ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၄/၁၅ စာ. ၂၇
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာကုလနှင့်ပြစ်ကိလ—စံပြမောင်နှံစုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • တပည့်များဖြစ်စေရန် ဟောပြောလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • မျက်မှောက်ခေတ်ဝတ်ပြုရေး၌ တေးဂီတ၏ကဏ္ဍ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၄/၁၅ စာ. ၂၇

သင်မှတ်မိသလော

မကြာသေးမီကထုတ်ဝေသော ကင်းမျှော်စင် စာစောင်များကို ဂရုတစိုက်တွေးတောဆင်ခြင်ပြီးပြီလော။ သို့ဖြစ်လျှင် အောက်ပါတို့ကို ပြန်လည်စဉ်းစားခြင်းက သင့်အတွက် စိတ်ဝင်စားစရာဖြစ်စေပေမည်–

▫ ယနေ့ အိမ်ထောင်သည်ဇနီးမောင်နှံများစွာတို့သည် အာကုလနှင့် ပြစ်ကိလထားခဲ့သော ပုံသက်သေကောင်းကို မည်သို့လိုက်လျှောက်ကြသနည်း။

အာကုလနှင့် ပြစ်ကိလတို့သည် အသင်းတော်များစွာတို့တွင် အမှုဆောင်ခဲ့ကြသည်။ သူတို့ကဲ့သို့ပင် မျက်မှောက်ခေတ် ခရစ်ယာန်များစွာတို့သည် သာ၍လိုအပ်သောနေရာများသို့ပြောင်းရွှေ့ကာ မိမိတို့ကိုယ်ကိုအသုံးတော်ခံရန် အသင့်ရှိကြသည်။ သူတို့သည် နိုင်ငံတော်အမှုရေးရာများ တိုးတက်ခြင်းကို မြင်တွေ့ရခြင်းနှင့် တန်ဖိုးရှိသောခရစ်ယာန်မိတ်သဟာယများကို ပျိုးထောင်နိုင်ခြင်းတို့ကြောင့် ရွှင်လန်းမှုနှင့် ကျေနပ်အားရမှုတို့ကို ခံစားရကြသည်။—၁၂/၁၅၊ စာမျက်နှာ ၂၄။

▫ အရက်ယမကာနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏ရှုထောင့်ကား အဘယ်နည်း။

အရက်ယမကာနှင့်ပတ်သက်၍ သမ္မာကျမ်းစာ၏ရှုထောင့်သည် မျှတမှုရှိသည်။ တစ်ဖက်ကကြည့်မည်ဆိုလျှင်၊ ကျမ်းစာက ဝိုင်ကို ဘုရားသခင့်ထံတော်မှ လက်ဆောင်တစ်ခုအဖြစ် ဖော်ပြထားသည်။ (ဆာလံ ၁၀၄:၁၊ ၁၅) အခြားတစ်ဖက်တွင်မူ၊ သောက်ကြူးခြင်းကို ပြစ်တင်ရှုတ်ချသည်။ (လုကာ ၂၁:၃၄; ၁ တိမောသေ ၃:၈; တိတု ၂:၃; ၁ ပေတရု ၄:၃)—၁၂/၁၅၊ စာမျက်နှာ ၂၇။

▫ ဟဂ္ဂဲကျမ်း၏ ထူးခြားသောလက္ခဏာကား အဘယ်နည်း။

ဟဂ္ဂဲကျမ်းသည် အခန်းငယ် ၃၈ ခုမျှသာရှိသော်လည်း ဘုရားသခင်၏နာမတော်ကို ၃၅ ကြိမ်အသုံးပြုထား၏။ ယေဟောဝါဟူသော နာမတော်နေရာတွင် “ထာဝရဘုရား” ဟူသည့်ဘွဲ့အမည်ကို အစားထိုးလိုက်သောအခါ ၎င်းပရောဖက်ပြုချက်သည် အသက်မဝင်တော့ပေ။—၁/၁၊ စာမျက်နှာ ၆။

▫ ဒါဝိဒ်နှင့်မနာရှေတို့၏အပြစ်များမှ မည်သည့်သင်ခန်းစာကို ရယူနိုင်သနည်း။

ဒါဝိဒ်နှင့်မနာရှေတို့ကို ယေဟောဝါခွင့်လွှတ်သော်လည်း၊ ဤလူနှစ်ဦး—နှင့်အတူ ဣသရေလလူမျိုးတို့သည်—သူတို့၏အပြစ်ရှိသည့်လုပ်ရပ်များ၏ အကျိုးဆက်များကိုခံခဲ့ကြရသည်။ (၂ ဓမ္မရာဇဝင် ၁၂:၁၁၊ ၁၂; ယေရမိ ၁၅:၃-၅) ယနေ့လည်း အလားတူစွာ နောင်တရသောအပြစ်ပြုသူများကို ယေဟောဝါခွင့်လွှတ်သော်လည်း သူတို့လုပ်ရပ်များ၏ ရှောင်လွဲ၍မရနိုင်သော အကျိုးဆက်များရှိနိုင်သည်။—၁/၁၊ စာမျက်နှာ ၂၇။

▫ မည်သည့်နည်းဖြင့် ဘုရားသခင့်နိုင်ငံတော် ‘သတင်းကောင်းကိုကြေညာသူများ၏ ခြေတို့’ သည် “တင့်တယ်” သနည်း။ (ဟေရှာယ ၅၂:၇)

အခြားသူများကို သွားရောက်ဟောပြောသောအခါ လူတစ်ဦးကို ပုံမှန်ရွေ့လျားသွားစေသည့် ခြေတို့ကို ဆိုလိုသည်။ အမှန်မှာ ယင်းခြေတို့သည် လူကို ကိုယ်စားပြုသည်။ ထို့ကြောင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို တလိုတလားကြားနာပြီး တုံ့ ပြန်သူများစွာအတွက် ထိုသို့သောတမန်များ၏ခြေတို့သည် အမှန်ပင် အလွန်တင့်တယ်ပါသည်။—၁/၁၅၊ စာမျက်နှာ ၁၃။

▫ “သတင်းကောင်းကြေညာခြင်း” တွင်ပါဝင်သော လုပ်ငန်းနှစ်ရပ်ကားအဘယ်နည်း။ (၁ ကောရိန္သု ၉:၁၆)

ပထမတစ်ခုအနေနှင့်၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏နိုင်ငံတော်သတင်းကောင်းကို ကြွေးကြော်ရမည်။ ဤလုပ်ငန်း၏ဒုတိယကဏ္ဍမှာ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်ချက်ကို တလိုတလားတုံ့ ပြန်သူများအား သွန်သင်ပေးခြင်းဖြစ်သည်။—၁/၁၅၊ စာမျက်နှာ ၂၃။

▫ ယေရှုကို ကျွန်ုပ်တို့ချစ်ကြောင်း မည်သို့ထင်ရှားပြသနိုင်သနည်း။

ယေရှုက “ငါ့ပညတ်တို့ကိုရ၍ စောင့်ရှောက်သောသူသည် ငါ့ကိုချစ်သောသူဖြစ်၏” ဟုမိန့်တော်မူသည်။ (ယောဟန် ၁၄:၂၁) ယင်းပညတ်များတွင် အရေးကြီးဆုံးကား ယေဟောဝါကိုဝတ်ပြုခြင်းဖြစ်သည်။ (မဿဲ ၄:၁၀) ထို့ပြင် ကျွန်ုပ်တို့သည် ယေရှုကို ဘုရားသခင့်သားတော်အဖြစ် ယုံကြည်ကြောင်းတင်ပြကာ ယင်းယုံကြည်ခြင်းကို ဆိုးညစ်သောလုပ်ရပ်များကိုရှောင်ကြဉ်ခြင်းဖြင့်တင်ပြရမည်။ (ယောဟန် ၃:၁၆-၂၁) ဘုရားသခင်၏နိုင်ငံတော်နှင့် ကိုယ်တော့်ဖြောင့်မတ်ခြင်းကို ရှေးဦးထားရန် ကျွန်ုပ်တို့အား ယေရှုသွန်သင်တော်မူခဲ့သည်။ (မဿဲ ၆:၃၃) ကိုယ်တော်သည် ကျွန်ုပ်တို့ကိုချစ်တော်မူသကဲ့သို့ ကျွန်ုပ်တို့အချင်းချင်း ချစ်ကြရန် ပညတ်ထားသည်။ (ယောဟန် ၁၃:၃၄) ဘုရားသခင့်ရည်ရွယ်တော်မူချက်များအကြောင်းကို သက်သေခံရမည်ဟု ကျွန်ုပ်တို့အား ကိုယ်တော် ပညတ်ထားတော်မူခဲ့သည်။ (မဿဲ ၂၄:၁၄)—၂/၁၊ စာမျက်နှာ ၁၉။

▫ အသင်းတော်အစည်းအဝေးများတွင် ဘုရားသခင့်နိုင်ငံတော်သီချင်းသီဆိုခြင်းမှ တစ်ဦးစီရရှိသည့်အကျိုးကျေးဇူးများကားအဘယ်နည်း။

သီချင်းဆိုခြင်းသည် ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ထံ မိမိတို့၏ခံစားချက်များကို ဖွင့်ဟရန်အခွင့်အရေးရစေသည်။ (ဆာလံ ၁၄၉:၁၊ ၃) ကျွန်ုပ်တို့သည် အသင်းတော်တွင် နှလုံးမှလှိုက်လှိုက်လှဲလှဲသီဆိုသောအခါ လိုက်လာမည့်အစီအစဉ်အတွက် သင့်လျော်သည့်စိတ်နှလုံးသဘောထားကို ရရှိနိုင်စေသည်။ ယင်းက ယေဟောဝါ၏ဝတ်ပြုရေးတွင် ပို၍ပါဝင်ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးနိုင်သည်။—၂/၁၊ စာမျက်နှာ ၂၈။

▫ သေရသောနေ့သည် ဖွားမြင်သောနေ့ထက် သာ၍ကောင်း၏ဟု မည်သို့ဆိုနိုင်သနည်း။ (ဒေသနာ ၇:၁)

ကွယ်လွန်သောသစ္စာရှိသူများကို ရှင်ပြန်ထမြောက်စေနိုင်တော်မူသော ယေဟောဝါရှေ့မှောက်တွင် နာမည်ကောင်းရထားပြီဆိုလျှင် သေနေ့သည် မွေးနေ့ထက်သာ၍ကောင်း၏။ (ယောဟန် ၁၁:၂၅)—၂/၁၅၊ စာမျက်နှာ ၁၂။

▫ ဒေသနာကျမ်းသည် ကျွန်ုပ်တို့တစ်ဦးစီကို အဘယ်ကြောင့် အကူအညီပေးသနည်း။

ကျွန်ုပ်တို့၏ဘဝကိုရှုမြင်ပုံနှင့် အာရုံစူးစိုက်ရာကို တည့်မတ်စေရန် တစ်ဦးစီအတွက် အကူအညီဖြစ်စေနိုင်သည်။ (ဒေသနာ ၇:၂; ၂ တိမောသေ ၃:၁၆၊ ၁၇)—၂/၁၅၊ စာမျက်နှာ ၁၆။

▫ ယေဟောဝါသက်သေများသည် ရှိရင်းစွဲဝါဒီများလော။

မဟုတ်ပါ။ သူတို့တွင် ခိုင်မာသောဘာသာရေးယုံကြည်ချက်များရှိသော်လည်း ထိုစကားလုံးကိုသုံးလေ့သုံးထရှိသောသဘောအတိုင်း သူတို့သည် ရှိရင်းစွဲဝါဒီများမဟုတ်ကြပါ။ သူတို့နှင့်သဘောထားကွဲလွဲသူများကို ဆန္ဒပြအကြမ်းဖက်ရန် မကြံစည်ကြပါ။ သူတို့သည် သူတို့၏ခေါင်းဆောင်ယေရှုခရစ်ကို တုပကြသည်။—၃/၁၊ စာမျက်နှာ ၆။

▫ ဘုရားသခင်၏အပြစ်စီရင်ခြင်းဟူသော ယေရှုကြွလာမည့်အချိန်ကို အတိအကျမသိခြင်းက ခရစ်ယာန်များအပေါ် အဘယ်အကျိုးသက်ရောက်မှုရှိသနည်း။

ခရစ်ယာန်များသည် သမ္မာသတိရှိလျက် ယေဟောဝါအား အတ္တစိတ်မရှိဘဲ ဝတ်ပြုကိုးကွယ်နေကြကြောင်း နေ့တိုင်းအစဉ် သက်သေပြခွင့်ရသည်။—၃/၁၊ စာမျက်နှာ ၁၃။

▫ ကျွန်ုပ်တို့ကိုလိမ်လည်လှည့်ဖြားသော ညီအစ်ကိုတစ်ဦးကို တရားစွဲဆိုခြင်းမပြုမီ ကျွန်ုပ်တို့သုံးသပ်သင့်ရာကားအဘယ်နည်း။

ကျွန်ုပ်တို့အပေါ်၊ အခြားပါဝင်ပတ်သက်သူများအပေါ်၊ အသင်းတော်အပေါ်နှင့် အပြင်လူများအပေါ် သက်ရောက်နိုင်သည့်အကျိုးဆက်များကို ထည့်သုံးသပ်သင့်သည်။ (၁ ကောရိန္သု ၆:၇)—၃/၁၅၊ စာမျက်နှာ ၂၀။

▫ စစ်မှန်သောပျော်ရွှင်မှုကို မည်သို့ရရှိနိုင်သနည်း။

စစ်မှန်သောပျော်ရွှင်မှုသည် နှလုံးတွင်းရှိအခြေအနေတစ်ခုဖြစ်ပြီး စစ်မှန်သောယုံကြည်ခြင်းနှင့် ယေဟောဝါနှင့်ကောင်းမွန်သောဆက်ဆံရေးအပေါ် အခြေခံသည်။ (မဿဲ ၅:၃)—၃/၁၅၊ စာမျက်နှာ ၂၃။

▫ ခရစ်ယာန်တစ်ဦးသည် ဂျူရီလူကြီးတာဝန်ထမ်းဆောင်ရန် တောင်းဆိုခံရသောအခါ မည်သို့ပြုသင့်သနည်း။

ဂျူရီလူကြီးတာဝန်ထမ်းဆောင်ရန် တောင်းဆိုခံရသောခရစ်ယာန်တိုင်းသည် သမ္မာကျမ်းစာအပေါ် မိမိ၏သိနားလည်မှုနှင့် ကိုယ်ကိုကိုယ်သိသောစိတ်အပေါ် အခြေခံ၍ မည်သည့်လမ်းစဉ်လိုက်ရမည်ကို ဆုံးဖြတ်ရမည်။ (ဂလာတိ ၆:၅)—၄/၁၊ စာမျက်နှာ ၂၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ