ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၅/၁ စာ. ၃-၄
  • ရှုပ်ထွေးသောလောကတွင် ရာဇဝတ်မှု

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရှုပ်ထွေးသောလောကတွင် ရာဇဝတ်မှု
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှုပ်ထွေးသောလောကတွင် ရာဇဝတ်မှုကိုတိုက်လှန်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ရာဇဝတ်မှု အဘယ်ကြောင့် ဤမျှများရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ရာဇဝတ်မှုဆိုင်ရာပြဿနာကို ဖြေရှင်း၍ရနိုင်သလော
    နိုးလော့!—၂၀၀၈
  • ရာဇဝတ်မှု ပပျောက်လုချိန် ယခုနီးပြီ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၅/၁ စာ. ၃-၄

ရှုပ်ထွေးသောလောကတွင် ရာဇဝတ်မှု

ရာဇဝတ်မှုသည် မျက်မှောက်ခေတ်တွင်အထူးအဆန်း မဟုတ်ချေ။ ပထမဆုံးလူသတ်မှုသည် နှစ်ထောင်ပေါင်းများစွာက ကာဣနသည်သူ၏ညီအာဗေလကို သတ်ခဲ့စဉ်ကဖြစ်သည်။ မုဒိမ်းမှုနှင့်ယောက်ျားချင်း မေထုန်ပြုခြင်းများကို ရှေးဟေဗြဲကျမ်းစောင်များတွင် ဖော်ပြထားသည်။ (ကမ္ဘာဦး ၄:၈။ ၁၉:၄၊ ၅။ ၃၄:၁-၄) ကောင်းသောရှမာရိပုံဥပမာ တင်ပြသည့်အတိုင်း ကျွန်ုပ်တို့ခေတ်ပထမရာစုရှိသူများသည် အမှတ်မဲ့တိုက်ခိုက်ခံခဲ့ရသည်။ (လုကာ ၁၀:၂၉-၃၇) သို့သော်ယနေ့တွင်မူ ကွာခြားသည်။

ကမ္ဘာကြီး၏မြို့ကြီးများဖြစ်သော နယူးယောက်၊ လန်ဒန်၊ ကာလကတ္တား၊ သို့မဟုတ် ဘိုကိုတာတွင်နေသည်ဖြစ်စေ ရာဇဝတ်မှုသည် ပိုမိုအားကြီးနေပြီး ပို၍ကြောက်မက်ဖွယ်ဟု ခံစားနေကြသည်။ India Today ခေါင်းစည်းပိုင်းက “မင်းမဲ့ဝါဒ” ဟုဆိုကာ ဤသို့ဆက်လက်ဖော်ပြသည်။ “တိုင်းပြည်ကိုစည်းနှောင်ထားသော နူးညံ့သည့်စာရိတ္တနှင့်လူမှုရေးကို ခြိမ်းခြောက်နေသော စိတ်ပျက်ဖွယ် ပေါ်ပေါက်လာသောအရာများသည် အကြမ်းဖက်မှုကိုမြှောက်စားခြင်း၊ စည်းကမ်းမရှိရိုင်းပျခြင်းနှင့် ဘာသာအပေါ်ချိုးဖောက်ခြင်းများဖြစ်သည်။”

ရာဇဝတ်ကောင်များ၏ သားကောင်ဖြစ်လာဖို့ ပိုမိုလမ်းများလာသည်။ အမေရိကန်မှ သတင်းတစ်ပုဒ်က “၁၉၈၈ ခုနှစ်၌အမေရိကန် လေးဦးတွင်တစ်ဦးသည် အကြမ်းဖက်ရာဇဝတ်မှု သို့မဟုတ် ခိုးဝှက်ခြင်းခံခဲ့ရသည်။ ထို့ပြင်၊ ယခုလူများသည် ငယ်ရွယ်စဉ်ကပင် ကြမ်းကြုတ်သောရာဇဝတ်မှုများ ကျူးလွန်နေကြသည်။ လက်တင်-အမေရိကန် မဂ္ဂဇင်း Visión က “sicarios [ကြေးစားလူသတ်သမား] ဆယ်ဦးတွင်ကိုးဦးသည် သူငယ်များဖြစ်သည်။ [သူတို့သည်] မျိုးနွယ်အရ ‘ကလေးများ’ ဖြစ်ပြီး ဥပဒေကာကွယ်မှုအောက်တွင် ရှိကြသည်။” ကြမ်းကြုတ်သောရာဇဝတ်မှုများကို လူငယ်များကျူးလွန်ခြင်းသည် ကမ္ဘာချီဖြစ်နေလေပြီ။

လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀၀ နီးပါးခန့်တွင် သမ္မာကျမ်းစာက ပရောဖက်ပြုခဲ့သည်။ “နောင် [နောက်ဆုံး၊ NW] ကာလသည် ခဲယဉ်းသောကာလဖြစ်မည်ဟု သိမှတ်လော့။ အဘယ်သို့နည်းဟူမူကား၊ လူတို့သည် ကိုယ်ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ. . . သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့်ကင်းသောသူ၊. . . မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကိုမုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကိုမခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ. . . ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတစ်ပါးတို့ကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်း လှည့်ဖြား၍ဆိုးညစ်ခြင်း၌ တရွေ့ရွေ့တိုးပွားကြလိမ့်မည်။”—⁠၂ တိမောသေ ၃:၁-၄၊ ၁၃။

၁၉၁၄ ခုနှစ်မှစ၍ ကျွန်ုပ်တို့သည် ထိုခဲယဉ်းသောကာလတွင် အသက်ရှင်လျက်ရှိသည်။ ကမ္ဘာစစ်ကြီးနှစ်ခုနှင့် အခြားအဓိကပဋိပက္ခများ ခံစားရပြီးနောက် ကမ္ဘာကြီးသည် နည်းလမ်းအများတွင် ထိန်းမရဖြစ်ကာ ရှုပ်ထွေးလာခဲ့ရသည်။ ရာဇဝတ်မှုများ ထိုးတက်လာသည်။ မြို့အများတွင် ရာဇဝတ်ကောင်များက လွှမ်းမိုးကာ တရားဥပဒေအတိုင်းနေထိုင်သော သူအများ၏နေထိုင်ပုံစနစ်ကို ပြောင်းလဲပစ်လိုက်ကြသည်။ ယူအက်စ် အထက်လွှတ်တော်အမတ် တစ်ဦးပြောသကဲ့သို့ပင်။ “အရင်ကကျွန်တော်တို့ ကြောက်ဖို့မလိုခဲ့တဲ့ဟာတွေ အခုစိုးရိမ်ဖို့အတော်များများ ဖြစ်လာပြီ။ တစ်ခါတစ်လေ ကျွန်တော်တို့သိပ်ကြောက်တဲ့အတွက် ကျွန်တော်တို့ဟာ အကျဉ်းသားတွေဖြစ်လာပြီး အကျဉ်းကျသင့်တဲ့သူတွေက လွတ်လပ်နေကြတယ်။”

ထို့ကြောင့်၊ လွန်ခဲ့သည့် အနှစ် ၂၀ (ဝါ) ၃၀ ကမလိုအပ်ခဲ့သော ကြိုတင်ကာကွယ်မှုများကို ယနေ့လူများ ရယူလျက်ရှိကြသည်။ တံခါးများကို သော့နှစ်ထပ် (ဝါ) သုံးထပ်ခတ်ကာ သံမဏိတံခါးများဖြင့်ထပ်၍ ခိုင်ခံ့စေကြသည်။ နေရာအများတွင်လူများသည် လုယက်သူများနှင့်တွေ့လျှင် ပေးစရာမရှိက အရိုက်ခံရမည်ကို ရှောင်ရှားရန်၊ ခိုးဝှက်သူများကိုတွေ့လျှင် သူတို့ကျေနပ်စေရန် ငွေအလုံအလောက်သယ်ဆောင်သွားကြသည်။ လမ်းအများသည် နေဝင်ပြီးသည့်နောက် လူသူကင်းမဲ့သလောက်ဖြစ်ပြီး ရိုးအသူ၊ မိုက်ရူးရဲနှင့် မနေမဖြစ်၍နေသောသူများသာ သွားလာတတ်ကာ သူတို့သည် လှည့်လည်နေသော လုယက်သူများ၏ လွယ်ကူသောသားကောင်များ ဖြစ်ကြရသည်။

ထို့ကြောင့်၊ ကျွန်ုပ်တို့သည် ဤရှုပ်ထွေးသောလောကတွင် ရာဇဝတ်၏သားကောင်များမဖြစ်ရန် ဘာပြုလုပ်နိုင်သနည်း။ ကျွန်ုပ်တို့မည်သို့ တိုက်လှန်မည်နည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ