၂၀၀၁ ခုနှစ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်း
၁ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ကျွန်ုပ်တို့အားလုံး တတ်နိုင်သမျှအပြည့်အဝပါဝင်သင့်သည့် ကျမ်းဆိုင်ရာအကြောင်းရင်းများအလျှံပယ်ရှိသည်။—သု. ၁၅:၂၃; မ. ၂၈:၁၉၊ ၂၀; တ. ၁၅:၃၂; ၁ တိ. ၄:၁၂၊ ၁၃; ၂ တိ. ၂:၂; ၁ ပေ. ၃:၁၅။
၂ ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်သည် ကျောင်း၏ကဏ္ဍတစ်ခုဖြစ်လာခဲ့သည်မှာ ကြာမြင့်ပေပြီ။ ယင်းသည် ကျမ်းစာကို နေ့စဉ်တစ်မျက်နှာခန့်စီဖတ်ရှုခြင်းဖြစ်သည်။ ဤနှစ်မှစ၍ ကျမ်းစာဖတ်ရှုခြင်းကို ရေးဖြေစစ်ဆေးခြင်းအပတ်တစ်ခုစီအတွက်လည်း သတ်မှတ်ပေးထားသည်။ ယခင်သုံးနှစ်အတွင်းစီစဉ်ခဲ့သည့် ထပ်ဆင့်ကျမ်းစာဖတ်ရှုခြင်းသည် ပြီးဆုံးသွားပြီဖြစ်၏။ သို့သော် သင်သည် အစီအစဉ်ဆွဲထားသည်ထက် ကျမ်းစာကိုပို၍ဖတ်လိုပါက သင်၏ကိုယ်ပိုင်ဖတ်ရှုခြင်းအစီအစဉ်ကို ပြုလုပ်နိုင်သည်။
၃ တာဝန်နံပါတ် ၂ သည် ညီအစ်ကိုများအား ဘုရားသခင့်နှုတ်ကပါဌ်တော်ကို “အများရှေ့ဖတ်ရှုခြင်း” အတွက်လေ့ကျင့်ပေးသည်။ (၁ တိ. ၄:၁၃၊ ကဘ) သင်သည် ကျမ်းစာဖတ်ရှုခြင်းတာဝန်ရသည့်အခါ ယင်းကို အသံထွက်၍ထပ်ခါတလဲလေ့ကျင့်ပါ။ သင့်အသံထွက်၊ အသံ၏ပြောင်းလဲမှုနှင့် ကောင်းစွာဖတ်ရှုခြင်းဆိုင်ရာအခြားကဏ္ဍများတွင် တိုးတက်ရန် အသင်းမ၏ကျမ်းစာကက်ဆက်ခွေများကို အသုံးပြုနိုင်သည်။
၄ တာဝန်နံပါတ် ၃ နှင့် ၄ သည် လယ်ကွင်းဓမ္မအမှုတွင်အသုံးပြုရန်ပြင်ဆင်ထားသည့် ကျိုးကြောင်းဆင်ခြင် စာအုပ်ကို အခြေခံထားသည်။ တာဝန်ကျသည့်အကြောင်းအရာသည် သတ်မှတ်ထားချိန်အတွင်း သင်သုံးသပ်နိုင်သည်ထက်များနေပါက သင့်အသင်းတော်ရပ်ကွက်အတွက် လက်တွေ့အကျဆုံးဖြစ်မည့်အရာကိုသာ ရွေးချယ်ပါ။ သင့်ရပ်ကွက်အတွက် သင့်လျော်သည့်ဇာတ်အိမ်တစ်ခုခုကို အသုံးပြုနိုင်သည်။
၅ ကျောင်းတွင်ရရှိသည့် သင့်တာဝန်မှန်သမျှကိုကျေပွန်ရန် အတတ်နိုင်ဆုံးကြိုးပမ်းအားထုတ်ပါ။ ကောင်းစွာပြင်ဆင်ရန် အချိန်ယူပါ၊ သင့်နှလုံးမှပြောဆိုပါ။ သင်သည် အသင်းတော်အတွက် အားပေးမှုရင်းမြစ်တစ်ခုဖြစ်ပါလိမ့်မည်၊ ၂၀၀၁ ခုနှစ်အတွင်း သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် စိတ်နှလုံးအကြွင်းမဲ့ပါဝင်ခြင်းဖြင့် သင်ကိုယ်တိုင်အကျိုးခံစားရပါလိမ့်မည်။