ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၀၃ စာ. ၃-၄
  • “စေ့စေ့စပ်စပ်သက်သေခံ” ရာတွင် ဝီရိယရှိလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “စေ့စေ့စပ်စပ်သက်သေခံ” ရာတွင် ဝီရိယရှိလော့
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်သည် အလွတ်သဘောသက်သေခံရန် အသင့်ရှိသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၉
  • သင် အလွတ်သဘောသက်သေခံနိုင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၀
  • ဇူလိုင်လအတွင်း အလွတ်သဘောသက်သေခံခြင်း၌ သင်ပါဝင်မည်လော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • အလွတ်သဘောသက်သေခံခြင်းဖြင့် ယေဟောဝါကိုချီးမွမ်းပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
နဓ ၆/၀၃ စာ. ၃-၄

“စေ့စေ့စပ်စပ်သက်သေခံ” ရာတွင် ဝီရိယရှိလော့

၁၊ ၂။ သတင်းကောင်းဟောပြောခြင်းအပေါ် ပေါလု၏ရှုမြင်ပုံနှင့်ပတ်သက်၍ အဘယ်အရာက သင့်ကိုစွဲမှတ်စေသနည်း၊ “စေ့စေ့စပ်စပ်သက်သေခံ” သည့် သူ၏ပုံသက်သေကို ကျွန်ုပ်တို့မည်သို့တုပနိုင်သနည်း။

၁ ယေရှုနှင့် အခြားသော ရှေးသစ္စာရှိကျေးကျွန်များနည်းတူ တမန်တော်ပေါလုသည် အခြေအနေ မည်သို့ပင်ရှိစေကာမူ သတင်းကောင်းကို ထက်သန်စွာဟောပြောကာ “စေ့စေ့စပ်စပ်သက်သေခံ” [ကဘ] သူတစ်ဦးဖြစ်သည်။ အိမ်တစ်အိမ်တွင် အကျယ်ချုပ်ဖြင့်ရှိနေချိန်၌ပင် သူသည် “မိမိထံသို့လာသောသူအပေါင်းတို့ကိုဧည့်ခံ၍ . . . ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို အတည့်အလင်းဟောပြော၍ သခင်ယေရှုခရစ်၏အကြောင်းများကို သွန်သင်ပြသလျက်နေ၏။”—တ. ၂၈:၁၆-၃၁။

၂ ကျွန်ုပ်တို့လည်း အချိန်အခါမရွေး “စေ့စေ့စပ်စပ်သက်သေခံ” ရာတွင် ဝီရိယရှိနိုင်သည်။ ယင်း၌ “ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေလော့” ခရိုင်စည်းဝေးကြီးအသွားအပြန်တွင်နှင့် စည်းဝေးကြီးကျင်းပသည့်နေရာတွင်ရှိနေစဉ် ကျွန်ုပ်တို့တွေ့ဆုံသူများအား သက်သေခံခြင်းပါဝင်သည်။—တ. ၂၈:၂၃၊ ကဘ; ဆာ. ၁၄၅:၁၀-၁၃။

၃။ ကျွန်ုပ်တို့၏အလွတ်သဘောသက်သေခံခြင်းကို ကြုံတုန်းဆုံခိုက်ကြိုးပမ်းမှုတစ်ခုမျှသာ မဖြစ်စေရန် မည်သို့ရှောင်နိုင်သနည်း။

၃ ကြုံတုန်းဆုံခိုက်သက်သေခံခြင်းလော၊ အလွတ်သဘောသက်သေခံခြင်းလော။ ယင်းသည် ကွာခြားမှုရှိသလော။ ရှိပါသည်။ ကြုံတုန်းဆုံခိုက် ဆိုသည်မှာ ကြံရွယ်ထားခြင်းမရှိ သို့မဟုတ် အရေးသိပ်မကြီးသည့်အလား အမှတ်မထင်ကြုံကြိုက်၍ သို့မဟုတ် မရည်ရွယ်ဘဲဖြစ်ပေါ်လာသည့်အရာဖြစ်၏။ ယင်းသည် ကျွန်ုပ်တို့၏ဓမ္မအမှုကို ကိုယ်စားမပြုသည်မှာအမှန်ပင်။ ပေါလုနည်းတူ သက်သေခံခြင်းဖြင့် ဘုရားသခင်ကိုဂုဏ်တင်ခြင်းသည် ကျွန်ုပ်တို့အတွက်အရေးကြီး၏၊ ခရီးသွားနေစဉ် သင့်လျော်သည့်အခါတိုင်း သက်သေခံခြင်းသည် ကျွန်ုပ်တို့၏ရည်ရွယ်ချက်ဖြစ်သင့်သည်။ သို့သော် အခြားသူများထံ ကျွန်ုပ်တို့ချဉ်းကပ်သောပုံစံသည်—စိတ်အေးလက်အေး၊ တရင်းတနှီး၊ ပုံမှန်အတိုင်းဖြစ်ခြင်းကြောင့်—အလွတ်သဘော ဟူ၍ မှန်ကန်စွာဆိုနိုင်သည်။ ဤချဉ်းကပ်နည်းက ရလဒ်ကောင်းများဖြစ်ပေါ်စေနိုင်သည်။

၄။ သူနေထိုင်သည့်အခန်းတွင် သက်သေခံရန် ပေါလုကို အဘယ်အရာက ထောက်ကူခဲ့သနည်း။

၄ သက်သေခံရန်ပြင်ဆင်ပါ– ပေါလုသည် ရောမမြို့ရှိ အိမ်တစ်အိမ်တွင် အကျယ်ချုပ်ဖြင့်ရှိနေစဉ် သက်သေခံရန်အခွင့်အရေးများ ရှာယူခဲ့ရသည်။ သူနေထိုင်သည့်အခန်းမှနေ၍ ဒေသခံဂျူးခေါင်းဆောင်များအား မိမိ၏အိမ်သို့ အစပြုဖိတ်ခေါ်ခဲ့သည်။ (တ. ၂၈:၁၇) ရောမမြို့တွင် ခရစ်ယာန်အသင်းတော်တစ်ခုရှိသော်လည်း ထိုမြို့ရှိဂျူးအသိုင်းအဝိုင်းသည် ခရစ်ယာန်ယုံကြည်ခြင်းအကြောင်း အနည်းငယ်သာသိထားကြောင်း ပေါလုသိရှိခဲ့သည်။ (တ. ၂၈:၂၂; ရော. ၁:၇) သူသည် ယေရှုခရစ်နှင့် ဘုရားသခင့်နိုင်ငံတော်အကြောင်း “စေ့စေ့စပ်စပ်သက်သေခံ” ရန်မတွန့်ဆုတ်ခဲ့ပေ။

၅၊ ၆။ ကျွန်ုပ်တို့သည် အလွတ်သဘောသက်သေခံရန် အဘယ်အခွင့်အရေးများရရှိနိုင်သနည်း၊ ယင်းကို ထိရောက်စွာလုပ်ဆောင်ရန် အဘယ်ပြင်ဆင်မှုများပြုလုပ်နိုင်သနည်း။

၅ သင်၏ခရီးစဉ်တွင်တွေ့နိုင်သည့် ယေဟောဝါသက်သေများအကြောင်း အနည်းငယ်သာသိထားသူအားလုံးနှင့်ပတ်သက်၍ ကြိုတင်စဉ်းစားထားပါ။ ကျွန်ုပ်တို့သည် အိမ်တွင်းကျမ်းစာသင်အံမှုများ အခမဲ့ကမ်းလှမ်းကြောင်းကိုပင် သူတို့သိချင်မှသိမည်။ ခရီးသွားစဉ်၊ ကားခေတ္တရပ်နားစဉ်၊ ဓာတ်ဆီဖြည့်နေစဉ်၊ ဈေးဝယ်ထွက်စဉ်၊ ဟိုတယ်တွင်တည်းခိုနေစဉ်၊ စားသောက်ဆိုင်တွင် အစာစားနေစဉ်၊ လူထုသယ်ယူပို့ဆောင်ရေးယာဉ်များစီးနေစဉ် အစရှိသည့်အချိန်များတွင် တွေ့ဆုံရသူများအား အခွင့်အရေးယူသက်သေခံရန် နိုးကြားနေပါ။ စကားစမြည်စတင်ပြောဆိုရန်နှင့် တိုတိုတုတ်တုတ်သက်သေခံရန် သင်ပြောဆိုမည့်အရာကို ကြိုတင်စီစဉ်ထားပါ။ သင်သည် လာမည့်နေ့ရက်များတွင် သင်၏အိမ်နီးချင်း၊ ဆွေမျိုး၊ အလုပ်ဖော်နှင့် အခြားအသိအကျွမ်းများအား အလွတ်သဘောသက်သေခံခြင်းဖြင့် လေ့ကျင့်နိုင်သည်။

၆ သင်သည် အလွတ်သဘောသက်သေခံသည့်အခါ အသုံးပြုရန် စာပေများအလုံအလောက်ရှိဖို့လိုမည်။ မည်သည့်စာပေများရှိဖို့လိုမည်နည်း။ သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော ဝေစာကို အသုံးပြုနိုင်သည်။ ကျမ်းစာဖတ်ရှုရသည့် အကြောင်းရင်းအမျိုးမျိုးကိုဖော်ပြသော ပထမစာပိုဒ်ငါးခုကို ညွှန်ပြပါ။ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုတစ်ခု တောင်းခံရန်အတွက် ကျောဘက်ရှိဖြတ်ပိုင်းကိုပြပါ။ သင်သည် တုံ့ပြန်မှုရှိသူတစ်ဦးကိုတွေ့သည့်အခါ တောင်းဆို ဘရိုရှာကိုဝေငှပါ။ အခြားဘာသာစကားပြောသူများကို တွေ့ရမည်ဟုမျှော်လင့်ကာ လူမျိုးအပေါင်းအတွက်သတင်းကောင်း [လိပ်] စာအုပ်ငယ်ကို ယူဆောင်သွားပါ။ သက်သေခံရာတွင် ယင်းအားအသုံးပြုပုံကို စာမျက်နှာ ၂ ကရှင်းပြထားသည်။ ကားဖြင့်ခရီးသွားမည်ဆိုလျှင် နိုင်ငံတော်သတင်းကို တကယ်စိတ်ဝင်စားမှုပြသူများအတွက် အခြားအခြေခံစာပေအနည်းငယ် ယူဆောင်သွားနိုင်သည်။

၇၊ ၈။ ခရီးသွားစဉ်နှင့် အနားယူချိန်တို့တွင် ကျွန်ုပ်တို့၏အသွင်အပြင်၊ အမူအကျင့်နှင့်ပတ်သက်၍ အဘယ်သတိပေးချက်ကို လိုက်နာသင့်သနည်း။

၇ သင့်အသွင်အပြင်နှင့် အမူအကျင့်ကိုသုံးသပ်ပါ– ကျွန်ုပ်တို့၏အမူအကျင့်သာမက ဝတ်စားဆင်ယင်မှုကြောင့် အခြားသူများအထင်အမြင်မှားခြင်း သို့မဟုတ် ယေဟောဝါ၏အဖွဲ့အစည်းကို “ကဲ့ရဲ့အပြစ်တင်ခြင်း” မရှိစေရန် သေချာစေရမည်။ (တ. ၂၈:၂၂) ယင်းသည် စည်းဝေးကြီးတက်ရောက်ချိန်တွင်သာမက ခရီးသွားနေစဉ်နှင့် အနားယူချိန်တို့တွင်လည်း သက်ဆိုင်သည်။ ဩဂုတ် ၁၊ ၂၀၀၂၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၈၊ အပိုဒ် ၁၄ ကဤသို့သတိပေးသည်– “ကျွန်ုပ်တို့သည် ဝင့်ဝါဖို့၊ ဆန်းပြားဖို့၊ စိတ်ဆွပေးဖို့၊ မလုံမလဲနှင့် ခေတ်ဆန်ဆန်ဖြစ်ဖို့ ဝတ်စားသည့်ပုံစံမျိုး မဖြစ်သင့်ပါ။ ၎င်းပြင် ‘ဘုရားသခင်အားရိုသေလေးမြတ်’ သည့်ပုံစံဖြင့် ကျွန်ုပ်တို့ဝတ်ဆင်သင့်သည်။ ယင်းက ကျွန်ုပ်တို့အတွက် စဉ်းစားစရာဖြစ်စေသည်မဟုတ်ပေလော။ အသင်းတော်အစည်းအဝေးများ [သို့မဟုတ် စည်းဝေးကြီးအစီအစဉ်များ] ကိုတက်ရောက်သည့်အခါ သင့်တော်လျောက်ပတ်စွာဝတ်ဆင်ပြီး အခြားအချိန်အခါများတွင်မူ ဖြစ်ကတတ်ဆန်းဝတ်ဆင်နိုင်သည်ဟု မဆိုလိုပါ။ ကျွန်ုပ်တို့သည် ခရစ်ယာန်များဖြစ်ကာ တစ်နေ့လျှင် ၂၄ နာရီ ဓမ္မအမှုဆောင်များဖြစ်ကြသောကြောင့် ကျွန်ုပ်တို့၏အသွင်အပြင်သည် ရိုသေလေးစားစရာကောင်း၍ အမြဲဂုဏ်သရေရှိသင့်သည်။”—၁ တိ. ၂:၉၊ ၁၀။

၈ ကျွန်ုပ်တို့သည် ဣန္ဒြေရှိရှိ၊ သိက္ခာရှိရှိ ဝတ်ဆင်သင့်သည်။ ဘုရားသခင်ကိုယုံကြည်ကြောင်း ကျွန်ုပ်တို့၏အသွင်အပြင်နှင့် အမူအကျင့်က အစဉ်ဖော်ပြမည်ဆိုလျှင် မိမိတို့၏အသွင်အပြင်သည် မနှစ်မြို့စရာဖြစ်ခြင်းကြောင့် အလွတ်သဘောသက်သေခံရန် တွန့်ဆုတ်ဖို့အကြောင်း ဘယ်သောအခါမျှရှိမည်မဟုတ်ပေ။—၁ ပေ. ၃:၁၅။

၉။ ပေါလုသည် ရောမမြို့တွင် သက်သေခံရာ၌ အဘယ်အောင်မြင်မှုရရှိခဲ့သနည်း။

၉ အလွတ်သဘောသက်သေခံခြင်းသည် အကျိုးဖြစ်ထွန်း– ပေါလုသည် ရောမရှိအိမ်တစ်အိမ်တွင် အကျယ်ချုပ်ခံနေရသည့်နှစ်နှစ်အတွင်း သူ၏ကြိုးစားသက်သေခံခြင်းမှ ရလဒ်ကောင်းများကိုတွေ့ခဲ့ရသည်။ လုကာက “အချို့တို့သည် ပေါလု၏စကားကိုယုံကြ၏” ဟုမှတ်တမ်းတင်ခဲ့သည်။ (တ. ၂၈:၂၄) ပေါလုကိုယ်တိုင် ဤသို့ရေးသား၍ မိမိ၏ “စေ့စေ့စပ်စပ်သက်သေခံခြင်း” ထိရောက်မှုကို အကဲဖြတ်ခဲ့သည်– “ငါ၌ရောက်သောအမှုအရာတို့သည် ဧဝံဂေလိတရားကိုမမြစ်တားသည်သာမက၊ ပြုစုရာဖြစ်သည်။ . . . ထိုသို့သောအားဖြင့် ခရစ်တော်ကြောင့် ငါခံရသောချည်နှောင်ခြင်းအမှုအရာသည် နန်းတော်၌ အနှံ့အပြားထင်ရှားသည်သာမက ခပ်သိမ်းသောအရပ်၌ထင်ရှား၏။ သခင်ဘုရား၌ ညီအစ်ကိုအများတို့သည် ငါခံရသောချည်နှောင်ခြင်းကြောင့် ယုံမှားသောစိတ်နှင့်ကင်းလွတ်၍ ကြောက်ရွံ့ ခြင်းမရှိဘဲ နှုတ်ကပါဌ်တရားတော်ကို သာ၍ဟောပြောဝံ့ကြ၏။”—ဖိ. ၁:၁၂-၁၄။

၁၀။ လွန်ခဲ့သည့်နွေရာသီက မောင်နှံတစ်စုံသည် သက်သေခံရာတွင် မည်သည့်အောင်မြင်မှုရရှိခဲ့သနည်း။

၁၀ လွန်ခဲ့သည့်နွေရာသီတွင် ခရိုင်စည်းဝေးကြီးတက်ပြီးနောက် မောင်နှံတစ်စုံသည် စည်းဝေးကြီးရင်ထိုးကတ်ပြားများအကြောင်းမေးမြန်းသည့် စားပွဲထိုးအမျိုးသမီးတစ်ဦးအား အလွတ်သဘောသက်သေခံရာတွင် အကျိုးဖြစ်ထွန်းသောတွေ့ကြုံမှုတစ်ခုရရှိခဲ့သည်။ သူတို့သည် စည်းဝေးကြီးအကြောင်းသာမက လူသားတို့၏အနာဂတ်အတွက် သမ္မာကျမ်းစာကမ်းလှမ်းထားသည့်မျှော်လင့်ချက်ကိုပါ သူ့အားပြောပြခဲ့သည်။ သူတို့သည် အမျိုးသမီးအား သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော ဝေစာကိုပေးကာ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအစီအစဉ်ကို ရှင်းပြခဲ့သည်။ အမျိုးသမီးက မိမိထံသို့ တစ်စုံတစ်ဦးလာရောက်လည်ပတ်စေလိုကြောင်းပြောကာ ဝေစာ၏ကျောဘက်တွင် အမည်နှင့် လိပ်စာကိုဖြည့်ပြီး အစီအစဉ်များလုပ်ပေးရန် မောင်နှံစုံကို တောင်းဆိုခဲ့သည်။ သင်သည် ဝီရိယရှိရှိ “စေ့စေ့စပ်စပ်သက်သေခံ” ခြင်းဖြင့် ဤနှစ်တွင် မည်သည့်အောင်မြင်မှုရရှိနိုင်သနည်း။

၁၁။ ကျွန်ုပ်တို့သည် “စေ့စေ့စပ်စပ်သက်သေခံ” ခြင်းဖြင့် ဤနှစ်တွင် သတင်းကောင်းဟောပြောရန် အဘယ်အရည်အသွေးများမွေးမြူသင့်သနည်း။

၁၁ သတင်းကောင်းကို စေ့စပ်စွာဟောပြောပါ– ခရစ်ယာန်ချင်းများသည် မိမိ၏ထက်သန်မှုရှိသောပုံသက်သေကိုတုပနေကြောင်း ကြားရသည့်အခါ ပေါလုမည်မျှပျော်ရွှင်မည်ကို မြင်ယောင်ကြည့်ပါ! ကျွန်ုပ်တို့အားလုံးလည်း ၂၀၀၃-၂၀၀၄ ခရိုင်စည်းဝေးကြီးမှ အကျိုးခံစားရစဉ် မိမိတို့၏ကျမ်းစာအခြေပြုယုံကြည်ချက်များအကြောင်း အလွတ်သဘောသက်သေခံခြင်းဖြင့် သတင်းကောင်းကို အတတ်နိုင်ဆုံးဟောပြောနိုင်ကြပါစေ။

[စာမျက်နှာ ၃ ရှိလေးထောင့်ကွက်]

အလွတ်သဘောသက်သေခံရန် လိုအပ်သည့်စာပေများ

■ သမ္မာကျမ်းစာအကြောင်း သင်ပိုမိုသိလိုပါသလော (ဝေစာ)

■ ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာတောင်းဆိုတော်မူသနည်း (ဘရိုရှာ)

■ လူမျိုးအပေါင်းအတွက်သတင်းကောင်း [လိပ်] (စာအုပ်ငယ်)

■ အခြားအခြေခံစာပေများ

[စာမျက်နှာ ၄ ရှိလေးထောင့်ကွက်]

သူတို့ကိုမမေ့ပါနှင့်!

မည်သူတို့ကို မမေ့ရမည်နည်း။ ခရစ်တော်၏သေခြင်း အောက်မေ့ရာပွဲ သို့မဟုတ် အထူးဟောပြောချက်ကို တက်ရောက်ခဲ့သည့် စိတ်ဝင်စားသူများအားလုံးကိုဖြစ်သည်။ ဤနှစ်ခရိုင်စည်းဝေးကြီးတက်ရောက်ရန် သူတို့ကိုဖိတ်ခေါ်ထားပြီလော။ သူတို့ထဲမှအများစုသည် ကြင်နာစွာအားပေးခံရလျှင် တက်ရောက်နိုင်စရာရှိသည်။ သူတို့သည် စည်းဝေးကြီး၌ တည်ဆောက်မှုဖြစ်စေသောပေါင်းသင်းမှုနှင့် အားရှိစေသောဝိညာဏအစီအစဉ်ကို ခံတွင်းတွေ့လာသည်နှင့်အမျှ ယေဟောဝါနှင့် ကိုယ်တော့်အဖွဲ့အစည်းတို့နှင့်သာ၍နီးကပ်ရန် ဆွဲဆောင်ခံရမည်ဖြစ်သည်။ သူတို့ကိုဖိတ်ခေါ်ကာ မည်သို့တုံ့ ပြန်ကြမည်ကို ကြည့်ပါလေ။ စည်းဝေးကြီး၏ရက်စွဲများ၊ စည်းဝေးကြီးနေရာသို့သွားရန်လမ်းညွှန်များ၊ အစီအစဉ်စတင်ချိန်နှင့်ပြီးဆုံးချိန်၊ ၂၀၀၃၊ မတ်လ ၁ ရက်၊ ကင်းမျှော်စင်၊ စာမျက်နှာ ၃၁ နှင့် ဇွန်လ ၈ ရက်ထုတ် နိုးလော့! [လိပ်] ၏ကျောဘက်တွင်ဖော်ပြထားသည့် အစီအစဉ်ဖော်ပြချက်များအပါအဝင် လိုအပ်သည့် အသေးစိတ်အချက်အလက်အားလုံးကို သူတို့အား ပေးထားပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ