ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၆/၁ စာ. ၃-၄
  • စိတ်စွန်းကွက်မှု၏သားကောင်တစ်ဦး အသင်ဖြစ်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်စွန်းကွက်မှု၏သားကောင်တစ်ဦး အသင်ဖြစ်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • စိတ်စွန်းကွက်မှုက ထိခိုက်နစ်နာစေနိုင်၏
  • တစ်ဖက်သတ်အစွဲ—ကမ္ဘာချီပြဿနာတစ်ရပ်ဖြစ်နေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ခွဲခြားဆက်ဆံတဲ့သဘော သင့်မှာ ရှိနေသလား
    နိုးလော့!—၂၀၂၀
  • တစ်ဖက်သတ်အစွဲတွေ ဘယ်တော့ ပပျောက်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • မလိုမုန်းထားမှုနှင့် ခွဲခြားဆက်ဆံမှု—အခြေခံအကြောင်းရင်းများကို သိမြင်နားလည်ခြင်း
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၆/၁ စာ. ၃-၄

စိတ်စွန်းကွက်မှု၏သားကောင်တစ်ဦး အသင်ဖြစ်သလော

လူမျိုးစုအကြမ်းဖက်မှု၊ လူမျိုးကြီးဝါဒ၊ ခွဲခြားဆက်ဆံမှု၊ လူမျိုးရေးခွဲခြားမှုနှင့် လူမျိုးတုံးသတ်ဖြတ်မှုတို့တွင် အဘယ်တူညီသောအချက်ရှိသနည်း။ ၎င်းတို့အားလုံးမှာ နှံ့ပြားလျက်ရှိသော လူ့စိတ်ဓာတ်တစ်ရပ်၏ အကျိုးရလဒ်များပင်ဖြစ်သည်။ ယင်းမှာ စိတ်စွန်းကွက်မှုဖြစ်သတည်း!]စိတ်စွန်းကွက်မှုကား အဘယ်နည်း။ စွယ်စုံကျမ်းတစ်စောင်က ၎င်းကို “မျှမျှတတစီရင်ရန် အချိန်ယူခြင်းမရှိ သို့မဟုတ် အလေးထားခြင်းမရှိသော ထင်မြင်ယူဆချက်တစ်ရပ်” အဖြစ် အနက်ဖွင့်ထားသည်။ မစုံလင်သည့်လူသားများအနေနှင့် ကျွန်ုပ်တို့သည် စိတ်စွန်းကွက်မှု အတန်အရာရှိတတ်ပေမည်။ ဖြစ်ရပ်မှန်အကြောင်းအရာ အကုန်အစင်မသိဘဲ စီရင်ချက်တစ်ရပ်ကိုပြုလုပ်ရာတွင် သာဓကရပ်များကို သင်စဉ်းစားကြည့်နိုင်ဖွယ်အကြောင်းရှိပေမည်။ ထိုကဲ့သို့သော စိတ်စွန်းကွက်မှုစိတ်ဓာတ်များနှင့် ယေဟောဝါဘုရားသခင်၏တရားစီရင်သည့်နည်းလမ်းကို သမ္မာကျမ်းစာက ကွဲပြားခြားနားကြောင်း နှိုင်းယှဉ်ပြထားသည်။ ယင်းက “ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည်မဟုတ်။ လူသည် အဆင်းသဏ္ဌာန်ကိုကြည့်ရှုတတ်၏။ ထာဝရဘုရားမူကား နှလုံးကို ကြည့်ရှုတတ်သည်” ဟု ဖော်ပြထား၏။—၁ ဓမ္မရာဇဝင် ၁၆:၇။

စိတ်စွန်းကွက်မှုက ထိခိုက်နစ်နာစေနိုင်၏

လူယောက်စီယောက်တိုင်းတို့သည် တစ်ဦးတစ်ယောက်၏ လွဲမှားစွာစီရင်ဆုံးဖြတ်မှုကို တစ်ချိန်မဟုတ်တစ်ချိန်၌ခံခဲ့ရမည်မှာ မလွဲပေ။ (ဒေသနာ ၇:၂၁၊ ၂၂ နှိုင်းယှဉ်။) ယေဘုယျအားဖြင့် ကျွန်ုပ်တို့အားလုံးသည် စိတ်စွန်းကွက်မှု၏သားကောင်များဖြစ်ကြသည်။ သို့ရာတွင် အလျင်အမြန်ဖြေဖျောက်လိုက်မည်ဆိုပါက စိတ်စွန်းကွက်မှုအတွေးများသည် ထိခိုက်နစ်နာမှု အနည်းငယ်သာဖြစ်ဖွယ်ရှိမည် သို့မဟုတ် လုံးဝဖြစ်ဖွယ်အကြောင်းမရှိပေ။ ထိုကဲ့သို့သောအတွေးများကို မွေးမြူထားခြင်းကသာ အန္တရာယ်ရှိနိုင်၏။ မုသားကို ယုံကြည်သက်ဝင်စေနိုင်၏။ ဥပမာအနေနှင့် စိတ်စွန်းကွက်မှု၏လွှမ်းမိုးမှုအောက်၌ လူအချို့တို့က လူတစ်ဦးသည် တစ်စုံတစ်ခုသော ဘာသာရေး၊ လူမျိုးရေး သို့မဟုတ် နိုင်ငံသားအုပ်စုမှဖြစ်သောကြောင့် လောဘကြီးနိုင်သည်၊ ပျင်းရိနိုင်သည်၊ မိုက်မဲနိုင်သည်၊ မာနကြီးနိုင်သည်ဟု ယုံကြည်ယူမှတ်ကြမည်အမှန်။ကိစ္စရပ်အများတို့၌ ထိုကဲ့သို့သော လွဲမှားသည့်စီရင်မှုသည် အခြားသူများကို မတရားစွာ၊ ရင့်သီးစွာ သို့မဟုတ် ကြမ်းတမ်းစွာပင် ပြုမူဆက်ဆံမိစေမည်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးစုသတ်ဖြတ်မှုနှင့် အခြားသော ပြင်းထန်သည့်စိတ်စွန်းကွက်မှုတို့၌ သန်းပေါင်းများစွာသောသူတို့၏အသက် ဆုံးရှုံးခဲ့ကြရပြီ။

ကမ္ဘာတစ်ဝန်း၌ အစိုးရများသည် လွတ်လပ်မှု၊ လုံခြုံမှုနှင့် တန်းတူညီမျှမှုတို့အတွက် ဖောက်ဖျက်၍မရနိုင်သောလုပ်ပိုင်ခွင့်ကို တရားဝင်အာမခံချက်ပေးခြင်းအားဖြင့် စိတ်စွန်းကွက်မှုကို ကာကွယ်ဆီးတားကြသည်။ သင့်နိုင်ငံ၏ဖွဲ့စည်းပုံဥပဒေ သို့မဟုတ် အရေးပါသော ဥပဒေပြဋ္ဌာန်းချက်များကို သင်လေ့လာကြည့်မည်ဆိုပါက အဘယ်လူမျိုး၊ အဘယ်လိင် သို့မဟုတ် အဘယ်ဘာသာကပင်ဖြစ်ပါစေ နိုင်ငံသားအားလုံး၏လုပ်ပိုင်ခွင့်ကို ကာကွယ်ရန်အတွက်ရည်ရွယ်သော အပိုဒ်ငယ်တစ်ခု သို့မဟုတ် ပြင်ဆင်ချက်တစ်ရပ်ကို သင်တွေ့ရှိမည်မှာမလွဲပေ။ သို့ရာတွင် စိတ်စွန်းကွက်မှုနှင့် ခွဲခြားဆက်ဆံမှုတို့သည် ကမ္ဘာတစ်ဝန်း တင်းကျမ်းပြည့်လျက်ရှိ၏။

သင်သည် စိတ်စွန်းကွက်မှု၏သားကောင်တစ်ဦးဖြစ်သလော။ သင်၏လူမျိုး၊ အသက်၊ လိင်၊ နိုင်ငံသား သို့မဟုတ် ဘာသာရေးယုံကြည်ချက်ကြောင့်နှင့် လောဘကြီးသူ၊ ပျင်းရိသူ၊ မိုက်မဲသူ၊ မာနကြီးသူအဖြစ် တရားသေစွဲမှတ်ခံရဖူးသလော။ စိတ်စွန်းကွက်မှုကြောင့် သင့်တော်သော ပညာရေး၊ လုပ်ငန်းကိုင်ငန်း၊ အိုးအိမ်နေထိုင်မှုနှင့် လူမှုရေးလုပ်ငန်းများအတွက် အခွင့်အရေးများ ငြင်းပယ်ခံရဖူးသလော။ သို့ ဖြစ်ပါက သင်မည်သို့ ရင်ဆိုင်ဖြေရှင်းမည်နည်း။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

စိတ်စွန်းကွက်မှုကို မွေးမြူခြင်းက လူမျိုးရေးမုန်းတီးမှုကို ဆွပေးရာကျ၏

[Credit Line]

Nina Berman/Sipa Press

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ