ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၁၀ စာ. ၄
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှေ့ဆောင်များကို အားပေးထောက်ခံကြောင်း တင်ပြခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • အတွင်းရေးမှူးနှင့် လုပ်ငန်းတော်ကြီးကြပ်မှူးအတွက် သတိပေးချက်
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ရှေ့ဆောင်ဓမ္မအမှု၏ ကောင်းချီးများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • သစ္စာရှိခြင်းဆိုင်ရာ ပုံသက်သေကို သူတို့ချမှတ်ခဲ့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
နဓ ၁၁/၁၀ စာ. ၄

မေးခွန်းသေတ္တာ

◼ ရှေ့ဆောင်တွေကို ဘယ်လို လက်တွေ့ကျနည်းတွေနဲ့ ကူညီနိုင်သလဲ။

၂၀၀၉ လုပ်ငန်းတော်နှစ်အတွင်း ကမ္ဘာတစ်ဝန်းရှိ ညီအစ်ကို၊ ညီအစ်မ ၈၀၀,၀၀၀ နီးပါးက မှန်မှန်နဲ့ အထူးရှေ့ဆောင်တွေအဖြစ် အမှုထမ်းဆောင်နေကြတယ်။ ဒီအချိန်ပြည့်ကျေးကျွန်တွေဟာ သူတို့ရဲ့အချိန်၊ ခွန်အားနဲ့ ရုပ်ပစ္စည်းတွေကို နိုင်ငံတော်သတင်းကောင်းပျံ့နှံ့ဖို့ ဦးစားပေးအသုံးပြုနေကြတယ်။ (သု. ၃:၉) သူတို့ရဲ့ကြိုးစားအားထုတ်မှုကို ယေဟောဝါ ဘယ်လောက်ကျေနပ်အားရလိုက်မလဲ။ ရှေ့ဆောင်တွေအပေါ်ထားတဲ့ ယေဟောဝါရဲ့အမြင်ကို ကျွန်တော်တို့ ဘယ်လိုနည်းတွေနဲ့ရောင်ပြန်ဟပ်နိုင်မလဲ၊ ရှေ့ဆောင်လုပ်ငန်းမှာ ရွှင်လန်းမှုနဲ့ခံနိုင်ရည်ရှိဖို့ သူတို့ကို ဘယ်လိုကူညီပေးနိုင်သလဲ။

ကောင်းစွာရွေးချယ်ထားတဲ့  စကားလုံးတွေက ရှေ့ဆောင်တွေအဖြစ်ဆက်အမှုဆောင်ဖို့ အားပေးမှုဖြစ်စေနိုင်တာ သေချာပါတယ်။ (သု. ၂၅:၁၁) ဓမ္မအမှုမှာ သူတို့နဲ့အတူပါဝင်ဖို့ ကျွန်တော်တို့ရဲ့ ပတ်စဉ်အချိန်ဇယားကိုပြုပြင်နိုင်မလား။ သူတို့နဲ့အတူအမှုဆောင်တဲ့အခါ သူတို့ရဲ့ယာဉ်အစား ကျွန်တော်တို့ရဲ့ယာဉ် (စက်ဘီး၊ ဆိုင်ကယ်) ကိုအသုံးပြုဖို့ ပြောနိုင်တယ်။ သူတို့ရဲ့ယာဉ်မှာ လိုက်ပါစီးနင်းမယ်ဆိုရင် ကုန်ကျစရိတ်ကို မျှခံနိုင်ပါတယ်။ (၁ ကော. ၁၃:၅; ဖိ. ၂:၄) ရှေ့ဆောင်တွေကို ဧည့်ဝတ်ကျေပွန်ခြင်း၊ သူတို့ကို အခါအားလျော်စွာ ထမင်းစားဖိတ်ခြင်းဖြင့် ကျွန်တော်တို့ရဲ့ မေတ္တာပါထောက်မမှုကို ဖော်ပြနိုင်ပါတယ်။—၁ ပေ. ၄:၈၊ ၉။

နိုင်ငံတော်ကိုဦးစွာရှာတဲ့သူတွေရဲ့လိုအပ်ရာကို ယေဟောဝါပေးမယ်လို့ ကျမ်းစာက အာမခံထားတယ်။ (ဆာ. ၃၇:၂၅; မ. ၆:၃၃) ပြင်ဆင်ပေးတဲ့နည်းလမ်းတစ်ခုက မေတ္တာပြည့်ဝတဲ့ခရစ်ယာန်ညီအစ်ကိုအသင်းပင်းအားဖြင့် ဖြစ်တယ်။ (၁ ယော. ၃:၁၆-၁၈) ရှေ့ဆောင်တွေက သူတို့ရဲ့ကုန်ကျစရိတ်တွေကို တခြားသူတွေထောက်ပံ့ပေးဖို့ မမျှော်လင့်ကြပါ။ သူတို့တစ်ခုခုလိုအပ်တဲ့အခါ တခြားသူတွေကို အလျင်အမြန်ပြောပြမှာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့က သစ္စာရှိရှေ့ဆောင်တွေကို ကူညီပေးနိုင်တယ်၊ နိုးကြားပြီး မျက်စိလျင်မယ်ဆိုရင် လက်တွေ့ကျနည်းတွေနဲ့ “သူတို့၏ချို့တဲ့မှုကိုဖြည့်ဆည်းပေး” နိုင်ပါတယ်။—၂ ကော. ၈:၁၄၊ ၁၅။

ပထမရာစု ကင်ခြေအသင်းတော်က ထက်သန်တဲ့သတင်းကောင်းဟောပြောသူဖိဗေ ရောမမြို့ကို လာလည်ပတ်တဲ့အခါ ရောမမြို့ရှိညီအစ်ကိုတွေကို ပေါလုဒီလိုအားပေးခဲ့တယ်– “သန့်ရှင်းသူတို့ ပြုသင့်သည့်အတိုင်း သူ့ကို သခင်၌ ကြိုဆို လက်ခံကြလော့။ သူလိုအပ်သမျှကို ကူညီပေးကြလော့။” (ရော. ၁၆:၁၊ ၂) လက်မလျှော့ဘဲ သတင်းကောင်းကြေညာနေတဲ့ အသင်းတော်ရှိ မှန်မှန်ရှေ့ဆောင်၊ အထူးရှေ့ဆောင်တွေကို ထပ်တူမေတ္တာပါပါထောက်မဖို့အခွင့်အရေး ကျွန်တော်တို့မှာရှိပါတယ်။—တ. ၅:၄၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ