ကမ္ဘာတစ်လွှား ယေဟောဝါသက်သေများ—ဘရာဇီး
ဘရာဇီးနိုင်ငံသည် နည်းအမျိုးမျိုးဖြင့် ဧရာမနိုင်ငံတစ်ခုဖြစ်သည်။ အရွယ်အစားနှင့် လူဦးရေအရပါ ကမ္ဘာ့ပဉ္စမမြောက် အကြီးဆုံးနိုင်ငံဖြစ်သည်။ တောင်အမေရိကတိုက်၏ ထက်ဝက်နီးပါးရှိပြီး တစ်တိုက်လုံးရှိ အခြားစုစုပေါင်းနိုင်ငံများ၏လူဦးရေထက် များသောသူတို့သည် ဤနိုင်ငံတွင် နေထိုင်ပါသည်။ ဘရာဇီးနိုင်ငံတွင် ကမ္ဘာ့အကြီးဆုံးမိုးသစ်တောလည်းရှိသည်။ ၎င်းသစ်တောတွင် ကမ္ဘာပေါ် အင်အားအကြီးမားဆုံးမြစ်—အမေဇုံမြစ်—စီးဆင်းပါသည်။
အခြားသဘောတစ်မျိုးဖြင့်လည်း ဘရာဇီးနိုင်ငံသည် ဧရာမနိုင်ငံတစ်နိုင်ငံဖြစ်သည်။ ဤနိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ကြေညာသူများ၏အရေအတွက်သည် ၄၀၀,၀၀၀ နီးပါးရှိနေပြီး လွန်ခဲ့သောနှစ်ကခရစ်တော်၏သေခြင်းကို အောက်မေ့ပွဲကျင်းပချိန်တွင် တက်ရောက်သူပေါင်း ၁,၀၀၀,၀၀၀ ကျော်ရှိခဲ့သည်။ ထို့ကြောင့် ဤနိုင်ငံသည် အထူးသဖြင့် ဘုရားသခင့်နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ ထူးခြားသောနိုင်ငံတစ်နိုင်ငံဖြစ်သည်။ မကြာမီကရရှိသောတွေ့ ကြုံမှုများက ဤအချက်ကို ထင်ရှားစေသည်။
အကူအညီပိုလိုအပ်သောနေရာတွင် အမှုတော်ထမ်းခြင်း
စယ်အူ ပယ်အူလူမြို့ရှိ ဆွေမျိုးအသိုင်းအဝိုင်းနှင့် စိတ်ချရ၍ဝင်ငွေကောင်းသောလုပ်ငန်းကိုပါစွန့်ပြီး ဘုရားသခင်၏နိုင်ငံတော်သတင်းကြွေးကြော်သူများ ပိုမိုလိုအပ်သည့် မီနာ ဇာရစ္စပြည်နယ်သို့ ရွှေ့ပြောင်းနေထိုင်ရန် အန်တိုနီယိုနှင့် သူ၏ဇနီးသည် ခဲယဉ်းသောဆုံးဖြတ်ချက်တစ်ခုကို ချခဲ့သည်။ သူတို့၏ရပ်ကွက်တွင် သကြားချက်စက်ရုံလုပ်သားစုတစ်စုရှိသည်။ ထိုတွင် သူတို့ပထမဦးဆုံးအကြိမ်သက်သေခံချိန်တွင် ကျမ်းစာသင်အံမှုပေါင်း ကိုးခုစနိုင်ခဲ့သည်။ ၁၈ လအတွင်း သူတို့သည် သင်အံမှု ၄၀ ကျော်ကျင်းပနေကြသည်!
အစကနဦး၌ အစည်းအဝေးများကို သကြားချက်စက်ရုံထဲတွင်ပင် ကျင်းပကြသည်။ သို့ရာတွင် ကြေညာသူအသစ်များက တကယ့်ဘုရားသခင့်နိုင်ငံတော်ခန်းမတစ်ခုကို တွေ့ မြင်လိုကြ၍ ဘတ်စကားငှားပြီး အနီးဆုံးခန်းမတစ်ခုသို့ လူပေါင်း ၇၅ ယောက် သွားကြည့်ရှုကြသည်။ ထိုနောက် စည်းဝေးပွဲကြီးတစ်ခု ကျင်းပသည်; ကျမ်းစာလေ့လာသူ လူသစ် ၄၅ ယောက်တက်ခဲ့ကြရာ လူတွေ့ခေါ်မေးခံခဲ့ကြရသည်။ ထိုအချိန်တွင် သူတို့အနက် ဆယ့်ငါးဦးနှစ်ခြင်းယူခဲ့သည်။ ဝမ်းသာခြင်းမျက်ရည်များ လွတ်လပ်စွာကျဆင်းခဲ့သည်ကို ပြောနေစရာမလိုချေ!
ထပ်တူခရီးစဉ်များပြုလုပ်ရန် ဘတ်စကားကုမ္ပဏီတစ်ခုတည်းကို အသုံးပြုခဲ့ရာ တာဝန်ခံများက အထူးနှုန်းထားပေးကြသည်။ အန်တိုနီယိုသည် ကျေးဇူးတင်စွာဖြင့် ၎င်းကုမ္ပဏီပိုင်ရှင်အား ကျမ်းစာလေ့လာရန် စာပေတစ်ခုကို လက်ဆောင်ပေးခဲ့သည်။ ထိုညနေချိန်တွင်ပင် ကျမ်းစာစတင်လေ့လာလိုကြောင်း ထိုသူသဘောတူလိုက်ပြီး လအနည်းငယ်ကြာအပတ်တကုတ်လေ့လာပြီးနောက် နှစ်ခြင်းယူခဲ့သည်။ အစအဦးတွင် သူ၏ဇနီးသည် သင်အံမှုကို အတိုက်အခံပြုခဲ့သော်လည်း အတန်ကြာလေသော် သူမသည် စိတ်ပျော့ပျောင်းသွားသည်။ ယနေ့ သူမသည်လည်း နှစ်ခြင်းခံပြီးသော ယေဟောဝါ၏သက်သေတစ်ဦးဖြစ်သည်။
၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တက်ကြွလှုပ်ရှားသော ကြေညာသူ ၂၂ ဦးဖြင့် အသင်းတော်တစ်ခု စတည်ထောင်ခဲ့သည်။ ၁၉၉၄ ခုနှစ်တိုင်လေသော် ဤအရေအတွက်သည် ၄၂ ဦးသို့တိုးများလာပြီး မှန်မှန်ရှေ့ဆောင် သို့မဟုတ် သတင်းကောင်းကို အချိန်ပြည့်ဟောပြောသူ ၄ ဦးရှိလာလေသည်။ ယင်းကြောင့် အန်တိုနီယိုက အဆုံးတွင် ဤသို့ပြောပြသည်– “မာလခိ ၃:၁၀ ပြောသည့်အတိုင်း ‘ယေဟောဝါကိုစမ်းသပ်’ ကြည့်မည်ဆိုလျှင် ‘လိုလေသေးမရှိသည်အထိ ကောင်းချီးများသွန်းလောင်းပေး’ လိမ့်မည်ဟု ကျွန်တော်နှင့်ကျွန်တော့်ဇနီး တွေ့ ရှိခဲ့သည်။”
ကျမ်းစာစာပေများကို ဝေငှခြင်း
ဘရာဇီးနိုင်ငံတွင် ဟောပြောခြင်းလုပ်ငန်းသည် ဧရာမနည်းဖြင့် တိုးတက်နေရသည့် အခြားအကြောင်းတစ်ခု ဖြစ်ကောင်းဖြစ်မည်ကား သက်သေခံများသည် အခွင့်အရေးရတိုင်း ကျမ်းစာစာပေများကို ဝေငှခဲ့ခြင်းကြောင့် ဖြစ်ပေမည်။ ဥပမာ၊ အသင်းတော်တစ်ခုက လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်ပေါင်း ၂၅၀ ပို့ပေးရန် ကင်းမျှော်စင်အသင်း၏ ဌာနခွဲရုံးထံ စာရေးမှာကြားခဲ့သည်။ အဘယ်ကြောင့် ဤမျှတိုင် မှာယူခဲ့ရသနည်း။
ယင်းစာက ဤသို့ ရှင်းပြသည်– ‘မြို့တွင်းကျောင်းတစ်ကျောင်းက အတန်းတစ်တန်းတွင် ဤစာအုပ်ကို ပြဋ္ဌာန်းစာအုပ်အနေနှင့်အသုံးပြုရန် ဆုံးဖြတ်ထားသည်။ ကျောင်းအာဏာပိုင်များက ဤသို့ဆုံးဖြတ်ခြင်းသည် ယေဟောဝါသက်သေများဖြစ်သူ ကျောင်းသူကျောင်းသားတို့၏မိဘများနှင့် ကျောင်းကြီးကြပ်ရေးမှူးတစ်ဦး၏ အလွတ်သဘောသက်သေခံချက်ကြောင့်ဖြစ်သည်။ ဤစာအုပ်ဖြင့် ကောင်းစွာသွန်သင်ပေးကြရာတွင် ယေဟောဝါသည် ကိုယ်တော်၏ကျေးကျွန်များကို ဆက်လက်ကောင်းချီးပေးပါလေစေ။’ မှန်ပါသည်၊ ဧရာမ ဘရာဇီးနိုင်ငံတွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟောပြောခြင်းလုပ်ငန်း၏ တိုးတက်မှုကို ယေဟောဝါ ဆက်လက်ကောင်းချီးသွန်းလောင်းပေးပါလေစေ။
[စာမျက်နှာ ၈ ပါ ရုပ်ပုံ]
နိုင်ငံအချက်အလက်များ
၁၉၉၄ ခုလုပ်ငန်းတော်နှစ်
အများဆုံးသက်သေခံဦးရေ–၃၈၅,၀၉၉
အချိုး–သက်သေခံ ၁ လျှင် ၄၀၄
အောက်မေ့ပွဲတက်ရောက်သူဦးရေ–၁,၀၁၈,၂၁၀
ပျမ်းမျှရှေ့ဆောင်ကြေညာသူများ–၃၈,၃၄၈
ပျမ်းမျှကျမ်းစာသင်အံမှုများ–၄၆၁,၃၄၃
နှစ်ခြင်းခံသူဦးရေ–၂၄,၆၃၄
အသင်းတော်များအရေအတွက်–၅,၉၂၈
ဌာနခွဲရုံး–စီဇာရီအို လာန်ဇာမြို့
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
၁၉၄၀ ခုနှစ်က စယ်အူ ပယ်အူလူမြို့တွင် အသုံးပြုခဲ့သော ကြော်ငြာကား
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ရီအို ဒေး ဂျနဲရိုးမြို့ရှိ ရုက္ခဗေဒဥယျာဉ်၌ သက်သေခံခြင်း
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
စီဇာရီအို လာန်ဇာမြို့ရှိ ဌာနခွဲရုံး