ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • sg သင်ခန်းစာ ၂၀ စာ. ၉၅-၁၀၄
  • သွန်သင်ချက်သည် တည်ဆောက်ပေးသည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သွန်သင်ချက်သည် တည်ဆောက်ပေးသည်
  • သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လေးနက်စေရန် ထပ်မံပြောဆိုခြင်း (၂၆)
  • ကျောင်းကြီးကြပ်မှူးများအတွက် လမ်းညွှန်ချက်များ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • သိအပ်သောအကြောင်းအရာ၊ ရှင်းလင်းစွာတင်ပြခြင်း
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ဘုရားဝတ်၌မွေ့လျော်ခြင်းကို ပန်းတိုင်ထားပြီး ကိုယ့်ကိုယ်ကိုလေ့ကျင့်ပေးခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • သီအိုကရက်တစ် ဓမ္မအမှုကျောင်းမှ အကျိုးများရ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
နောက်ထပ် ကြည့်ပါ
သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
sg သင်ခန်းစာ ၂၀ စာ. ၉၅-၁၀၄

သင်ခန်းစာ ၂၀

သွန်သင်ချက်သည် တည်ဆောက်ပေးသည်

၁၊ ၂။ ကျွန်ုပ်တို့အဘယ်ကြောင့် သွန်သင်စကားရလိုကြသနည်း။ အဘယ်နည်းဖြင့် ၎င်းကိုရကြသနည်း။

၁ စစ်မှန်သောဘုရားသခင်ကို ကိုးကွယ်သူများသည် မိမိတို့ပြုလေသမျှတွင် ကိုယ်တော်ထံမှ လမ်းပြမှုကို မဆိုင်းမတွ တောင်းလျှောက်ကြသည်။ ကျမ်းရေးသူဆာလံဆရာတစ်ဦးက စိတ်ချယုံကြည်စွာဖြင့် ဤသို့ရေးသားခဲ့သည်– “အကြံပေး၍ လမ်းပြ” တော်မူလိမ့်မည်။ (ဆာ. ၇၃:၂၄၊ သမ) ယေရမိကလည်း စိတ်ထက်သန်စွာ ဆုတောင်းချိန်တွင် ဤသို့ပြောဆိုခဲ့သည်– “ထိုကိစ္စအားလုံးသည် ကိုယ်တော်တိုင်အဖို့ အံ့ဩစရာမဟုတ်ပါ။ . . . စစ်မှန်သောဘုရားသခင်၊ ကြီးမြတ်သောသူ၊ မဟာတန်ခိုးတော်နှင့် ပြည့်စုံသောသူ၊ ယေဟောဝါဟူသောနာမ ရှိတော်မူသော ဗိုလ်ခြေတို့အရှင်၊ သွန်သင်ချက်တွင်ကြီးမြတ်၍ များစွာသောအမှုကို စီရင်တော်မူ” သောအရှင်တည်း။​—ယေ. ၃၂:၁၇-၁၉၊ ကဘ။

၂ ယနေ့ ယေဟောဝါ၏ သွန်သင်ချက်များသည် ကိုယ်တော်၏ခရစ်ယာန်ကိုးကွယ်သူများထံ ကိုယ်တော်၏နှုတ်ကပါဌ်တော်နှင့် ကိုယ်တော်၏ စစ်မှန်သောကျေးကျွန်များမှတစ်ဆင့် ရောက်ရှိသည်။ ထို့ကြောင့် သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ရရှိသော သွန်သင်ချက်များနှင့် ယင်းကိုပေးပုံပေးနည်းသည် သမ္မာကျမ်းစာ၏ မွန်မြတ်သောမူများအတိုင်းဖြစ်ကြောင်း နာမည်စာရင်းပေးသူများက မကြာမီသဘောပေါက်နားလည်လာကြ၏။

၃–၅။ စကားပြောသွန်သင်ချက်စာရွက်နှင့် သင်ခန်းစာ ၂၁ မှ ၃၇ ပါအကြောင်းများကို မည်သို့ပူးတွဲအသုံးပြုနိုင်ကြောင်း ရှင်းပြပါ။

၃  အဆင့်ဆင့် သွန်သင်ချက်။ ကျောင်းသားနှင့် ကျောင်းကြီးကြပ်မှူးအတွက်ပါ အကူအညီဖြစ်စေရန် စကားပြောသွန်သင်ချက်စာရွက်ကို ပေးထားသည်။ ၎င်းတွင် သမ္မာတရားကို ထိရောက်စွာ တင်ပြနိုင်စွမ်း တိုးတက်စေရန် အကူအညီပေးသည့်အချက် သုံးဆယ့်ခြောက်ချက်ကို တင်ပြထားသည်။ ဤစာအုပ်၏သင်ခန်းစာ ၂၁ မှ ၃၇ တွင်တစ်ချက်စီနှင့်ပတ်သက်၍ အထောက်အကူအချက်အလက်များကို အကျဉ်းချုပ်ဖော်ပြထားသည်။ သက်ဆိုင်ရာသင်ခန်းစာကို စကားပြောသွန်သင်ချက်စာရွက်တွင် နံပါတ်ဖြင့် ဖော်ပြထားသည်။ ဤသင်ခန်းစာများကို သွန်သင်ချက်စာရွက်နှင့်အတူ တွဲဖက်အသုံးပြုရန် အတိအကျဖော်ပြထားသည်။ များသောအားဖြင့် ဆက်စပ်သောအရည်အချင်း နှစ်ခု သို့မဟုတ် သုံးခုကို တစ်ကြိမ်တည်းကိုင်တွယ်လျှင် ကောင်းမည်ဖြစ်သောကြောင့် သင်ခန်းစာတစ်ခုတည်းတွင် ယင်းတို့ကို စုပေါင်း၍ဖော်ပြထားရခြင်းဖြစ်သည်။

၄ ကျောင်းတွင် နာမည်စာရင်းသွင်းခါစ သူများသည် စကားပြောသွန်သင်ချက်စာရွက် ပေါ်ပါသော ဦးဆုံးအချက်များနှင့်အစပြုလျှင် အကျိုးရှိမည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ပထမအကြိမ် ဟောပြောချက်ပေးရာတွင် ကျောင်းကြီးကြပ်မှူး (သို့မဟုတ် နာမည်စာရင်းဝင်သူများလျှင် သွန်သင်ပေးရသူ အခြားတစ်ဦး) သည် ကျောင်းသား၏အရည်အချင်းကောင်းများကိုသာ ချီးမွမ်းပြောဆိုမည်။ ထို့နောက် သွန်သင်ပေးသူသည် ကျောင်းသားတင်ဆက်ပုံကို တိုးတက်စေရန် ဂရုစိုက်ဖို့အလိုအပ်ဆုံး သွန်သင်ရန်အချက်အပေါ် အဆင့်ဆင့်အာရုံစိုက်သွားမည်။ နောက်တစ်ကြိမ် ဟောပြောချက်ပေးသည့်အခါ ယင်းအချက်ကို ကြိုးစားဖို့ ကျောင်းသားကို အတိအကျတာဝန်ပေးပါမည်။ သွန်သင်ချက်စာရွက်ပါ အခြားအချက်များသို့ ဆက်သွားရန်အသင့်ဖြစ်လျှင် သွန်သင်ပေးသူသည် ကျောင်းသားတစ်ဦးစီကို ပြောပါမည်။

၅ ကျောင်းသားအဖြစ်ဟောပြောသူအချို့သည် အလျင်အမြန်တိုးတက်ပေမည်။ အခြားသူတို့မူကား သင်ခန်းစာတစ်ခုလုံးတွင်ပါသည့် အချက်များမှ တစ်ချက်စီကိုသာ ဖြည်းဖြည်းချင်း ကြိုးစားသွားရပေမည်။ အခက်အခဲတွေ့သည့် စကားပြောအရည်အချင်းတစ်ခုကို မပိုင်မချင်း ရှေ့ဆက်မတက်သေးဘဲ ယင်းကိုဆက်ကြိုးစားရန် အကြိမ်ကြိမ်ဟောပြောချက်ပေးဖို့လိုသော ကျောင်းသားအချို့ရှိပေမည်။

၆၊ ၇။ ကျောင်းကြီးကြပ်မှူးသည် အဘယ်အချက်တို့အပေါ် သွန်သင်ချက်ပေးမည်နည်း။

၆ ကျောင်းသားဟောပြောချက်တစ်ခု ပေးပြီးတိုင်း ကျောင်းသားကို စကားပြောအရည်အချင်း တိုးတက်စေရန်ရည်ရွယ်ချက်ဖြင့် ကြင်နာစွာသွန်သင်ပေးသင့်သည်။ သွန်သင်ခြင်းဟောပြောချက် သို့မဟုတ် ကျမ်းစာပေါ်လွင်ချက် တာဝန်ကိုယူသူအားပေးသည့်မည်သည့်သွန်သင်ချက်ကိုမဆို ကျောင်းပြီးနောက် သီးသန့်ပေးသင့်သည်။ အထူးသဖြင့် ကန့်သတ်ထားချိန်ကိုကျော်လျှင် ဤတာဝန်ကိုခံယူသော ဟောပြောသူအား ဩဝါဒပေးရမည်။ သွန်သင်ခြင်းဟောပြောချက်ပေးသူသည် အဘက်ဘက်တွင် စံပြဖြစ်သောဟောပြောချက်ကို ကြိုးစားပေးသင့်ကာ သီးသန့်သွန်သင်ချက် မလိုအပ်ဘဲဖြစ်နိုင်သည်။

၇ သွန်သင်ပေးမည့်အချက်များသည် အများအားဖြင့် ကျောင်းသားလုပ်ဆောင်ရန် ယခင်ကသွန်သင်ချက်ပေးခဲ့ရာများ ဖြစ်မည်။ အခြားကောင်းသောအရည်အချင်းတစ်ခုခု ထင်ရှားလျှင် ကျောင်းကြီးကြပ်မှူးသည် သွန်သင်ချက်စာရွက်တွင် မရေးမှတ်သော်လည်း ချီးမွမ်းပြောဆိုမည်။ အသုံးပြုမည့် အမှတ်အသားများမှာ ဤသို့ဖြစ်သည်– စကားပြောအရည်အချင်းတစ်ခုကို ဆက်ကြိုးစားပါက အကျိုးရှိမည်ဆိုလျှင် “ဆ” (ဆက်လက်ကြိုးစားပါ); အချက်တစ်ချက်ကို အနည်းဆုံးတစ်ကြိမ် ကြိုးစားခဲ့ပြီးပြီဖြစ်၍ တိုးတက်လာသော်လည်း ထပ်မံကြိုးစားပါက အကျိုးရှိမည်ဆိုလျှင် “တ” (တိုးတက်သည်); ကျောင်းတွင် နောက်တစ်ကြိမ် တာဝန်ကျ၍ ပြင်ဆင်သည့်အခါ အခြားစကားပြောအရည်အချင်းတစ်ခုသို့ ဆက်တိုးတက်သွားနိုင်သည်အထိ လက်ရှိဂရုစိုက်နေသောအရည်အချင်းကို ကောင်းစွာတင်ပြခဲ့ပြီဆိုလျှင် “က” (ကောင်းသည်) အစရှိသည်တို့ဖြစ်၏။ ကျောင်းသားသည် စာဖတ်ခြင်းတာဝန်ရသည့်အခါ သွန်သင်ပေးသူသည် ဤကဲ့သို့သောတာဝန်မျိုးနှင့် အသက်ဆိုင်ဆုံးဖြစ်သော သွန်သင်ချက်များကို ပေးမည်ဖြစ်သည်။

၈–၁၀။ ကျောင်းကြီးကြပ်မှူးသည် သွန်သင်ချက်စာရွက်ပေါ် ရေးမှတ်ရာတွင် တိုးတက်ဖို့အားပေးရန် ဘာကိုမှတ်ထားသင့်သနည်း။

၈ သွန်သင်ချက်မှ အကျိုးအများဆုံးဖြစ်ထွန်းစေရန် ကျောင်းကြီးကြပ်မှူးသည် အတော်အတန်ချင့်ချိန်ပြောဆိုသင့်သည်။ တက်သစ်စဟောပြောသူဖြစ်လျှင် သူအလိုအပ်ဆုံးကား အားပေးမှုဖြစ်သည်။ အခြားကျောင်းသားဟောင်းများမှာမူ သူတို့၏ ဟောပြောချက်များကို ပြင်ဆင်ရာတွင် လုံ့လစိုက်ထုတ်ပြီး ကြိုးစားရန် တာဝန်ရထားသည့် စကားပြောအရည်အချင်းကို ဂရုစိုက်ပေမည်၊ သို့သော် အရည်အချင်း အကန့်အသတ်သာရှိမည်။ ဤအချိန်အခါမျိုးတွင် စကားပြောအရည်အချင်းတစ်ခုသည် များစွာမထိရောက်စေကာမူ ကျောင်းကြီးကြပ်မှူးသည် သွန်သင်ချက်စာရွက်ပေါ်တွင် “က” ဟုမှတ်သားပြီး ကျောင်းသား ဂရုစိုက်ဖို့လိုသော အခြားအရည်အချင်းတစ်ခုသို့ တစ်ဆင့်တက်သွားစေနိုင်သည်။

၉ တစ်ဖက်မှကြည့်ပြန်လျှင် အတွေ့အကြုံရင့်ကျက်ပြီး ပင်ကိုအစွမ်းရှိလျက်နှင့် အလုပ်များသောကြောင့် လေ့လာမှုနည်းသဖြင့် တာဝန်ပေးထားသော စကားပြောအရည်အချင်းများကို သူကောင်းစွာတင်ပြနိုင်လျက်နှင့် မတင်ပြဘဲဖြစ်ပေမည်။ ဤအခြေအနေမျိုးတွင် ကျောင်းကြီးကြပ်မှူးက သွန်သင်ချက်စာရွက်ပေါ် “က” ဟုမှတ်လိုက်ပြီး တစ်ဆင့်တက်စေလျှင် ကျောင်းသား၏တိုးတက်မှုကို နှောင့်နှေးစေမည်။ တာဝန်ရထားသောအရည်အချင်းကို တင်ပြနိုင်သည့် ဟောပြောချက်မျိုးဖြစ်ပါက သွန်သင်ပေးသူသည် “ဆ” (ဆက်လက်ကြိုးစားပါ) ဟုအမှတ်ပေးပြီး ကျောင်းသားတိုးတက်စေရန် ကြင်နာစွာဖြင့် ကိုယ်တိုင်ကူညီပေးပါမည်။ ဤနည်းအားဖြင့် ကျောင်းသားများသည် တာဝန်ပြီးဖို့သာမဟုတ်ဘဲ ဟောပြောသူများအဖြစ်တိုးတက်ဖို့ သာ၍ကြိုးစားရန် အားပေးခံရကြမည်ဖြစ်သည်။

၁၀ ဤစကားပြောသင်တန်းသည် အဆင့်ဆင့်တိုးတက်စေမည်ဖြစ်ကြောင်း သတိရပါ။ တစ်နေ့တည်းနှင့် အဟောကောင်းသူ မဖြစ်နိုင်ပါ။ တဖြည်းဖြည်းတိုးတက်မည်ဖြစ်သော်လည်း ကြိုးစားမှုရှိလျှင် လျင်မြန်နိုင်သည်။ စကားပြောသင်တန်းအစီအစဉ်တွင် ကြားသိရသော သွန်သင်ချက်များကို ဆင်ခြင်သုံးသပ်ပြီး သင့်တာဝန်များကို စိတ်ပါစွာပြင်ဆင်မည်ဆိုလျှင် သင့်တိုးတက်မှုကို အခြားသူများ တွေ့မြင်ပါလိမ့်မည်။​—၁ တိ. ၄:၁၅။

၁၁–၁၆။ သွန်သင်ပေးသူသည် တည်ဆောက်မှုဖြစ်စေသောသွန်သင်ချက်ပေးဖို့ရန် မည်သည့်လမ်းညွှန်များကို လိုက်နာသင့်သနည်း။

၁၁ သွန်သင်ချက်ပေးသူ။ ကျောင်းကြီးကြပ်မှူးသည် ပတ်စဉ်သင်ခန်းစာကို သေချာစွာ ကြိုတင်၍ လေ့လာထားသင့်သည်။ သို့မှသာ ပေးထားသောအကြောင်းအရာများကို ပြည့်စုံစွာ ကျောင်းသားများ တင်ပြမတင်ပြ၊ မှန်မမှန်ဝေဖန်သုံးသပ်နိုင်မည်။ သို့ရာတွင် ဟောပြောပုံကို အပြစ်ရှာ ဝေဖန်လွန်းသည့်အတွက် နားထောင်မကောင်းဟု စိတ်ထင်လာသည်တိုင် မဖြစ်ကောင်းပါ။ သူသည်လည်း ဟောပြောသောသမ္မာတရားမွန်များမှ အကျိုးခံစားရသင့်သည်။

၁၂ သူသည် သွန်သင်ပေးရာတွင် ကျောင်းသား၏ကြိုးစားမှုကို စစချင်း ချီးမွမ်းပြောဆိုသည်။ ထို့နောက် ဟောပြောသူကြိုးစားနေသော သွန်သင်ချက်စာရွက်ပါ အချက်များကို ဆက်၍ပြောဆိုမည်။ အချက်တစ်ချက်ကို ဆက်ဂရုစိုက်ရန်လိုလျှင် ဟောပြောသူ၏အားနည်းချက်ကို အလေးအနက်ဖော်ပြမည့်အစား မည်သို့တိုးတက်နိုင်မည်အကြောင်း အသားပေးပြောဆိုသင့်သည်။ သို့ပြုပါက ဟောပြောသူနှင့် ပရိသတ်ကို တည်ဆောက်မှုဖြစ်စေမည်။

၁၃  ကောင်းသည်၊ သို့မဟုတ် စကားပြောအရည်အချင်းတစ်ခုကို ဆက်၍ကြိုးစားရမည်ဟု ပြောရုံနှင့်မလုံလောက်ပါ။ အဘယ်ကြောင့်ကောင်းသည်၊ သို့မဟုတ် တိုးတက်စေရန် အဘယ်ကြောင့် ကြိုးစားဖို့လိုသည်၊ မည်သို့တိုးတက်နိုင်မည်အကြောင်းတို့ကို သွန်သင်ပေးသူက ရှင်းပြမည်ဆိုလျှင် တက်ရောက်သူတိုင်းအတွက် အကူအညီဖြစ်လိမ့်မည်။ ထို့ပြင် ဆွေးနွေးနေသောစကားပြောအရည်အချင်းတစ်ခုသည် လယ်ကွင်းဓမ္မအမှု သို့မဟုတ် အသင်းတော်စည်းဝေးများတွင် အဘယ်ကြောင့် ဤမျှလိုအပ်ကြောင်း ပေါ်လွင်စေမည်ဆိုလျှင် သူ့အတွက် အကျိုးဖြစ်မည်။ ဤသို့ပြုခြင်းဖြင့် အသင်းတော်တစ်ခုလုံးသည် ထိုအချက်ကို တန်ဖိုးထားတတ်လာပြီး ကျောင်းသားလည်း ယင်းကိုဆက်ဂရုစိုက်ရန် အားပေးမှုဖြစ်ပေမည်။

၁၄ ကျောင်းသားဟောပြောချက်ကို ပြန်လည်သုံးသပ်ရန် သွန်သင်ပေးသူ၏တာဝန်မဟုတ်ပါ။ ကျောင်းသားဟောပြောချက်တစ်ခုစီပြီးနောက် သွန်သင်ပေးသည့်အခါ လိုရင်းတိုရှင်းပြောပြီး နှစ်မိနစ်ထက်မကျော်ရန် သတိထားသင့်သည်။ ဤနည်းအားဖြင့် သွန်သင်ချက်နှင့် အကြံပေးချက်များလွန်းသဖြင့် မထင်မရှားဖြစ်သွားမည်မဟုတ်ပါ။ ထို့ပြင် ဆွေးနွေးတင်ပြသောအကြောင်းကို ထပ်ဆင့်သိရှိနိုင်ရန် ဤစာအုပ်တွင်ပါ စာမျက်နှာများကိုကိုးကားဖော်ပြလျှင် ကောင်းသည်။

၁၅ အသံထွက်နှင့်သဒ္ဒါ မဆိုစလောက်မှားခြင်းကို ရေးကြီးခွင့်ကျယ် မလုပ်သင့်ပါ။ ယင်းအစား ဟောပြောသူတင်ဆက်ပုံ၏ အထွေထွေအကျိုးသက်ရောက်မှုကို သွန်သင်ပေးသူ စိတ်ဝင်စားသင့်သည်။ အကြောင်းအရာသည် တန်ဖိုးရှိပြီး သိသင့်သိအပ်ရာလော။ ယင်းကို ကောင်းစွာဖွဲ့စည်းထားကာ လိုက်ရန်လွယ်ကူသလော။ စိတ်ရင်းမှန်နှင့် စိတ်ပါလက်ပါ၊ ယုံကြည်စိတ်ချနိုင်စွာ ပြောဟောသလော။ သူ၏မျက်နှာထားနှင့် ကိုယ်ဟန်အမူအရာများက သူပြောဆိုနေသည့်စကားများကို သူကိုယ်တိုင်ယုံကြည်ကြောင်း၊ သူ့အား သူတစ်ပါးအထင်အမြင်ကြီးစေခြင်းထက် မွန်မြတ်သောသမ္မာတရားကို သိရှိစေရန် သူပိုအလေးပေးကြောင်း တင်ပြသလော။ ဤအရေးကြီး အချက်အလက်များကို ဂရုစိုက်ပြင်ဆင် ဟောပြောပါက အသံထွက်နှင့်သဒ္ဒါ အနည်းငယ်မှားခြင်းကို ပရိသတ်က သတိထားမည်မဟုတ်ပါ။

၁၆ ဓမ္မအမှုကျောင်းတွင် သွန်သင်ချက်ပေးတိုင်း အကူအညီပေးလိုသောအမူအရာနှင့် အမြဲတစေ ကြင်နာစွာ သွန်သင်ပေးသင့်၏။ ကျောင်းသားကို အမှန်ကူညီလိုသောဆန္ဒရှိသင့်သည်။ သွန်သင်ပေးခံရမည့်သူ၏စရိုက်လက္ခဏာကို ဆင်ခြင်ပါ။ သူသည် စိတ်ထိခိုက်လွယ်သလော။ ပညာအရည်အချင်း နည်းသလော။ သူ၏အားနည်းမှုများကို ညှာတာစရာအကြောင်း ရှိသလော။ သွန်သင်ပေးခံရသူသည် အပြစ်တင်ဝေဖန်ခံရသည်ဟု မခံစားရဘဲ မိမိအားကူညီနေသည်ဟု ခံစားနိုင်ရမည်။ သွန်သင်ချက်နှင့် ယင်း၏ အကျိုးသင့်အကြောင်းသင့်သဘောကို သူ့အား အသေအချာနားလည်စေပါ။

၁၇–၁၉။ ကျောင်းသားသည် ဟောပြောချက်တိုင်း၌ တိုးတက်မှုအများဆုံးရှိနိုင်ရန် ဟောပြောချက်တစ်ခုစီကို မပြင်ဆင်မီနှင့် ဟောပြောပြီးနောက် ဘာပြုလုပ်သင့်သနည်း။

၁၇ သွန်သင်ချက်မှ အကျိုးခံစားရခြင်း။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းတွင် ဟောပြောချက်တာဝန်ရသည့်အခါ သင်ဟောပြောချက်ပေးရသည့်အကြောင်းမှာ အသင်းတော်သိသင့်သိအပ်သောအကြောင်းကို ဖော်ပြရုံအတွက်သာမဟုတ် သင့်စကားပြောအရည်အချင်းကို တိုးတက်စေရန်အတွက်လည်းဖြစ်ကြောင်း သတိရပါ။ ဤကဏ္ဍတွင်အောင်မြင်မှုရရှိရန် သင်လုပ်ဆောင်ဖို့ မှာကြားခံရသည့် စကားပြောအရည်အချင်းကို အချိန်ပေးပြီး သုံးသပ်ခြင်းသည် အရေးကြီးသည်။ သင်လုပ်ဆောင်နေသည့်အချက်နှင့်ပတ်သက်သော ဤစာအုပ်ပါ သင်ခန်းစာကို အသေအချာဖတ်ရှုပြီးနောက် သင်ပြင်ဆင်မှုပြုလုပ်ရာ၌လည်းကောင်း၊ ဟောပြောချက်ပေးချိန်၌လည်းကောင်း ယင်းစကားပြောအရည်အချင်းကို မည်သို့ဖော်ပြရမည်အကြောင်း သိရှိရန် ကြိုးစားပါ။ သင့်အတွက်အကူအညီဖြစ်စေရန် စကားပြောအရည်အချင်းတစ်ခုစီ၏ အဓိကကဏ္ဍများကို ဤစာအုပ်တွင် စာလုံးမည်းဖြင့် ဖော်ပြထားသည်။ ယင်းတို့သည် အဓိကသုံးသပ်ရမည့်အချက်များဖြစ်သည်။

၁၈ ဟောပြောချက်ပေးပြီးနောက် နှုတ်တိုက်ပေးသော သွန်သင်ချက်ကို အသေအချာနားထောင်ပါ။ ကျေးဇူးတင်စွာဖြင့် လက်ခံနားထောင်ပါ။ ထို့နောက် ဂရုစိုက်ရမည့်အချက်များကို ဆက်လက်ကြိုးစားပါ။ အလျင်အမြန်တိုးတက်လိုလျှင် နောက်တစ်ကြိမ်ဟောပြောခွင့်ရသည့်အထိ မစောင့်ပါနှင့်။ သင်ဆက်လက်လုပ်ဆောင်ရန်လိုသည့် အချက်များကို ဆွေးနွေးထားသော ဤစာအုပ်ပါ အကြောင်းကို ပြန်လေ့လာပါ။ သင့်နေ့စဉ်စကားပြောဆိုမှုတွင် ရရှိသည့်အကြံပြုချက်များကို လိုက်နာကျင့်သုံးရန် ကြိုးစားပါ။ နောက်တစ်ကြိမ် ကျောင်းသားဟောပြောချက်ပေးခွင့်ရသည့်အချိန်တိုင်လေသော် ယင်းတို့ကို သင်ပိုင်နိုင်ကျွမ်းကျင်နေပေမည်။

၁၉ ကျောင်းအစီအစဉ်တွင် အောင်မြင်စွာဟောပြောပြီးတိုင်း တိုးတက်မှုအတွက် ကျောင်းသားတိုင်းရည်မှန်းထားသင့်သည်။ မှန်သည်၊ သို့ဖြစ်လာရန် အဆက်မပြတ်ကြိုးစားရမည်ဖြစ်သည်။ သို့သော် ထိုသို့ပြုလျှင် ယေဟောဝါ၏ကောင်းချီး အမှန်ရရှိပါလိမ့်မည်။ သီအိုကရက်တစ်ဓမ္မအမှုကျောင်းသင်တန်းမှ အကျိုးအများဆုံးရရှိမည့်သူများအတွက် သုတ္တံ ၁၉:၂၀ ပါစကားများသည် အထူးအဓိပ္ပာယ်ရှိသည်– “နောင်၌ ပညာရှိစေခြင်းငှာ အကြံပေးသည်ကိုနားထောင်၍ ဆုံးမသွန်သင်ခြင်းကိုခံယူလော့။”

[စာမျက်နှာ ၁၀၄၊ ၁၀၅ ပါ ဇယား]

စကားပြောသွန်သင်ချက်

ဟောပြောသူ ․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

(နာမည်အပြည့်အစုံ)

အမှတ်အသားများ– ဆ - ဆက်လက်ကြိုးစားပါ

      တ - တိုးတက်သည်

      က - ကောင်းသည်

ဟောပြောချက်အမှတ်စဉ်

သိအပ်သော အကြောင်းအရာ (၂၁)*

ရှင်းလင်း၍ နားလည်လွယ်ခြင်း (၂၁)

စိတ်ဝင်စားမှု နှိုးဆွသောနိဒါန်း (၂၂)

ခေါင်းစဉ်နှင့် ဆီလျော်သောနိဒါန်း (၂၂)

အတော်အသင့် ရှည်လျားသောနိဒါန်း (၂၂)

အသံပမာဏ (၂၃)

ရပ်တန့်ခြင်း (၂၃)

ပရိသတ်အား ကျမ်းစာသုံးရန်အားပေးခြင်း (၂၄)

ကျမ်းချက်များကို ဆီလျော်စွာဆက်သွယ်ခြင်း (၂၄)

ကျမ်းချက်များကို လေးနက်မှုနှင့်ဖတ်ခြင်း (၂၅)

ကျမ်းချက်၏သက်ဆိုင်ပုံကို ရှင်းလင်းတင်ပြခြင်း (၂၅)

လေးနက်စေရန် ထပ်မံပြောဆိုခြင်း (၂၆)

ကိုယ်ဟန်အမူအယာ (၂၆)

ခေါင်းစဉ်ကို လေးနက်စေခြင်း (၂၇)

အဓိကအချက်များကို ပေါ်လွင်စေခြင်း (၂၇)

ပရိသတ်နှင့်ဆက်သွယ်ပုံ၊ မှတ်ချက်များသုံးခြင်း (၂၈)

အောက်လိုင်း အသုံးပြုခြင်း (၂၈)

မှတ်ချက်များ–․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․․

၎င်းနံပါတ်များမှာ လမ်းညွှန်စာအုပ်မှ အခန်းများဖြစ်သည်။

အက်စ်–၄၈ ၈/၇၇ မြန်မာနိုင်ငံတွင်ပုံနှိပ်သည်

ဟောပြောချက်အမှတ်စဉ်

သွက်လက်ပြေပြစ်မှု (၂၉)

စကားလက်ဆုံပြောဆိုခြင်းနှင့်ဆိုင်သော အရည်အချင်း (၂၉)

အသံထွက်မှန်ကန်ခြင်း (၂၉)

စကားဆက်များဖြင့် ရှေ့နောက်ဆက်စပ်ညီညွတ်စေခြင်း (၃၀)

ဆင်ခြင်တုံတရားနှင့်ရှေ့နောက်ညီညွတ်မှုရှိသောရှင်းလင်းဖော်ပြပုံ (၃၀)

ယုံကြည်လက်ခံလွယ်သော အခြေအတင်ပြောဆိုခြင်း (၃၁)

ပရိသတ်ဆင်ခြင်ရန်ကူညီခြင်း (၃၁)

အဓိပ္ပာယ်ပေါ်အောင်ပြောခြင်း (၃၂)

အသံ၏ပြောင်းလဲခြင်း (၃၂)

စိတ်ထက်သန်ခြင်း (၃၃)

ဖော်ရွေပျူငှာခြင်းနှင့် ခံစားမှု (၃၃)

အကြောင်းအရာနှင့် ဆီလျော်သောဥပမာများ (၃၄)

ပရိသတ်နှင့် သင့်လျော်သောဥပမာများ (၃၄)

အမှုဆောင်လုပ်ငန်းတွင် အံဝင်သောအကြောင်းအရာများ (၃၅)

သင့်တော်ထိရောက်သောနိဂုံး (၃၆)

အတော်အသင့်ရှည်လျားသောနိဂုံး (၃၆)

အချိန် (၃၆)

ယုံကြည်စိတ်ချခြင်း ဣန္ဒြေတည်ငြိမ်ခြင်း (၃၇)

ပြင်ပကိုယ်အသွင်အပြင် (၃၇)

မှတ်ချက်။ ။ သွန်သင်သူသည် ဟောပြောချက်တစ်ခုစီအတွက် သီအိုကရက်တစ်အမှုဆောင်ကျောင်းလမ်းညွှန်စာအုပ်ရှိ အခန်းအစဉ်အလိုက်၊ တစ်ခန်းတည်း၌စုပေါင်းထားသော အရည်အချင်းများကို မှတ်ချက်ပေးပါမည်။ အစဉ်အလိုက်မဟုတ်ဘဲ ရွေးပြီးမှတ်ချက်ပေးလိုလျှင် “မှတ်ချက်များ” အောက်တွင် ကြိုတင်ဖော်ပြပါမည်။ အထက်ပါမျဉ်းကြောင်းတွင်းရှိ နေရာလပ်များတွင် အခြားအရည်အချင်းများနှင့်ပတ်သက်၍ သွန်သင်ရန်အသုံးပြုနိုင်သည်။ ဥပမာ တိကျစွာပြောဆိုခြင်း၊ ပီသသဲကွဲခြင်း၊ သက်ဆိုင်မှုရှိခြင်း၊ ပြုမူပြောဆိုပုံ၊ စကားလုံးရွေးချယ်သုံးနှုန်းခြင်း၊ သဒ္ဒါ၊ အကျင့်တစ်ခုစွဲနေခြင်း၊ သင်ကြားခြင်းနည်းနိဿယ၊ (လိုအပ်လျှင်) အသံအရည်အသွေး။

[စာမျက်နှာ ၁၀၄၊ ၁၀၅ ပါ ဇယား]

စကားပြောအရည်အချင်းအကျဉ်းချုပ်

သိအပ်သောအကြောင်းအရာ (၂၁)

အတိအကျအကြောင်းအရာ

သင့်ပရိသတ် သိသင့်သိအပ်ရာ

လက်တွေ့အသုံးချနိုင်သော တန်ဖိုးရှိသည့်အကြောင်း

တင်ပြပြောဆိုချက် တိကျမှန်ကန်ခြင်း

ထပ်ဆင့်ရှင်းပြသော အကြောင်းအရာ

ရှင်းလင်း၍ နားလည်လွယ်ခြင်း (၂၁)

ရိုးရိုးကလေး တင်ပြခြင်း

အကျွမ်းမဝင်သည့် အသုံးအနှုန်းများကို ရှင်းပြခြင်း

အကြောင်းမများလွန်းခြင်း

စိတ်ဝင်စားမှု နှိုးဆွသောနိဒါန်း (၂၂)

ခေါင်းစဉ်နှင့်ဆီလျော်သောနိဒါန်း (၂၂)

အတော်အသင့်ရှည်လျားသောနိဒါန်း (၂၂)

အသံပမာဏ (၂၃)

သက်သောင့်သက်သာ အတော်အသင့်ကျယ်လောင်ခြင်း

အခြေအနေနှင့်ကိုက်ညီသည့် အသံပမာဏ

အကြောင်းအရာနှင့်ဆီလျော်သည့် အသံပမာဏ

ရပ်တန့်ခြင်း (၂၃)

အဖြတ်အတောက်အတွက် ရပ်တန့်ခြင်း

အကြောင်းအရာပြောင်းလဲရန် ရပ်တန့်ခြင်း

လေးနက်စေရန် ရပ်တန့်ခြင်း

အခြေအနေတောင်းဆိုသောအခါ ရပ်တန့်ခြင်း

ပရိသတ်အား ကျမ်းစာသုံးရန် အားပေးခြင်း (၂၄)

အကြံပေးခြင်းအားဖြင့်

ကျမ်းချက်တွေ့ရန် အချိန်ပေးခြင်းဖြင့်

ကျမ်းချက်များကို ဆီလျော်စွာဆက်သွယ်ခြင်း (၂၄)

ကျမ်းချက်များကို မျှော်ရန်နှိုးဆွခြင်း

ကျမ်းချက်အသုံးပြုရခြင်းအကြောင်းအပေါ် အာရုံစူးစိုက်ခြင်း

ကျမ်းချက်များကို လေးနက်မှုနှင့်ဖတ်ခြင်း (၂၅)

စကားလုံးအမှန်ကို အလေးပေးဖိဖတ်ခြင်း

ထိရောက်သော လေးနက်မှုပြုနည်းကို အသုံးပြုခြင်း

အိမ်ရှင်ဖတ်သည့် ကျမ်းချက်များ

ကျမ်းချက်၏သက်ဆိုင်ပုံကို ရှင်းလင်းတင်ပြခြင်း (၂၅)

သက်ဆိုင်ပုံကို သီးခြားရှင်းပြရမည့် စကားလုံးများ

နိဒါန်း၏လိုရင်းချက်ကို စွဲမှတ်စေခြင်း

လေးနက်စေရန် ထပ်မံပြောဆိုခြင်း (၂၆)

အဓိကအချက်များကို ထပ်မံပြောဆိုခြင်း

နားမလည်သည့်အချက်များကို ထပ်မံပြောဆိုခြင်း

ကိုယ်ဟန်အမူအရာ (၂၆)

ပုံပန်းသဏ္ဌာန်ပြ အမူအရာများ

လေးနက်စေသည့် ကိုယ်ဟန်အမူအရာများ

ခေါင်းစဉ်ကို လေးနက်စေခြင်း (၂၇)

ဆီလျော်သောခေါင်းစဉ်

ခေါင်းစဉ်စကားလုံးများ သို့မဟုတ် အယူအဆကို ထပ်မံပြောဆိုခြင်း

အဓိကအချက်များကို ပေါ်လွင်စေခြင်း (၂၇)

အဓိကအချက်များ မများလွန်းရ

အဓိကအယူအဆများကို အကျယ်တဝင့်သီးသန့်တင်ပြခြင်း

အချက်ငယ်များသည် အဓိကအယူအဆများပေါ်တွင် စုဆုံ

ပရိသတ်နှင့်ဆက်သွယ်ပုံ၊ မှတ်ချက်များသုံးခြင်း (၂၈)

ပရိသတ်နှင့်ကြည့်မြင်ဆက်သွယ်ခြင်း

တိုက်ရိုက်ပြောဆိုကာ ပရိသတ်နှင့်ဆက်သွယ်ခြင်း

အောက်လိုင်း အသုံးပြုခြင်း (၂၈)

သွက်လက်ပြေပြစ်မှု (၂၉)

စကားလက်ဆုံပြောဆိုခြင်းနှင့်ဆိုင်သော အရည်အချင်း (၂၉)

စကားလက်ဆုံပြောဆိုခြင်းဆိုင်ရာ အသုံးအနှုန်းများသုံးခြင်း

စကားလက်ဆုံပြောဆိုခြင်းနှင့်ဆိုင်သော တင်ပြပြောဆိုနည်း

အသံထွက်မှန်ကန်ခြင်း (၂၉)

စကားဆက်များဖြင့် ရှေ့နောက်ဆက်စပ်ညီညွတ်စေခြင်း (၃၀)

ပေါင်းကူးအသုံးအနှုန်းများကို အသုံးပြုခြင်း

သင့်ပရိသတ်အတွက် ပြည့်စုံလုံလောက်သော ရှေ့နောက်ဆက်စပ်ညီညွတ်မှု

ဆင်ခြင်တုံတရားနှင့် ရှေ့နောက်ညီညွတ်မှုရှိသော ရှင်းလင်းဖော်ပြပုံ (၃၀)

ကျိုးကြောင်းညီညွတ်သောအစီအစဉ်ဖြင့် အကြောင်းအရာကိုဖော်ပြခြင်း

သက်ဆိုင်ရာအကြောင်းကိုသာ အသုံးပြုခြင်း

အဘယ်အဓိကစိတ်ကူးကိုမျှ မချန်ထားပါ

ယုံကြည်လက်ခံလွယ်သော အချေအတင်ပြောဆိုခြင်း (၃၁)

အုတ်မြစ်ချခြင်း

တိကျခိုင်လုံသောသာဓက ပေးခြင်း

ထိရောက်သော အကျဉ်းချုပ်

ပရိသတ်ဆင်ခြင်ရန် ကူညီခြင်း (၃၁)

အများလက်ခံသည့် အခြေခံအပေါ်မူတည်ခြင်း

အချက်များ လုံလောက်စွာတင်ပြခြင်း

ပရိသတ်နှင့်သက်ဆိုင်ပုံကို တင်ပြခြင်း

အဓိပ္ပာယ်ပေါ်အောင်ပြောခြင်း (၃၂)

ဝါကျများပါ ဆိုလိုချက်ကိုပြသောစကားလုံးများကို အလေးအနက်ပေါ်အောင်ပြောဆိုခြင်း

ဟောပြောချက်တွင် အဓိကသဘောကို ပေါ်အောင်ပြောခြင်း

အသံ၏ ပြောင်းလဲခြင်း (၃၂)

အသံသြဇာကို ပြောင်းလဲခြင်း

အသံအနှေးအမြန်ကို ပြောင်းလဲခြင်း

အသံအနိမ့်အမြင့်ကို ပြောင်းလဲခြင်း

သဘော သို့မဟုတ် စိတ်လှုပ်ရှားမှုနှင့် ဆီလျော်သောအသံ ပြောင်းလဲခြင်း

စိတ်ထက်သန်ခြင်း (၃၃)

အားတက်သရောဟောခြင်းက စိတ်ထက်သန်မှုကိုပြ

အကြောင်းအရာနှင့်ဆီလျော်သော စိတ်ထက်သန်မှု

ဖော်ရွေပျူငှာခြင်းနှင့် ခံစားမှု (၃၃)

မျက်နှာထား၌ ဖော်ရွေပျူငှာမှုပြခြင်း

ဖော်ရွေပျူငှာမှုနှင့် ခံစားချက်ကို အသံအနေအထားတွင် ပေါ်လွင်စေခြင်း

အကြောင်းအရာနှင့် သင့်တော်သောဖော်ရွေပျူငှာခြင်းနှင့် ခံစားမှု

အကြောင်းအရာနှင့် ဆီလျော်သောဥပမာများ (၃၄)

ရိုးရိုးလေး

သက်ဆိုင်ပုံကို ရှင်းလင်းခြင်း

အရေးကြီးသောအချက်များကို လေးနက်စေခြင်း

ပရိသတ်နှင့် သင့်လျော်သောဥပမာများ (၃၄)

အကျွမ်းတဝင်ရှိသောအခြေအနေများမှ ဆွဲယူခြင်း

တင့်တယ်လျောက်ပတ်ခြင်း

အမှုဆောင်လုပ်ငန်းတွင် အံဝင်သော အကြောင်းအရာများ (၃၅)

လူထုနားလည်နိုင်ရန် သုံးနှုန်းခြင်း

သင့်တော်သောအချက်များကို ရွေးချယ်ခြင်း

အကြောင်းအရာ၏ လက်တွေ့တန်ဖိုးရှိမှုကို ပေါ်လွင်စေခြင်း

သင့်တော်ထိရောက်သောနိဂုံး (၃၆)

ဟောပြောချက်ခေါင်းစဉ်နှင့် တိုက်ရိုက်ဆက်သွယ်သောနိဂုံး

နိဂုံးသည် ကြားနာသူများ ပြုရမည့်အမှုကိုတင်ပြ

အတော်အသင့်ရှည်လျားသောနိဂုံး (၃၆)

အချိန် (၃၆)

ယုံကြည်စိတ်ချခြင်းနှင့် ဣန္ဒြေတည်ငြိမ်ခြင်း (၃၇)

ကိုယ်ဟန်အမူအရာဖြင့် ဣန္ဒြေတည်ငြိမ်ကြောင်း ထင်ရှားပြ

ထိန်းသိမ်းထားသောအသံဖြင့် ဣန္ဒြေတည်ငြိမ်မှုကိုတင်ပြခြင်း

ပြင်ပကိုယ်အသွင်အပြင် (၃၇)

လျောက်ပတ်သောဝတ်စားဆင်ယင်မှု

လျောက်ပတ်သော ကိုယ်ဟန်အနေအထား

သပ်ရပ်သောအသုံးအဆောင်ပစ္စည်းများ

မသင့်လျော်သောမျက်နှာထားအသွင်ကို ရှောင်ခြင်း

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ