၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအထိ မှတ်တမ်းအရ ကမ္ဘာတစ်ဝန်းမှာ ယုံကြည်ချက်ကြောင့် ထောင်ကျနေတဲ့ ယေဟောဝါသက်သေ ၂၅၉ ယောက်ကျော် ရှိတယ်။
လူတိုင်း လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လက်ခံကျင့်သုံးခွင့်၊ ကိုးကွယ်ယုံကြည်ခွင့် ရှိတယ်လို့ နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူစာချုပ်၊ အပိုဒ် ၁၈ မှာ ဖော်ပြထားတယ်။ ဒါပေမဲ့ နိုင်ငံတချို့မှာ အဲဒီလွတ်လပ်ခွင့်ကို ယေဟောဝါသက်သေတွေ မရကြဘူး။ ဘာသာရေးလုပ်ဆောင်မှုတွေ လုပ်လို့၊ ယုံကြည်ချက်ကြောင့် စစ်မှုမထမ်းလို့ မတရားထောင်ချခံကြရတယ်၊ နှိပ်စက်ခံကြရတယ်။
“အကျဉ်းကျနေတဲ့သူတွေကို ကိုယ်လည်း သူတို့နဲ့အတူ အကျဉ်းကျနေတယ်လို့ သဘောထားပြီး သတိရကြပါ။”—ဟီဘရူး ၁၃:၃။