ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၁၀/၁၄ စာ. ၂
  • စစ်မှန်တဲ့အောင်မြင်မှုဆိုတာ ဘာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်မှန်တဲ့အောင်မြင်မှုဆိုတာ ဘာလဲ
  • နိုးလော့!—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်မှန်တဲ့အောင်မြင်မှုရနိုင်ပုံ
    နိုးလော့!—၂၀၁၄
  • စစ်မှန်တဲ့အောင်မြင်မှုကို ရှာဖွေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • မာတိကာ
    နိုးလော့!—၂၀၀၈
  • သင် အောင်မြင်မှုရရှိနိုင်ပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၄
န ၁၀/၁၄ စာ. ၂
ဆုတံဆိပ်ကို ကိုင်မြှောက်နေတဲ့ အမျိုးသမီး

မျက်နှာဖုံးအကြောင်းအရာ

စစ်မှန်တဲ့အောင်မြင်မှုဆိုတာ ဘာလဲ

ရှုံးနိမ့်သွားတာထက် ပိုဆိုးတာက ဘာဖြစ်မလဲ။ တလွဲအောင်မြင်မှုပါပဲ။ ကြိုးစားထားတာတချို့ ရှုံးနိမ့်သွားတယ်ဆိုရင် အခြေအနေကို ပြုပြင်နိုင်တယ်။ အနည်းဆုံးတော့ ကြုံရတာကနေ သင်ခန်းစာယူပြီး နောက်တစ်ခါ အဲဒီလိုမဖြစ်အောင် ရှောင်နိုင်တယ်။

တလွဲအောင်မြင်မှုကတော့ အဲဒါနဲ့မတူဘူး။ ကိုယ်ကအမှန်တကယ် ရှုံးနိမ့်နေတယ်၊ အဲဒါကို အောင်မြင်နေတယ်လို့ ထင်နေနိုင်တယ်။ အချိန်နှောင်းသွားမှ ပြောင်းလဲဖို့လိုနေပြီဆိုတာ သိလာတတ်တယ်။

ဥပမာတစ်ခုကို သုံးသပ်ကြည့်ပါ။ တစ်ခါတုန်းက၊ ယေရှုခရစ် ဒီလိုမေးခဲ့တယ်– “လူသည် တစ်လောကလုံးကို အပိုင်ရ၍ မိမိအသက် ရှုံးလျှင် အဘယ်အကျိုးရှိမည်နည်း။” (မဿဲ ၁၆:၂၆) အဲဒီစကားတွေက ငွေ၊ ငွေနဲ့ဝယ်လို့ရတဲ့အရာတွေ ပိုင်ဆိုင်ဖို့ အဓိကထားသူတွေကို ပြောနေတာဖြစ်ပြီး တလွဲအောင်မြင်မှုကိုဖော်ပြတဲ့ အကောင်းဆုံးဥပမာဖြစ်တယ်။ “ရာထူးတိုးဖို့၊ ငွေပိုရဖို့၊ ပစ္စည်းများများပိုင်ဆိုင်ဖို့ကိုပဲ စဉ်းစားနေတဲ့သူတွေဟာ မရောင့်ရဲနိုင်ကြဘူး။ အောင်မြင်မှုကို ငွေနဲ့တိုင်းတာတာက အရမ်းပေါ့ပျက်လွန်းရာရောက်ပြီး နောက်ပိုင်းမှာ အသက်ရှင်ရတာ အဓိပ္ပာယ်မဲ့နေပါလိမ့်မယ်” ဆိုပြီး အလုပ်သမားဆိုင်ရာအကြံပေးအရာရှိ တောမ် ဒန်နမ် ရေးသားခဲ့တယ်။

အဲဒါကို လူအတော်များများ လက်ခံကြပါတယ်။ အမေရိကန်မှာပြုလုပ်တဲ့ စစ်တမ်းတစ်ခုအရ “အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ဖို့ အထောက်အကူပြုတဲ့အရာများ” စာရင်း ၂၂ ခုထဲမှာ “ငွေကြေးများစွာပိုင်ဆိုင်ခြင်း” ကို အမှတ်စဉ် ၂၀ မှာ ထည့်ထားတယ်။ ကျန်းမာရေးကောင်းတာ၊ လူမှုဆက်ဆံရေး၊ ကိုယ်နှစ်သက်တဲ့အလုပ် စတာတွေကို ထိပ်ဆုံးပိုင်းမှာ စာရင်းသွင်းထားကြတယ်။

ဒါကိုကြည့်ရင် လူများစွာဟာ အမေးခံရတဲ့အခါ စစ်မှန်တဲ့ အောင်မြင်မှုနဲ့ တလွဲအောင်မြင်မှုကို ခွဲခြားနိုင်ကြတယ်ဆိုတာ ဖော်ပြတယ်။ ဒါပေမဲ့ အောင်မြင်မှုနဲ့ပတ်သက်ပြီး ထားသင့်တဲ့အမြင်ကို မေးရင်တော့ ဆုံးဖြတ်ရခက်တတ်ကြပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ