ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၇/၁ စာ. ၃
  • အသိပညာထွန်းလင်းမှု ရှာပုံတော်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အသိပညာထွန်းလင်းမှု ရှာပုံတော်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာသာတရားအားဖြင့်လော
  • ဆင်ခြင်နိုင်စွမ်းအားဖြင့်လော
  • စစ်မှန်သောအသိပညာထွန်းလင်းမှု ရရှိခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ယေဟောဝါ၏အဖွဲ့အစည်းနှင့်အတူ ရင်ပေါင်တန်းလျှောက်လှမ်းနေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ယေဟောဝါ ရည်ရွယ်ချက်ရှိသောဘုရား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • မေးခွန်းများစွာ စိတ်ကျေနပ်ဖွယ်အဖြေ နည်းလှ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၇/၁ စာ. ၃

အသိပညာထွန်းလင်းမှု ရှာပုံတော်

“အသိပညာရှိခြင်းသည် မသိရှိခြင်းထက်သာ၍ကောင်း၏” ဟု ကျော်ကြားသောရူပဗေဒပညာရှင် အဲန်ရီကိုဖာမီ၏ ဇနီးဖြစ်သူ လော်ရာဖာမီ ကပြောခဲ့သည်။ အချို့က မသိလျှင်အန္တရာယ်ကင်းသည်ဟု ဆိုကြပေမည်။ သို့သော် အများစုအတွက်မူ ထိုစကားများသည် သိပ္ပံဆိုင်ရာသုတေသနကဏ္ဍတွင်သာမက ဘဝ၏အခြားကဏ္ဍများတွင်လည်း မှန်ကန်၏။ မသိရှိခြင်းဟုဆိုရာ၌ အမှန်တရားမသိခြင်းကို ဆိုလိုသည်။ ယင်းကြောင့် လူများစွာသည် ဉာဏ်ပညာ၊ ကိုယ်ကျင့်တရားနှင့် ဝိညာဉ်ရေးဆိုင်ရာ အမှောင်ထုထဲတွင် စမ်းတဝါးဝါးဖြစ်နေကြသည်။—ဧဖက် ၄:၁၈။

ယင်းကြောင့်လည်း စဉ်းစားဆင်ခြင်တတ်သူတို့က အသိပညာထွန်းလင်းမှုကို ရှာပုံတော်ဖွင့်နေကြ၏။ ကျွန်ုပ်တို့ အဘယ်ကြောင့် ဤနေရာတွင်ရောက်ရှိနေရကြောင်းနှင့် မည်သည့်နေရာသို့ ဦးတည်နေကြောင်း သူတို့သိလိုကြသည်။ ယင်းတို့ကိုသိရှိနိုင်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ရှာနေကြသည်။ နည်းလမ်းအချို့ကို အကျဉ်းရုံးသုံးသပ်ကြည့်ကြပါစို့။

ဘာသာတရားအားဖြင့်လော

ဗုဒ္ဓဝါဒအရ ဗုဒ္ဓဘာသာကိုတည်ထောင်ခဲ့သူ သိဒ္ဓတ္ထဂေါတမသည် လူသားတို့ခံစားနေရသည့် ဆင်းရဲဝေဒနာနှင့် သေခြင်းကိုမြင်၍ လွန်စွာစိတ်ထိခိုက်ခဲ့သည်။ သူသည် “အမှန်တရားလမ်း” ကိုရှာတွေ့ဖို့ ဟိန္ဒူဘာသာရေးဆရာများထံ အကူအညီတောင်းခဲ့သည်။ ဆရာအချို့က ယောဂီကျင့်စဉ်နှင့် အလွန်အမင်းခြိုးခြံသည့်ကျင့်စဉ်တို့ကို အကြံပေးခဲ့ကြ၏။ နောက်ဆုံးတွင် စစ်မှန်သောအသိပညာထွန်းလင်းမှု ရရှိနိုင်သည့်နည်းလမ်းအဖြစ် အပြင်းအထန်တရားအားထုတ်ခြင်းကို ရှင်ဂေါတမ ရွေးချယ်ခဲ့သည်။ အချို့ကမူ အသိပညာထွန်းလင်းမှုရှာဖွေရာတွင် စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများကို အသုံးပြုကြသည်။ ဥပမာ၊ တိုင်းရင်းအမေရိကန်ချာ့ချ် အသင်းသားများသည် စိတ်ပြောင်းလဲစေသောဓာတ်ပါသည့် ရှားစောင်းတစ်မျိုးကို “မြှုပ်နေသောအသိပညာကို ဖော်ထုတ်ပေးသည့်အရာ” ဟုဆိုကြသည်။

ဆယ့်ရှစ်ရာစုမှ ပြင်သစ်အတွေးအခေါ်ပညာရှင် ဇန်ဇပ်ခ်ရူးဆိုးက စိတ်ရင်းမှန်ဖြင့် စူးစမ်းရှာဖွေသူမည်သူမဆို ဘုရားသခင်ထံမှ ဝိညာဉ်ရေးဖွင့်ပြချက်ကို ရရှိနိုင်သည်ဟု ယုံကြည်ခဲ့၏။ မည်သို့အားဖြင့် ရရှိနိုင်သနည်း။ “စိတ်နှလုံးတွင် ဘုရားသခင်ဖော်ပြရာ” ကိုနားထောင်ခြင်းဖြင့်ဖြစ်သည်။ ထို့နောက် သင့်စိတ်လှုပ်ရှားမှုနှင့် ကိုယ်ကိုကိုယ်သိစိတ်တို့မှ ဖြစ်ပေါ်လာသော ခံစားချက်သည် “လွန်စွာရှုပ်ထွေးလှသော လူ့အယူအဆများကြားတွင် ပို၍စိတ်ချရသောလမ်းညွှန်မှုတစ်ရပ်” ဖြစ်လာမည်ဟု ရူးဆိုးကဆိုသည်။—အနောက်တိုင်းအတွေးအခေါ်ပညာသမိုင်း။

ဆင်ခြင်နိုင်စွမ်းအားဖြင့်လော

ရူးဆိုးနှင့်တစ်ခေတ်တည်းသားများစွာက ဘာသာတရားဖြင့်ရှာဖွေနည်းကို လုံးဝသဘောမတူကြချေ။ သာဓကအနေနှင့် သူနှင့်လူမျိုးတူသူ ဗော်လ်တဲယားက ဘာသာတရားသည် လူတို့ကို အသိပညာထွန်းလင်းပေးဖို့နေနေသာသာ၊ အမှောင်လွှမ်းသောခေတ်ဟု သမိုင်းပညာရှင်အချို့ခေါ်ဆိုသော ကာလအတွင်း ဥရောပနိုင်ငံများကို အသိပညာကင်းမဲ့မှု၊ အယူသီးမှုနှင့် ဘာသာရေးတစ်ယူသန်မှုတို့ လွှမ်းမိုးစေခဲ့သည့် အဓိကအကြောင်းရင်းဖြစ်သည်ဟုဆိုသည်။

ဗော်လ်တဲယားသည် အသိဉာဏ်ပွင့်လင်းမှုဟုခေါ်သော ဥရောပဆင်ခြင်မှုအဓိကဝါဒီများ၏ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည်။ ယင်းဝါဒီများက လူ့ဆင်ခြင်မှုနှင့် သိပ္ပံဆိုင်ရာစူးစမ်းရှာဖွေမှုသည် စစ်မှန်သောအသိပညာထွန်းလင်းမှု၏ သော့ချက်ဖြစ်သည်ဟူသော ရှေးဂရိအတွေးအခေါ်ကို ပြန်လက်ခံခဲ့ကြ၏။ ဆင်ခြင်မှုအဓိကဝါဒီများ၏ လှုပ်ရှားမှုတွင်ပါဝင်သူ ဘားနာ့ဒ်ဒီဖော့တ်နယ်က လူ့ဆင်ခြင်မှုသည် လူသားတို့ကို “အသိပညာ ပို၍ပို၍ထွန်းလင်းလာမည့် ရာစုနှစ်” သို့ပို့ဆောင်ပေးမည်ဖြစ်ကာ “နှိုင်းယှဉ်ကြည့်လျှင် အတိတ်မှရာစုနှစ်များသည် အမှောင်ထုထဲတွင် ကျန်ခဲ့မည်” ဟုယူဆသည်။—ဗြိတဲန်နီကာစွယ်စုံကျမ်း။

ဤသည်တို့မှာ အသိပညာထွန်းလင်းမှု ရရှိနိုင်ပုံနှင့်ပတ်သက်၍ ကွဲလွဲသည့်သဘောထားများစွာမှ အချို့သာဖြစ်သည်။ အမှန်တရားရှာပုံတော်ဖွင့်ရာတွင် ကျွန်ုပ်တို့ကို ကူညီပေးနိုင်သည့် “စိတ်ချရသောလမ်းညွှန်မှု” တစ်စုံတစ်ခုရှိပါသလော။ အသိပညာထွန်းလင်းမှုရရှိနိုင်သည့် ယုံကြည်စိတ်ချရသောရင်းမြစ်အကြောင်းကို နောက်ဆောင်းပါးတွင် သုံးသပ်ကြည့်ပါ။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

ဗုဒ္ဓဂေါတမ၊ ရူးဆိုးနှင့် ဗော်လ်တဲယားတို့သည် နည်းလမ်းအသီးသီးဖြင့်အသိပညာထွန်းလင်းမှုရှာပုံတော်ဖွင့်ခဲ့ကြ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ