မာတိကာ
ဇွန် ၂၇၊ ၂၀၁၆–ဇူလိုင် ၃၊ ၂၀၁၆ ရက်အပတ်
၃ သဘောထားကွဲလွဲမှုတွေကို မေတ္တာနဲ့ဖြေရှင်းပါ
ကျွန်တော်တို့ဟာ မစုံလင်တဲ့အတွက် ညီအစ်ကိုညီအစ်မတွေနဲ့ တစ်ခါတလေ သဘောထားကွဲလွဲနိုင်တယ်။ သဘောထားကွဲလွဲမှုတွေကို ဖြေရှင်းနိုင်ဖို့၊ တခြားသူတွေနဲ့ သင့်သင့်မြတ်မြတ် နေနိုင်ဖို့ ကူညီပေးနိုင်တဲ့ ကျမ်းစာမူတွေကို ဒီဆောင်းပါးမှာ သင်ယူကြပါမယ်။
ဇူလိုင် ၄–၁၀၊ ၂၀၁၆ ရက်အပတ်
၉ ‘သွား၍ လူမျိုးတကာမှ လူတို့ကို တပည့်ဖြစ်စေပါ’
မဿဲ ၂၄:၁၄ မှာပါတဲ့ ယေရှုရဲ့ ကြိုဟောချက်အတိုင်း ဒီနေ့အချိန်မှာ ယေဟောဝါသက်သေတွေပဲ လုပ်ဆောင်နေတယ်လို့ ဘာကြောင့် ပြောနိုင်မှန်း နားလည်လာအောင် ဒီဆောင်းပါးက ကူညီပေးပါလိမ့်မယ်။ “လူဖမ်းသောတံငါသည်” ဖြစ်ခြင်းဟာ ဘာကို ဆိုလိုမှန်းလည်း သိလာပါလိမ့်မယ်။—မ. ၄:၁၉။
ဇူလိုင် ၁၁–၁၇၊ ၂၀၁၆ ရက်အပတ်
၁၅ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို သင် ဘယ်လိုချသလဲ
သင်ဟာ ဆုံးဖြတ်ချက်ချတဲ့အခါ ကိုယ်မှန်တယ်ထင်တဲ့အတိုင်း ဆုံးဖြတ်လိုက်သလား။ ဒါမှမဟုတ် ဘာလုပ်ရမလဲလို့ တခြားသူတွေကို မေးသလား။ ယေဟောဝါဘုရား ဘယ်လို စဉ်းစားတယ်ဆိုတာ ထည့်သုံးသပ်ခြင်းက ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်အောင် ဘာကြောင့် ကူညီပေးတယ်ဆိုတာ ဒီဆောင်းပါးမှာ ရှင်းပြတယ်။
ဇူလိုင် ၁၈–၂၄၊ ၂၀၁၆ ရက်အပတ်
၂၁ ကျမ်းစာက သင့်အသက်တာကို ပြုပြင်ပြောင်းလဲပေးနေဆဲလား
သင်ဟာ နှစ်ခြင်းမခံခင် ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ခဲ့ရနိုင်တယ်။ ဒါပေမဲ့ အခု၊ ယေဟောဝါနဲ့ ယေရှုကို ပိုအပြည့်အဝ တုပနိုင်အောင် အပြောင်းအလဲ အသေးအမွှားတွေ လုပ်ရတာ ပိုခက်တယ်လို့ ခံစားနေရသလား။ အပြောင်းအလဲတွေလုပ်ဖို့ ဘာကြောင့် သိပ်ခက်နိုင်မှန်း၊ ကျမ်းစာက ဘယ်လို ကူညီပေးနိုင်မှန်း ဒီဆောင်းပါးမှာ ရှင်းပြထားတယ်။
ဇူလိုင် ၂၅–၃၁၊ ၂၀၁၆ ရက်အပတ်
၂၇ ယေဟောဝါ ပြင်ဆင်ပေးရာတွေကနေ အကျိုးအပြည့်အဝ ရယူပါ
ကျွန်တော်တို့ ရှောင်ရမယ့် အန္တရာယ်အကြောင်း၊ ယေဟောဝါ ပြင်ဆင်ပေးတဲ့အရာအားလုံးကနေ ဘယ်လို အကျိုးရရှိနိုင်တယ်ဆိုတဲ့အကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးပါမယ်။