ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bm အပိုင်း ၇ စာ. ၁၀
  • ဘုရားသခင်သည် အစ္စရေးလူမျိုးကို ကျွန်ဘဝမှကယ်တင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်သည် အစ္စရေးလူမျိုးကို ကျွန်ဘဝမှကယ်တင်
  • သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဖာရောကို သွားတွေ့သူ
    ဘုရားသခင်နဲ့အတူ သတ္တိရှိရှိ လျှောက်လှမ်းပါ
  • ယေဟောဝါ၏နည်းလမ်းတော်များကို သိရှိလာခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မမြင်ရတဲ့အရှင်ကို သင် မြင်ရသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ယေဟောဝါကို ကိုးကွယ်ဖို့ မောရှေ ရွေးချယ်ခဲ့
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
bm အပိုင်း ၇ စာ. ၁၀
ပညတ်တော်ဆယ်ပါးရေးထားတဲ့ ကျောက်ပြားနှစ်ချပ်ကို ကိုင်ထားတဲ့မောရှေ

အပိုင်း ၇

ဘုရားသခင်သည် အစ္စရေးလူမျိုးကို ကျွန်ဘဝမှကယ်တင်

ယေဟောဝါသည် အီဂျစ်ပြည်အပေါ် ကပ်ဘေးများကျရောက်စေပြီး မောရှေသည် အစ္စရေးလူမျိုးကို ဦးဆောင်ကာ အီဂျစ်ပြည်မှ ခေါ်ဆောင်သွားသည်။ ဘုရားသခင်သည် အစ္စရေးတို့ကို မောရှေမှတစ်ဆင့် ပညတ်တရားပေးသည်

အစ္စရေးလူများသည် အီဂျစ်ပြည်တွင် ကာလကြာမြင့်စွာ နေထိုင်ခဲ့ကြပြီးနောက် စည်းစိမ်ဥစ္စာတိုးပွားလာပြီး လူဦးရေလည်း များပြားလာသည်။ ထို့နောက် ဖာရောဘုရင်အသစ်တစ်ပါး နန်းတက်လာသည်။ ထိုဘုရင်သည် ယောသပ်အကြောင်းကို မသိချေ။ ရက်စက်ကြမ်းကြုတ်သော ထိုဘုရင်သည် တိုးပွားလာသော အစ္စရေးလူများကို ကြောက်ရွံ့လာသဖြင့် သူတို့ကို ကျွန်ပြုလေတော့သည်။ ထို့ပြင် မွေးဖွားလာသမျှ အစ္စရေးသားယောက်ျားအားလုံးကို နိုင်းမြစ်ထဲသို့ ပစ်ချရန် အမိန့်ထုတ်ခဲ့သည်။ သို့သော် သတ္တိရှိသောမိခင်တစ်ဦးသည် သူ့မွေးခါစသားငယ်လေးကို ခြင်းတောင်းတစ်ခု၌ထည့်ကာ ကျူပင်များအကြားတွင် ဝှက်ထားလိုက်သည်။ ဖာရောဘုရင်၏သမီးတော်သည် ထိုကလေးငယ်ကို တွေ့သွားရာ မောရှေဟုအမည်ပေးပြီး အီဂျစ်ပြည်၏မင်းသားတစ်ပါးအဖြစ် မွေးစားလိုက်သည်။

မောရှေသည် အသက် ၄၀ အရွယ်တွင် အီဂျစ်လူ အလုပ်ကြပ်တစ်ဦး၏လက်မှ အစ္စရေးကျွန်တစ်ဦးကို အကာအကွယ်ပေးမိရာ ပြဿနာတက်တော့သည်။ မောရှေသည် ဝေးလံသောနေရာသို့ ထွက်ပြေးကာ ထိုတွင် နယ်နှင်ခံဘဝဖြင့် နေထိုင်ရသည်။ မောရှေအသက် ၈၀ တွင် ယေဟောဝါသည် သူ့ကို အီဂျစ်ပြည်သို့ ပြန်သွားစေပြီး ဖာရောဘုရင်နှင့် တွေ့ဆုံကာ ဘုရားသခင်၏လူများကို ပြန်လွှတ်ပေးရန် တောင်းဆိုစေသည်။

သို့သော် ဖာရောက လုံးဝ ငြင်းပယ်လိုက်သည်။ ထို့ကြောင့် ဘုရားသခင်သည် အီဂျစ်ပြည်တွင် ကပ်ဘေးကြီးဆယ်ခု ကျရောက်စေခဲ့သည်။ ဖာရောဘုရင်ရှေ့သို့ မောရှေဝင်ရောက်သည့်အခါတိုင်း နောက်ထပ်ကျရောက်မည့်ကပ်ဘေးကို ရှောင်ရှားနိုင်သည့်နည်းလမ်း ကမ်းလှမ်းခဲ့သော်လည်း ဖာရောသည် မောရှေနှင့် သူ၏ဘုရားသခင်ယေဟောဝါ၏တောင်းဆိုချက်ကို ကလန်ကဆန်လုပ်ကာ ငြင်းပယ်ခဲ့သည်။ နောက်ဆုံး အီဂျစ်ပြည်ရှိသားဦးအားလုံး ဆယ်ခုမြောက်ကပ်ဘေးတွင် သေဆုံးသွားသည်။ ယေဟောဝါကိုနာခံပြီး ယဇ်ကောင်ဖြစ်သောသိုးသငယ်၏အသွေးကို အိမ်တံခါးထုပ်တွင် သုတ်လိမ်းခဲ့ကြသော မိသားစုများမှသားဦးများသာ လွတ်မြောက်သွားသည်။ သားဦးအားလုံးကိုသတ်ရန် ဘုရားသခင်စေလွှတ်လိုက်သော ကောင်းကင်တမန်သည် ထိုမိသားစုများ၏အိမ်ကို ဖြတ်ကျော်သွားသည်။ ထိုအချိန်မှစ၍ အစ္စရေးတို့သည် ဤအံ့မခန်းဖွယ် ကယ်တင်ခံရမှု၏အထိမ်းအမှတ်အဖြစ် နှစ်စဉ်နှစ်တိုင်း ပသခါပွဲကို ကျင်းပလေ့ရှိသည်။

ဖာရောဘုရင်သည် မိမိသားဦးကို ဆုံးရှုံးလိုက်ရသောကြောင့် မောရှေနှင့် အစ္စရေးလူအားလုံးကို အီဂျစ်ပြည်မှ ထွက်သွားရန် အမိန့်ပေးသည်။ သို့နှင့် ထိုလူအုပ်ကြီးသည် အီဂျစ်ပြည်မှ ထွက်ခွာရန် ချက်ချင်းစီစဉ်ကြသည်။ သို့သော် ဖာရောဘုရင် စိတ်ပြောင်းသွားပြန်သည်။ အစ္စရေးတို့နောက်သို့ စစ်သူရဲနှင့်စစ်ရထား အလုံးအရင်းဖြင့် သူလိုက်လာသည်။ အစ္စရေးတို့သည် ပင်လယ်နီ၏ကမ်းခြေတွင် ချောင်ပိတ်မိနေပုံပေါက်သည်။ ယေဟောဝါသည် ပင်လယ်နီကို နှစ်ခြမ်းခွဲလိုက်ပြီး အစ္စရေးလူများကို ရေနံရံနှစ်ခုကြား ခြောက်သွေ့နေသော ပင်လယ်ကြမ်းပြင်ပေါ်တွင် ဖြတ်လျှောက်သွားစေခဲ့သည်။ သူတို့နောက်သို့ အီဂျစ်လူတို့အမီလိုက်လာသောအခါ ဘုရားသခင်သည် ရေနံရံများကို ဖြိုချလိုက်ရာ ဖာရောဘုရင်နှင့်သူ၏စစ်တပ်သည် ပင်လယ်နီတွင် နစ်မြုပ်သေဆုံးသွားကြသည်။

ထို့နောက် သိနာတောင်ခြေတွင် အစ္စရေးတို့ စခန်းချသောအခါ ယေဟောဝါသည် သူတို့နှင့် ပဋိညာဉ်ဖွဲ့ခဲ့သည်။ မောရှေကို ဖျန်ဖြေစေ့စပ်သူအဖြစ်အသုံးပြုကာ ဘုရားသခင်သည် အစ္စရေးတို့ကို ဘဝကဏ္ဍတိုင်းနီးပါးတွင် လမ်းညွှန်မှုနှင့်ကာကွယ်မှုပေးရန် ပညတ်တရားပေးခဲ့သည်။ အစ္စရေးတို့သည် ယေဟောဝါ၏အုပ်ချုပ်မှုကို သစ္စာရှိစွာ လက်ခံနေသရွေ့ ဘုရားသခင်သည် သူတို့နှင့်အတူရှိကာ သူတို့မှတစ်ဆင့် အခြားသူတို့ကို ကောင်းချီးပေးမည်ဖြစ်သည်။

သို့သော် အစ္စရေးအများစုသည် ယုံကြည်ခြင်းကင်းမဲ့ကာ ဘုရားသခင်ကို စိတ်နာစေခဲ့ကြသည်။ ထို့ကြောင့် ယေဟောဝါသည် ထိုလူမျိုးဆက်ကို တောကန္တာရတွင် နှစ် ၄၀ ကြာ လှည့်လည်သွားလာစေသည်။ မောရှေသည် ဖြောင့်မတ်သူတစ်ဦးဖြစ်သော ယောရှုကို မိမိနေရာတွင်ဆက်ခံရန် တာဝန်လွှဲအပ်ခဲ့သည်။ နောက်ဆုံးတွင် အစ္စရေးတို့သည် အာဗြဟံကို ဘုရားသခင်ကတိပြုခဲ့သောနယ်မြေသို့ ဝင်ရောက်အမွေခံရန် အဆင်သင့်ဖြစ်ခဲ့ကြသည်။

—ထွက်မြောက်ရာ; ဝတ်ပြုရာ; တောလည်ရာ; တရားဟောရာ; ဆာလံ ၁၃၆:၁၀-၁၅; တမန်တော် ၇:၁၇-၃၆ ကိုအခြေခံသည်။

  • ဘုရားသခင်သည် အစ္စရေးတို့ကို ကယ်တင်ရာတွင် မောရှေကို မည်သို့အသုံးပြုခဲ့သနည်း။

  • အစ္စရေးတို့သည် ပသခါပွဲကို အဘယ်ကြောင့် ကျင်းပကြသနည်း။

  • ယေဟောဝါသည် အစ္စရေးတို့ကို အီဂျစ်ပြည်၏ကျွန်ဘဝမှ မည်သို့လွတ်မြောက်စေခဲ့သနည်း။

အကြီးမြတ်ဆုံးပညတ်

ထွက်မြောက်ရာ ၂၀:၁-၁၇ တွင်မှတ်တမ်းတင်ထားသော ပညတ်တော်ဆယ်ပါးသည် မောရှေမှတစ်ဆင့် ဘုရားသခင်ပေးခဲ့သည့် ပညတ် ၆၀၀ ခန့်အနက် လူသိအများဆုံးပညတ်ဖြစ်ပေမည်။ သို့သော် ဘုရားသခင့်ပညတ်များအနက် အဘယ်ပညတ်သည် အကြီးမြတ်ဆုံးဖြစ်သနည်းဟု ယေရှုခရစ်ကို မေးလျှောက်ကြရာ ကိုယ်တော်က “သင်၏ဘုရားသခင် ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှဖြင့် တစ်သက်တာလုံးချစ်လော့” ဟူသောပညတ်ဖြစ်သည်ဟု ပြန်မိန့်ဆိုခဲ့သည်။—မာကု ၁၂:၂၈-၃၀; တရားဟောရာ ၆:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ