ကျွန်ုပ်တို့၏ဓမ္မအမှု—သနားကြင်နာသည့်လုပ်ငန်း
၁ မိမိ၏သတင်းစကားကို နားထောင်နေကြသော လူအုပ်သည် “ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ ဖြစ်ကြသည်” ကို ယေရှုသိမြင်ခဲ့သည်။ (မ. ၉:၃၆) ကိုယ်တော်သည် သူတို့အား ကြင်နာမှုနှင့် မေတ္တာဖြင့် ယေဟောဝါ၏နည်းလမ်းတော်များကို သင်ကြားပေးတော်မူပြီး နှစ်သိမ့်မှုပေးကာ သူတို့၏ဝိညာဉ်ရေးလိုအပ်ရာများကို သနားကြင်နာစွာဖြင့် ဆောင်ရွက်ပေးခဲ့သည်။ ကိုယ်တော့်နည်းလမ်းတော်များကို ကျွန်ုပ်တို့စဉ်းစားဆင်ခြင်သောအခါ ယေရှု၏စဉ်းစားပုံနှင့် ခံစားပုံတို့ကို သင်ယူသိရှိကာ ဤသနားကြင်နာသည့်အရည်အသွေးသည် ကျွန်ုပ်တို့ဓမ္မအမှုတွင် ထင်ရှားသီးပွင့်လာသည်။
၂ မျှော်လင့်ချက်မဲ့အခြေအနေတွင်ရောက်နေသူတို့က အကူအညီရရန် ယေရှုထံ ချဉ်းကပ်သည့်အခါ ကိုယ်တော်က သူတို့ကို မည်သို့တုံ့ပြန်သည်နှင့်ပတ်သက်၍ ခဏမျှစဉ်းစားကြည့်ပါ။ (လု. ၅:၁၂၊ ၁၃; ၈:၄၃-၄၈) ကိုယ်တော်သည် အထူးအကူအညီ လိုအပ်နေသူများကို ထောက်ထားစာနာမှုပြခဲ့သည်။ (မာ. ၇:၃၁-၃၅) အခြားသူတို့၏ခံစားချက်ကို သိနားလည်ပြီး စိုးရိမ်ပေးတတ်၏။ ကိုယ်တော်သည် အပေါ်ယံကို ကျော်၍ကြည့်မြင်ခဲ့သည်။ (လု. ၇:၃၆-၄၀) အမှန်တွင်၊ ယေရှုသည် ဘုရားသခင်၏သနားကြင်နာမှုကို စုံလင်စွာရောင်ပြန်ဟပ်နိုင်ခဲ့သည်။
၃ “သနားခြင်းစိတ်ရှိတော်မူ၏”– ယေရှုသည် မိမိ၏ဓမ္မအမှုကို တာဝန်အနေဖြင့်သာ လုပ်ဆောင်ခဲ့သည်မဟုတ်။ ကိုယ်တော်သည် လူတို့ကို “သနားခြင်းစိတ်ရှိတော်မူ၏။” (မာ. ၆:၃၄) ယနေ့လည်း ထိုနည်းထပ်တူပင်၊ ကျွန်ုပ်တို့သည် သတင်းတရားကို ဟောပြောရုံသာမဟုတ်ဘဲ တန်ဖိုးရှိသောအသက်များကို ကယ်တင်ရန်ကြိုးစားကြသည်။ လူတို့ ထိုသို့တုံ့ပြန်ရသည့်အကြောင်းကို နားလည်ရန် ကျွန်ုပ်တို့ကြိုးစားကြသည်။ သူတို့သည် အဘယ်ကြောင့် စိုးရိမ်ပူပန်နေကြသနည်း။ သူတို့သည် မှားယွင်းသောဘာသာရေးသိုးထိန်းများ၏ လျစ်လျူရှုမှုနှင့် လှည့်ဖြားမှုကို ခံခဲ့ကြ၍လော။ အခြားသူများအပေါ် ကျွန်ုပ်တို့၏စစ်မှန်သောစိတ်ဝင်စားခြင်းက သတင်းကောင်းကို နားထောင်ရန် သူတို့ကို လှုံ့ဆော်ပေမည်။—၂ ကော. ၆:၄၊ ၆။
၄ သနားကြင်နာမှုသည် နှလုံးကို ထိမိစေသည်။ ဥပမာအနေနှင့်၊ အမျိုးသမီးတစ်ဦးသည် သူ၏သုံးလသမီး အဖြစ်ဆိုးနှင့်သေရသည့်အတွက် ဝမ်းနည်းကြေကွဲရရှာသည်။ သူ့အိမ်သို့ သက်သေခံညီအစ်မနှစ်ဦးရောက်လာသောအခါ ဘုရားသခင်သည် ဆင်းရဲခက်ခဲမှုများကို အဘယ်ကြောင့်ခွင့်ပြုရသည့်အကြောင်းနှင့်ပတ်သက်၍ သူတို့၏ပြောဆိုချက်များကို ငြင်းခုံရန် ရည်ရွယ်ချက်ဖြင့် သူတို့ကို အိမ်ထဲဖိတ်ခေါ်ခဲ့သည်။ သို့သော် အမျိုးသမီးသည် နောက်ပိုင်းတွင် ဤသို့ပြန်ပြောပြသည်– “သနားကြင်နာမှုအပြည့်နှင့် ကျွန်မကို သူတို့နားထောင်ပြီး သူတို့ထွက်သွားတဲ့အခါ ကျွန်မ စိတ်ကျေနပ်မှုများစွာရတဲ့အတွက် နောက်ထပ်ပြန်လာဖို့ သဘောတူခဲ့တယ်။” ဓမ္မအမှုတွင် တွေ့ဆုံသူတိုင်းကို သနားကြင်နာမှုပြရန် သင်ကြိုးစားပါသလော။
၅ သနားကြင်နာမှုကို မွေးမြူခြင်းက အခြားသူတို့ကို စစ်မှန်သောနှစ်သိမ့်မှုပေးရန် ကျွန်ုပ်တို့ကို ကူညီပေးလိမ့်မည်။ ထိုသို့ပြုခြင်းအားဖြင့် “သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်းအမျိုးမျိုးတို့၏အရှင်” တည်းဟူသော ယေဟောဝါကို ကျွန်ုပ်တို့ဂုဏ်တင်ရာရောက်သည်။—၂ ကော. ၁:၃။