တော်တို့ကို ထောက်ကူပေးမှာဖြစ်တယ်။—သု. ၁၆:၂၀-၂၃။
၃။ မယုံကြည်သူတစ်ဦးကိုသွေးဆောင်နိုင်တဲ့ အကောင်းဆုံးနည်းက ဘာလဲ။
၃ ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု– မယုံကြည်တဲ့အိမ်ထောင်ဖက်တစ်ဦး အမှန်တရားလက်ခံလာအောင် သွေးဆောင်နိုင်တဲ့အကောင်းဆုံးနည်းက များသောအားဖြင့် အစပိုင်းမှာတော့ ကျမ်းစာဆွေးနွေးမှုကနေမဟုတ်ဘဲ ကျွန်တော်တို့ရဲ့ အမူအကျင့်အားဖြင့် ဖြစ်တယ်။ (၁ ပေ. ၃:၁၊ ၂) ဒီကိစ္စမှာအရေးကြီးတာက ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှု တင်ပြဖို့ဖြစ်တယ်။ အသင်းတော်မှာရှိတဲ့ညီအစ်မတွေက မယုံကြည်တဲ့ဇနီးသည်ကို၊ ညီအစ်ကိုတွေက မယုံကြည်တဲ့ခင်ပွန်းသည်ကို စိတ်ဝင်စားမှုပြနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။
၄။ ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုကို ကျွန်တော်တို့ ဘယ်လိုတင်ပြနိုင်မလဲ။
၄ မယုံကြည်သူအိမ်ထောင်ဖက်တစ်ဦးကို မတွေ့ဖူးသေးဘူးဆိုရင် ခရစ်ယာန်ဖြစ်တဲ့ သူ့အိမ်ထောင်ဖက်နဲ့တိုင်ပင်ပြီး သွားတွေ့နိုင်ပါတယ်။ သူ့ရဲ့အစပိုင်း တုံ့ပြန်မှုက အေးတိအေးစက်ဖြစ်တယ်ဆိုရင် စိတ်မပျက်ပါနဲ့။ ကျွန်တော်တို့ရဲ့ရင်းနှီးဖော်ရွေမှုနဲ့ ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုက ယေဟောဝါသက်သေတွေအပေါ် ပိုပြီးအကောင်းမြင်စေပါလိမ့်မယ်။ (ရော. ၁၂:၂၀) ရင့်ကျက်တဲ့ခရစ်ယာန်တချို့က မယုံကြည်သူနဲ့ သူ့မိသားစုကို အတူထမင်းစားဖို့ ဖိတ်ခေါ်ကြတယ်၊ ရည်ရွယ်ချက်က သူတို့ကို ပိုပြီးသိကျွမ်းဖို့နဲ့ ရှိနေနိုင်တဲ့ဘယ်စိတ်စွန်းကွက်မှုကိုမဆို ဖျောက်ဖျက်ဖို့အတွက်ဖြစ်တယ်။ ကျမ်းစာအကြောင်း မရမကပြောဆိုဆွေးနွေးမဲ့အစား မယုံကြည်သူရဲ့စိတ်ဝင်စားရာတွေကို သူတို့ပြောဆိုကြတယ်။ နောက်ပိုင်းမှာ မယုံကြည်သူ ပိုပြီးသက်သောင့်သက်သာရှိလာတဲ့အခါ ကျမ်းစာအကြောင်း ဆွေးနွေးတာကို လက်ခံလာနိုင်တယ်။ ဒါမှမဟုတ် သူ့ဇနီးသည် လေ့လာသင်ယူနေတာတွေကိုသိအောင် အစည်းအဝေးတစ်ခုခု တက်ရောက်ဖို့ဖိတ်ခေါ်တာကို သူလက်ခံကောင်းလက်ခံနိုင်တယ်၊ အထူးသဖြင့် အသင်းတော်မှာ သူသိတဲ့သူတချို့ရှိတဲ့အခါမှာ ဖြစ်တယ်။ အမှန်တရားကို သူချက်ချင်းမလေ့လာရင်တောင်မှ ယုံကြည်သူအိမ်ထောင်ဖက်ကို ထောက်ပံ့ပေးတဲ့အတွက် ချီးမွမ်းခံထိုက်တယ်။
၅။ အကြီးအကဲတွေက မယုံကြည်သူကို ဘယ်လိုကူညီပေးနိုင် မလဲ။
၅ အထူးသဖြင့် အကြီးအကဲတွေက မယုံကြည်သူအိမ်ထောင်ဖက်တွေကို ကြိုးစားကူညီပေးသင့်ပြီး သက်သေခံနိုင်မယ့် အခွင့်အရေးရဖို့ နိုးကြားနေသင့်တယ်။ ကျမ်းစာဆွေးနွေးမှုကို လက်မခံခဲ့တဲ့မယုံကြည်သူတစ်ဦးက သူဆေးရုံရောက်နေတဲ့အခါ ဒါမှမဟုတ် ဆိုးရွားတဲ့ကျန်းမာရေးပြဿနာနဲ့ကြုံတဲ့အခါ ကျမ်းစာအားပေးချက်ကို နားထောင်လာနိုင်ဖွယ်ရှိတယ်။ ယုံကြည်ခြင်းမတူတဲ့အိမ်ထောင်တစ်ခုက မိသားစုဝင်တစ်ဦးသေဆုံးတာလိုမျိုး အခက်အခဲကြုံရတဲ့အခါ အကြီးအကဲတွေက မိသားစုကိုအားပေးနေချိန်မှာ မယုံကြည်သူကိုလည်း လာထိုင်ဖို့ဖိတ်ခေါ်နိုင်တယ်။
၆။ မယုံကြည်သူအိမ်ထောင်ဖက်တွေကို ကြိုးစားကူညီဖို့ ဘာအကြောင်းပြချက်တွေရှိသလဲ။
၆ အိမ်ထောင်ဖက်ဖြစ်သူ အမှန်တရားကိုတုံ့ပြန်ပြီး လက်ခံလာတဲ့အခါ အသင်းတော်ရှိခရစ်ယာန်အိမ်ထောင်ဖက် ဘယ်လောက်ဝမ်းသာမလဲဆိုတာ မြင်ယောင်ကြည့်ပါ။ ဒီလိုပျော်ရွှင်ဖွယ်အချိန်အခါက ယေဟောဝါ၊ ကောင်းကင်တမန်တွေနဲ့ အသင်းတော်ရှိသူအားလုံးကိုလည်း အလွန်ရွှင်လန်းစေပါလိမ့်မယ်။ (လု. ၁၅:၇၊ ၁၀) မယုံကြည်သူက အစပိုင်းမှာမတုံ့ပြန်ရင်လည်း ကျွန်တော်တို့ရဲ့ဆက်လက်ကြိုးစားအားထုတ်မှုတွေက “မည်သူမျှ ဖျက်ဆီးခြင်းမခံရဘဲ ရှိသမျှတို့သည် နောင်တရစေရန် အလိုရှိ” တဲ့ယေဟောဝါကို ရွှင်လန်းစေတဲ့အတွက် ပျော်ရွှင်နိုင်ဆဲဖြစ်ပါတယ်။—၂ ပေ. ၃:၉။
[စာမျက်နှာ ၈ ပါ အကျဉ်းဖော်ပြချက်]
မယုံကြည်တဲ့အိမ်ထောင်ဖက်တစ်ဦး အမှန်တရားလက်ခံလာအောင် သွေးဆောင်နိုင်တဲ့အကောင်းဆုံးနည်းက များသောအားဖြင့် အစပိုင်းမှာတော့ ကျမ်းစာဆွေးနွေးမှုကနေမဟုတ်ဘဲ ကျွန်တော်တို့ရဲ့အမူအကျင့်အားဖြင့်ဖြစ်