ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bm အပိုင်း ၅ စာ. ၈
  • အာဗြဟံနှင့်သူ့မိသားစုကို ဘုရားသခင် ကောင်းချီးပေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အာဗြဟံနှင့်သူ့မိသားစုကို ဘုရားသခင် ကောင်းချီးပေး
  • သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရေလွှမ်းမိုးခြင်းကနေပြီး အီဂျစ်ပြည်က ကယ်နုတ်တဲ့အချိန်အထိ
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • “ငြိမ်သက်ခြင်းကို ပေးသနားတော်မူသော ဘုရားသခင်” ယေဟောဝါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ကမ္ဘာဦး မာတိကာ
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • “ဘုရားသခင်ကပဲ အပြစ်ပေးနိုင်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
bm အပိုင်း ၅ စာ. ၈
ယဇ်ပလ္လင်ပေါ်မှာ လှဲနေတဲ့ ဣဇက်ကို ဓားနဲ့ရွယ်ထားတဲ့ အာဗြဟံ

အပိုင်း ၅

အာဗြဟံနှင့်သူ့မိသားစုကို ဘုရားသခင် ကောင်းချီးပေး

အာဗြဟံ၏သားမြေးများ ကြီးပွားတိုးများလာသည်။ အီဂျစ်ပြည်တွင် ယောသပ်ကို ဘုရားသခင် ကာကွယ်သည်

မိမိအချစ်မြတ်နိုးဆုံးသားတော်သည် တစ်နေ့နေ့တွင် ဆင်းရဲဝေဒနာခံစားပြီး သေဆုံးရမည်ကို ယေဟောဝါသိတော်မူသည်။ ကမ္ဘာဦး ၃:၁၅ တွင်မှတ်တမ်းတင်ထားသော ပရောဖက်ပြုချက်၌ ထိုအမှန်တရားကို အရိပ်အမြွက်ဖော်ပြသည်။ သားတော်ကိုပေးဆပ်ရခြင်းသည် မိမိအတွက် မည်မျှတိုင်နစ်နာဆုံးရှုံးရကြောင်း လူသားတို့နားလည်စေရန် ကိုယ်တော် ဖော်ပြနိုင်ပါမည်လော။ ယင်းနှင့်ပတ်သက်သော ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ကျမ်းစာတွင် ပါရှိသည်။ ဘုရားသခင်သည် အာဗြဟံချစ်မြတ်နိုးသောသား ဣဇာက်ကို ပူဇော်ရန် တောင်းဆိုခဲ့သည်။

အာဗြဟံ၏ယုံကြည်ခြင်းသည် အလွန်ထူးခြားလှ၏။ ကြိုဟောထားသည့်ကယ်နုတ်ရှင် သို့မဟုတ် အမျိုးအနွယ်သည် ဣဇာက်ထံမှ ဆင်းသက်လာမည်ဟု အာဗြဟံကို ဘုရားသခင်ကတိပေးထားကြောင်း သတိရပါ။ ဘုရားသခင်သည် လိုအပ်လျှင် ဣဇာက်ကို သေခြင်းမှ ရှင်ပြန်ထမြောက်ပေးနိုင်ကြောင်း အာဗြဟံယုံကြည်စိတ်ချလျက် သူ့သားကို ပူဇော်ရန် နာခံမှုရှိစွာ ဆုံးဖြတ်လိုက်သည်။ သို့သော် ဘုရားသခင်၏ ကောင်းကင်တမန်တစ်ပါးက အချိန်မီ တားဆီးခဲ့သည်။ အာဗြဟံသည် တန်ဖိုးအထားရဆုံးသားကို ပူဇော်ရန် လိုလိုလားလားရှိသောကြောင့် ဘုရားသခင်ချီးမွမ်းခဲ့ပြီး ထိုသစ္စာရှိဘိုးဘေးကို ပေးထားသည့် မိမိကတိတော်များကို ထပ်မံအတည်ပြုပေးခဲ့သည်။

နောက်ပိုင်းတွင် ဣဇာက်၌ ဧသောနှင့်ယာကုပ်ဟူသော သားနှစ်ဦးရှိလာသည်။ ယာကုပ်သည် ဧသောနှင့်မတူဘဲ မြင့်မြတ်သောအရာများကို တန်ဖိုးထားလေးမြတ်သောကြောင့် ကောင်းချီးခံစားခဲ့ရသည်။ ဘုရားသခင်သည် ယာကုပ်ကို အစ္စရေးဟု အမည်ပြောင်းပေးလိုက်ရာ သူ၏သား ၁၂ ယောက်သည် အစ္စရေးမျိုးနွယ်စုများ၏ ဘိုးဘေးများဖြစ်လာကြသည်။ သို့သော် ထိုမိသားစုသည် လူမျိုးကြီးတစ်မျိုး မည်သို့ဖြစ်လာခဲ့သနည်း။

သား ၁၂ ယောက်အနက် အများစုသည် ညီဖြစ်သူယောသပ်ကို မနာလိုစိတ်ဝင်လာချိန်မှစ၍ အဖြစ်အပျက်များစတင်လာသည်။ သူတို့သည် ညီကို ကျွန်အဖြစ်ရောင်းစားလိုက်သည်။ သို့နှင့် ယောသပ်သည် အီဂျစ်ပြည်သို့ရောက်သွားသည်။ သို့သော် ဘုရားသခင်သည် သစ္စာရှိပြီး ရဲရင့်သော ထိုလူငယ်လေးကို ကောင်းချီးပေးခဲ့သည်။ ယောသပ်သည် ဆိုးရွားသောအခက်အခဲများ ကြုံခဲ့ရပြီး နောက်ဆုံးတွင် အီဂျစ်ဘုရင် ဖာရော၏ရွေးချယ်မှုခံရကာ အခွင့်အာဏာများစွာ လွှဲအပ်ခံခဲ့ရသည်။ ယင်းသည် အမှန်ပင် အချိန်ကိုက်ဖြစ်ပျက်ခဲ့၏၊ အကြောင်းမှာ အငတ်ဘေးကြောင့် ယာကုပ်သည် သူ့သားအချို့ကို အီဂျစ်ပြည်တွင် အစားအစာဝယ်ရန် စေလွှတ်လိုက်ချိန်တွင် ယောသပ်သည် အစားအစာများကို ကြီးကြပ်ကွပ်ကဲနေရသောကြောင့်ဖြစ်သည်။ ယောသပ်သည် နောင်တရနေသော သူ၏အစ်ကိုများနှင့် မမျှော်လင့်ဘဲပြန်လည်ဆုံဆည်းပြီးနောက် သူတို့ကို ခွင့်လွှတ်လိုက်ပြီး အီဂျစ်ပြည်သို့ မိသားစုလိုက်ပြောင်းရွှေ့လာရန် စီစဉ်ခဲ့သည်။ သူတို့သည် အီဂျစ်ပြည်တွင် အကောင်းဆုံးမြေနေရာရခဲ့ပြီး ထိုတွင် ဆက်လက်ကြီးပွားတိုးများလာခဲ့သည်။ ဘုရားသခင်သည် ကိုယ်တော်၏ကတိတော်များပြည့်စုံလာစေရန် ကိစ္စရပ်များကို ဤသို့ဖြစ်လာအောင် စီစဉ်ခဲ့ကြောင်း ယောသပ်နားလည်ခဲ့သည်။

ယောသပ်က သူဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အစ်ကိုတွေကို ပြောပြနေ

အိုမင်းနေပြီဖြစ်သော ယာကုပ်သည် တိုးပွားလာသည့် သူ့မိသားစုနှင့်အတူ ကျန်အသက်တာတစ်လျှောက်တွင် အီဂျစ်ပြည်၌ နေထိုင်ခဲ့သည်။ ကတိထားရာ အမျိုးအနွယ်ဖြစ်သည့် ကယ်နုတ်ရှင်သည် တန်ခိုးကြီးသောဘုရင်ဖြစ်မည်၊ သားဖြစ်သူ ယုဒ၏မျိုးရိုးမှ မွေးဖွားလာမည်ဟု မသေဆုံးမီတွင် ယာကုပ်ကြိုဟောခဲ့သည်။ နှစ်များစွာကုန်လွန်ပြီးနောက် ယောသပ်က တစ်နေ့တွင် ယာကုပ်၏မိသားစုကို အီဂျစ်ပြည်မှ ဘုရားသခင်ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း မသေဆုံးမီတွင် ကြိုဟောခဲ့သည်။

—ကမ္ဘာဦးအခန်းကြီး ၂၀ မှ ၅၀; ဟေဗြဲ ၁၁:၁၇-၂၂ ကိုအခြေခံသည်။

  • ဘုရားသခင်သည် အာဗြဟံအား အဘယ်အရာပြုလုပ်ခိုင်းသနည်း၊ ယင်းက လူသားတို့ကို ကိုယ်တော် အဘယ်အရာနားလည်စေသနည်း။

  • ယောသပ်သည် အီဂျစ်ပြည်သို့ မည်သို့ရောက်လာခဲ့သနည်း၊ အကျိုးဆက်ကား အဘယ်နည်း။

  • ယာကုပ်သည် သူ မသေဆုံးမီတွင် အဘယ်အရာကို ကြိုဟောခဲ့သနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ