ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၉၆ စာ. ၇
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • အရေးကြီးသောတပည့်ဖြစ်စေခြင်းလုပ်ငန်းဆိုင်ရာ တိုးတက်သောအမြင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • အသိပညာ စာအုပ်ဖြင့်တပည့်ဖြစ်ရန်ပြုလုပ်ပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • နှစ်ခြင်းခံတဲ့အထိ တိုးတက်လာအောင် ကျမ်းစာသင်သားတွေကို ကူညီပေးနိုင်ပုံ—အပိုင်း ၂
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၁၀/၉၆ စာ. ၇

မေးခွန်းသေတ္တာ

▪ လူတစ်ဦးနှင့် အသိပညာစာအုပ်ကို ပုံမှန်ကျမ်းစာသင်အံမှု မည်မျှကြာကြာကျင်းပသင့်သနည်း။

ယနေ့အချိန်တွင် ယေဟောဝါသည် မိမိ၏အဖွဲ့အစည်းအား ကောင်းချီးပေးနေပါသည်။ နှစ်စဉ် သမ္မာတရားအတွက်ရပ်တည်ကြသည့် ထောင်ပေါင်းများစွာသောလူသစ်များကို သက်သေသာဓကအဖြစ်တွေ့ရသည်။ ယင်းကိုပြီးမြောက်အောင်မြင်စေရာတွင် အသိပညာ စာအုပ်သည် ထိရောက်သောကိရိယာတစ်ခုဖြစ်သည်။ ဇန်နဝါရီ ၁၅၊ ၁၉၉၆၊ ကင်းမျှော်စင်က ဤစာအုပ်ကို ကျမ်းစာသင်သားအား လအနည်းငယ်အတွင်း နှစ်ခြင်းခံသည်အထိ ဝိညာဉ်ရေးတိုးတက်မှု အတော်အတန်မြန်ဆန်စေရန် ကူညီပေးဖို့ စီမံထားသည့်စာအုပ်အဖြစ် ညွှန်ပြထားသည်။

ဤအကြောင်းကြောင့် ထိုကင်းမျှော်စင် စာမျက်နှာ ၁၇ တွင်ဤသို့အကြံပြုထားသည်– “လူတစ်ဦးသည် အသိပညာစာအုပ်ဖြင့် ကျမ်းစာသင်အံမှုပြီးစီးကာ နှစ်ခြင်းခံပြီးနောက်ပိုင်း ဒုတိယစာအုပ်တစ်အုပ်ဖြင့် လုပ်ရိုးလုပ်စဉ်သင်အံမှုကိုပြုရန် လိုအပ်တော့မည်မဟုတ်ပါ။”

အသိပညာစာအုပ်ကို လေ့လာပြီးနောက် နှစ်ခြင်းမခံသေးသူတစ်ဦးနှင့် ပတ်သက်၍ကောမည်သို့နည်း။ ၁၉၉၆ ဇွန်လ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၆၊ အပိုဒ် ၂၃ တွင် အသိပညာစာအုပ် ပြီးသွားပြီးနောက်ပိုင်း ထိုသင်သားနှင့် နောက်ထပ်စာအုပ်ဖြင့် လေ့လာရန်မလိုတော့ကြောင်း ကင်းမျှော်စင်တွင်ပါသည့်အချက်ကို သတိပေးထားသည်။ ယင်းနောက်ပိုင်း ကျွန်ုပ်တို့သည် ကျမ်းစာသင်သားအား ကူညီပေးရန် စိတ်မဝင်စားရတော့ဟု ဆိုလိုနေခြင်းလော။ မဟုတ်ပါ။ ကျွန်ုပ်တို့သည် လူတို့အား အခြေခံသမ္မာတရားအသိပညာကို ရရှိစေလိုကြသည်။ သို့သော် အချိန်တိုအတွင်း ထိရောက်မှုရှိသောသွန်သင်ပေးသူသည် စိတ်ရင်းမှန်ရှိ သာမန်သင်သားတစ်ဦးအား ယေဟောဝါကိုဝတ်ပြုရန် အသိဉာဏ်ရှိသည့်ဆုံးဖြတ်ချက်ချနိုင်ဖို့ လုံလောက်သောအသိပညာရရှိရန် ကူညီပေးနိုင်မည်ဟုမျှော်လင့်သည်။ အခြေအနေပေးသောကြောင့် အချို့သောကျမ်းစာသင်သားတို့သည် တစ်ပတ်လျှင် တစ်ကြိမ်ထက်မက သင်အံမှုပြုရန်ဆန္ဒရှိပါသည်။

ဝန်ခံရမည်မှာ၊ သင်သားအချို့တို့သည် အခြားသူတို့ထက် တိုးတက်မှု ပို၍နှေးကွေးပေမည်။ သို့သော် အသိပညာစာအုပ်ကို လေ့လာပြီးနောက် အချိန်ကြာနေပြီး အသင်းတော်နှင့်ပေါင်းသင်းလိုသည့်ဆန္ဒမရှိပါက ကြေညာသူသည် အသင်းတော်လုပ်ငန်းတော်ကော်မတီမှ အကြီးအကဲတစ်ဦးနှင့် အခြေအနေကို ဆွေးနွေးသင့်သည်။ လျော့ပေါ့ရန်အကြောင်း သို့မဟုတ် ဖြစ်ရိုးဖြစ်စဉ်မဟုတ်သောအခြေအနေများကြောင့်ဖြစ်ပါက ထပ်ဆင့်အကူအညီပေးမည်။ ယင်းသည် ဇန်နဝါရီ ၁၅၊ ၁၉၉၆၊ ကင်းမျှော်စင် စာမျက်နှာ ၁၇ ပါ အပိုဒ် ၁၁ နှင့် ၁၂ တွင်ဖော်ပြထားသည့်မူနှင့် ကိုက်ညီပေသည်။

အခြေခံသမ္မာတရားအသိပညာ သင်ယူရခြင်းကို လေးမြတ်ခြင်းက သင်သားအား ခရစ်ယာန်စည်းဝေးများတက်ရန် လှုံ့ဆော်မှုဖြစ်စေသင့်သည်။ ယင်းက သင်သားအား ယေဟောဝါကိုဝတ်ပြုလိုသည့်ဆန္ဒအတွက် ထင်ရှားသည့် သက်သေအထောက်အထားအချို့ ရရှိစေနိုင်သည်။ ကြာညောင်းသည့်ကာလအတွင်း အသိပညာစာအုပ်ဖြင့် သင်အံမှုကျင်းပပြီးနောက် ဝိညာဏလေးမြတ်မှု မတင်ပြပါက သင်အံမှုကို ရပ်ပစ်လိုက်ခြင်းသည် သင့်မြတ်လျော်ကန်ပေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ