ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၁၂/၁ စာ. ၃
  • ဘုရားသခင်နဲ့ သင် ရင်းနှီးတယ်လို့ ခံစားရသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်နဲ့ သင် ရင်းနှီးတယ်လို့ ခံစားရသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်နဲ့ ရင်းနှီးဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား
  • ဒီထက်ကောင်းတဲ့ အသက်တာမျိုး ရှိတော့မှာမဟုတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ‘ဘုရားသခင်ထံ’ သင် အမှန်တကယ် “ချဉ်းကပ်” နိုင်သလော
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ဘုရားသခင်နဲ့ သင် ဆက်သွယ်နိုင်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ကျွန်ုပ်တို့ထံ ယေဟောဝါချဉ်းကပ်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၁၂/၁ စာ. ၃
ဘုရားသခင်အကြောင်း စဉ်းစားနေတဲ့ လူတစ်ယောက်

မျက်နှာဖုံးဆောင်းပါး | ဘုရားသခင်နဲ့ သင် ခင်မင်ရင်းနှီးနိုင်သလား

ဘုရားသခင်နဲ့ သင် ရင်းနှီးတယ်လို့ ခံစားရသလား

“ဘုရားနဲ့ သင့်ရဲ့ ရင်းနှီးမှုကြောင့် လုံခြုံမှု၊ ပြီးပြည့်စုံမှု၊ စိတ်ငြိမ်သက်မှု ခံစားရမှာ ဖြစ်တယ်။ ဘုရားသခင်က သင့်အကျိုးကို အမြဲလိုလားတယ်လို့လည်း ခံစားရလိမ့်မယ်။”—ဂါနာနိုင်ငံက လူငယ်လေး ခရစ္စတိုဖာ။

“သင် ခံစားနေရတဲ့ အထီးကျန်မှုကို ဘုရားသခင်မြင်တဲ့အတွက် သင်တောင်းဆိုတာထက်တောင် ပိုချစ်ပြီး ဂရုစိုက်တယ်။” —အမေရိကန်နိုင်ငံ၊ အလက်စကာပြည်နယ်က ၁၃ နှစ်အရွယ် ဟဲန်အာ။

“ဘုရားသခင်နဲ့ ရင်းနှီးတယ်ဆိုတဲ့ အသိစိတ်က စိတ်ငြိမ်သက်မှုရရှိပြီး ဘာနဲ့မှ မလဲနိုင်အောင် တန်ဖိုးရှိတယ်။” —ဂျာမေကာနိုင်ငံက အသက် ၄၀ ကျော် အမျိုးသမီး ဂျီနာ။

ခရစ္စတိုဖာ၊ ဟဲန်အာ၊ ဂျီနာတို့ပဲ အဲဒီလို ခံစားရတာ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူများစွာဟာ ဘုရားသခင်က သူတို့ကို မိတ်ဆွေအဖြစ် ရှုမြင်တယ်လို့ အခိုင်အမာ ယုံကြည်ကြတယ်။ သင်ကော။ ဘုရားသခင်နဲ့ ရင်းနှီးတယ်လို့ ခံစားရသလား။ ကိုယ်တော်နဲ့ မရင်းနှီးသေးဘူးဆိုရင် ရင်းနှီးချင်ပါသလား၊ ဒါမှမဟုတ် ဒီထက်မက ပိုရင်းနှီးချင်သလား။ ‘ဘာမဟုတ်တဲ့ လူသားတစ်ယောက်က တန်ခိုးအကြီးဆုံးအရှင် ဘုရားသခင်နဲ့ ရင်းနှီးဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား’ လို့ သင် သိချင်မှာပဲ။ ဒါဆိုရင် ဘယ်လိုနည်းနဲ့ ရင်းနှီးနိုင်မလဲ။

ဘုရားသခင်နဲ့ ရင်းနှီးဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား

ကျမ်းစာအရ ဘုရားနဲ့ ရင်းနှီးနိုင်တယ်ဆိုတာကို သိရတယ်။ ရှေးခေတ်အစ္စရေးလူမျိုးရဲ့ ဘိုးဘေးဖြစ်သူ အာဗြဟံကို “ငါ့အဆွေ” လို့ ဘုရားသခင်ခေါ်ခဲ့တယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဟေရှာယ ၄၁:၈) “ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်” ဆိုတဲ့ လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ချက်ကိုလည်း ကျမ်းစာမှာ တွေ့ရတယ်။ (ယာကုပ် ၄:၈) ဒါကြောင့် ဘုရားသခင်နဲ့ ရင်းနှီးနိုင်တယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒါဆိုရင် မမြင်ရတဲ့ဘုရားသခင်ကို ဘယ်လိုနည်းနဲ့ “ချဉ်းကပ်” ပြီး ရင်းနှီးနိုင်သလဲ။

အဲဒီမေးခွန်းရဲ့ အဖြေကို သိရှိနိုင်ဖို့ အရင်ဆုံး လူနှစ်ယောက် ဘယ်လိုခင်မင်ရင်းနှီးလာသလဲဆိုတာ သုံးသပ်ကြည့်ရအောင်။ တစ်ယောက်နဲ့တစ်ယောက် နာမည်ပြောပြခြင်းကနေ ရင်းနှီးမှု အစပြုကြတယ်။ အဲဒီနောက် သူတို့နှစ်ယောက် အမြဲဆက်သွယ်ပြီး ခံစားချက်တွေ၊ အတွေးတွေကို ပြောဆိုလာကြတယ်။ ဒီလိုနဲ့ သူတို့ဟာ တဖြည်းဖြည်း ရင်းနှီးလာကြတယ်။ တစ်ယောက်အကြိုက် တစ်ယောက် ကြိုးစားလုပ်ဆောင်ပေးတဲ့အခါ သူတို့ရဲ့ ရင်းနှီးမှုနှောင်ကြိုးဟာ ခိုင်မာလာတယ်။ ဘုရားနဲ့ ရင်းနှီးချင်တယ်ဆိုရင် အဲဒီအတိုင်း လုပ်ဆောင်သွားဖို့ လိုပါတယ်။ အဲဒီအကြောင်း ဆက်လေ့လာကြည့်ရအောင်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ