ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၉၃ စာ. ၃
  • သင်ပြုလုပ်နိုင်မည်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်ပြုလုပ်နိုင်မည်လော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • လုပ်ငန်းတော်နှစ်သစ်အတွက်မွန်မြတ်သောပန်းတိုင်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • အရန်ရှေ့ဆောင် ၁၀၀ အလိုရှိသည်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • သင်အရန်ရှေ့ဆောင်နိုင်သလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နဓ ၇/၉၃ စာ. ၃

သင်ပြုလုပ်နိုင်မည်လော

၁ ‘ဘာကိုလဲ’ ဟုမေးမည်။ သုတ္တံ ၃:၂၇ ကဖြေသည်။ “ကျေးဇူးကိုခံသင့်သောသူတို့အား ကျေးဇူးပြုရသောအခွင့်ရှိလျှင် မပြုဘဲမနေနှင့်။” သင့်လုပ်ငန်းများကို တိုးချဲ့ကာ အရန်၊ သို့မဟုတ် မှန်မှန်ရှေ့ဆောင်လုပ်ငန်း၌ပါဝင်နိုင်သည့် “ကျေးဇူးပြုရသောအခွင့် [သင့်၌] ရှိ” သလော။ ယင်းကို သင်ပြုလုပ်နိုင်မည်လော။

၂ မြန်မာနိုင်ငံတွင် မှန်မှန်နှင့်အရန်ရှေ့ဆောင်အရေအတွက် ပျမ်းမျှအားဖြင့် ၂၉၄ ယောက်ရှိကြောင်း 1993 Yearbook တွင်ဖတ်ရှုရသည့်အတွက် အားရှိစရာပင်။ ယင်းသည် ကြေညာသူ ၇ ယောက်လျှင် ရှေ့ဆောင် ၁ ယောက်ဖြစ်ပါသည်။

၃ အရန်ရှေ့ဆောင်ခြင်းသည် သူတစ်ထူးအား ကောင်းမှုပြုနည်းတစ်နည်းဖြစ်သည်။ လွန်ခဲ့သောနှစ်က အရန်ရှေ့ဆောင်အများဆုံး ၁၁၈ ယောက်ရှိခဲ့သည်။ ချီးကျူးစရာပါ။ ကြေညာသူများစွာသည်လည်း တစ်နှစ်အတွင်း အကြိမ်ကြိမ်အရန်ရှေ့ဆောင်ခွင့်ကို ရှာကြံယူနေကြပါသည်။

၄ သင် “လုပ်နိုင်” မနိုင် ဆုံးဖြတ်ခြင်းငှာ သင့်စိတ်ဆန္ဒအရင်းခံကို ဦးစွာသုံးသပ်ကြည့်သင့်သည်။ (မ၊ ၂၂:၃၇-၃၉) တမန်တော် ၂၀:၃၅ က “ခံယူခြင်းထက်ပေးကမ်းခြင်း၌ ပျော်ရွှင်မှုသာ၍ရှိ၏” ဟုဆိုသည်။ နှလုံးပါပါနှင့် ဝိညာဉ်ရေးဘက် ရက်ရောစွာကူညီပေးသူများသည် စိတ်ထားမှန်ရှိကြောင်း ထင်ရှားပါသည်။ အောင်မြင်သောကြေညာသူ၊ သို့မဟုတ် ရှေ့ဆောင်ဖြစ်ရန် ထိုစိတ်ဓာတ်ရှိဖို့အလွန်လိုအပ်ပါသည်။

၅ ဒုတိယကား၊ သင့်လက်ရှိအခြေအနေကို သုံးသပ်ပါ။ အချိန်ပြည့်အမှုဆောင်နိုင်ရန် သင့်နေ့စဉ်ကိစ္စများကို ပြုပြင်ပေးနိုင်မည်လော။ လူတိုင်း ထိုသို့မပြုလုပ်ပေးနိုင်ပါ။ သို့သော် အသေအချာဆုတောင်းသုံးသပ်စစ်ဆေးပြီးနောက် “ယင်းကိုပြုလုပ်” နိုင်ရန်နည်းလမ်းကို များစွာသောသူများ နှစ်စဉ်တွေ့ရှိကြသည်။ (ကော၊ ၄:၅။ က၇၈ ၁၁/၁၅ စ၊ ၁၉) ဥပမာ၊ အချို့အိမ်ထောင်များသည် အချို့လများတွင် မိသားစုမှအချို့၊ သို့မဟုတ် မိသားစုတစ်စုလုံး အရန်ရှေ့ဆောင်ရန် စီစဉ်ထားကြပါသည်။ အခြားအိမ်ထောင်များမှာမူ မိသားစုမှ တစ်ယောက်အား မှန်မှန်ရှေ့ဆောင်နိုင်ရန် စီစဉ်ပေးပါသည်။ ဤသို့ပြုလုပ်နိုင်သည့် နည်းလမ်းများကို သင့်အိမ်ထောင် ဆွေးနွေးသုံးသပ်ခဲ့ပြီလော။​—သုတ္တံ ၁၁:၂၅ ရှု။

၆ သင်သည် ကြေညာသူဖြစ်စေ၊ ရှေ့ဆောင်ပင်ဖြစ်စေ အခြားသူများအား သမ္မာတရားသိရှိစေရန် ကူညီခြင်းသည် စစ်မှန်သောကျေနပ်မှုရရှိစေသည်။ အထူးသဖြင့် “ကျေးဇူးပြုရသောအခွင့် [သင့်၌] ရှိ” မည်ဆိုလျှင် သူတစ်ပါးအား ကောင်းမှုပြုခြင်းအားဖြင့် စစ်မှန်သောပျော်ရွှင်မှုကို ရနိုင်ကြောင်း ကျွန်ုပ်တို့သိရှိပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ