ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • yb17 စာ. ၁၁၀
  • ဂျော်ဂျီယာ သမ္မာကျမ်းစာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂျော်ဂျီယာ သမ္မာကျမ်းစာ
  • ၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
၂၀၁၇ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
yb17 စာ. ၁၁၀
ဂျော်ဂျီယာကျမ်းစာ စာမျက်နှာ

၁၄ ရာစု ဂျော်ဂျီယာ ခရစ်ဝင်ကျမ်း လေးစောင်

ဂျော်ဂျီယာ | ၁၉၂၄-၁၉၉၀

ဂျော်ဂျီယာ သမ္မာကျမ်းစာ

ဂျော်ဂျီယာကျမ်းစာဟာ ဆီးရီးယား၊ လက်တင်၊ အာမေးနီးယား၊ အီဂျစ်၊ တခြားဘာသာစကားတွေနဲ့အတူ အစောဆုံး ဘာသာပြန်ခဲ့တဲ့ ကျမ်းစာပါ။ ရှေးကျတဲ့ ဂျော်ဂျီယာ ခရစ်ဝင်ကျမ်းတွေ၊ ပေါလုရဲ့ စာတွေ၊ ဆာလံကျမ်းတို့ကို ကိုးရာစုအလယ်ပိုင်း ဒါမှမဟုတ် အဲဒီထက်စောပြီး ဘာသာပြန်ခဲ့တယ်။ နောက်ပိုင်း ရာစုနှစ်တွေမှာ ဂျော်ဂျီယာကျမ်းစာ ဘာသာပြန်ခြင်း၊ ပုံနှိပ်ခြင်း တိုးများလာပြီး ဘာသာပြန်ကျမ်းတွေ များလာတယ်။a

ကျမ်းစာဟာ ဂျော်ဂျီယာလူမျိုးရဲ့ စာပေနဲ့ ဓလေ့ထုံးစံတွေအပေါ် တော်တော် ဩဇာလွှမ်းမိုးတယ်။ ဥပမာ၊ ငါးရာစုနောက်ပိုင်းမှာ ရေးသားခဲ့ဖွယ်ရှိတဲ့ မိဖုရား ရှုရှာနစ်ခ်ရဲ့ ကြေကွဲဝမ်းနည်းစရာ ဇာတ်လမ်းမှာ ကျမ်းပိုဒ် ရည်ညွှန်းကိုးကားချက်တွေ ပါတယ်။ ၁၂၂၀ ပြည့်နှစ်လောက်မှာ ကဗျာဆရာ ရှိုတာ ရုစတာဗေလီ ရေးစပ်ခဲ့တဲ့ ဗက်ကစ္စကောအိုဆာနီ (ကျားသစ်နက်သားရေနှင့် သူရဲကောင်း) ကဗျာမှာ ခရစ်ယာန်ကျင့်ဝတ်တွေကို ရည်ညွှန်းရေးဖွဲ့ထားတယ်။ သူရေးသားတဲ့ မိတ်ဖွဲ့ခြင်း၊ ရက်ရောခြင်း၊ သူစိမ်းတွေအပေါ် မေတ္တာပြခြင်းအကြောင်းတွေကို ဂျော်ဂျီယာလူမျိုးအလယ်မှာ ကျင့်ဝတ်စံနှုန်းအဖြစ် သတ်မှတ်ထားတုန်းပဲ။

a အသေးစိတ်အချက်အလက်တွေကို ဇွန် ၁၊ ၂၀၁၃ ကင်းမျှော်စင်မှာပါတဲ့ “ရာစုနှစ်များစွာ ပျောက်ကွယ်နေတဲ့ ဘဏ္ဍာတစ်ခု” ဆောင်းပါးမှာ ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ