ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၅ နိုဝင်ဘာ စာ. ၃၀
  • အဖိနှိပ်ခံ အမျိုးသမီးတွေအတွက် အကူအညီ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဖိနှိပ်ခံ အမျိုးသမီးတွေအတွက် အကူအညီ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမျိုးသမီးတွေရဲ့ လုံခြုံရေး—ကျမ်းစာရှုထောင့်
    ထပ်ဆင့် အကြောင်းအရာများ
  • အမှုဆောင်လုပ်ငန်းမှာ jw.org ဝက်ဘ်ဆိုက်ကို အသုံးပြုပါ—“ယေဟောဝါရဲ့ မိတ်ဆွေဖြစ်ပါ”
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၅
  • “သခင်ဘုရား၏အမှုတော်၌ ကြိုးစားသောအမျိုးသမီးများ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • လေ့လာစရာ အကြံပြုလွှာ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
က၂၅ နိုဝင်ဘာ စာ. ၃၀
“အမျိုးသမီးတွေရဲ့ လုံခြုံရေး—ကျမ်းစာရှုထောင့်” ဆောင်းပါးကို ညီအစ်မတစ်ယောက်က ပရင့်ထုတ်ပြီး အမျိုးသမီးတစ်ယောက်ကို ပေးနေ။

အဖိနှိပ်ခံ အမျိုးသမီးတွေအတွက် အကူအညီ

“ကမ္ဘာတစ်ဝန်းမှာ အမျိုးသမီးတွေ၊ မိန်းကလေးတွေ မတော်မတရား ဆက်ဆံခံနေရတယ်။ သင်လည်း အဲဒီထဲက တစ်ယောက်လား။ အမျိုးသမီးတွေရဲ့ လုံခြုံရေးကို ဘုရားသခင် ဘာကြောင့် အလေးထားသလဲ၊ အမျိုးသမီးတွေ မတရားဆက်ဆံခံနေရတာကို ဘယ်လို ဖြေရှင်းပေးမလဲ။ လေ့လာကြည့်ပါ။”

“အမျိုးသမီးတွေရဲ့ လုံခြုံရေး—ကျမ်းစာရှုထောင့်” ဆိုတဲ့ jw.org မှာ တင်ထားတဲ့ ဆောင်းပါးမှာ အဲဒီလို နိဒါန်းပျိုးထားတယ်။ ဆောင်းပါးအဆုံးမှာ ပါတဲ့ လင့်ခ်ကနေ ဆောင်းပါးကို PDF ပုံစံနဲ့ ကူးယူ၊ ပရင့်ထုတ်ပြီး စာမျက်နှာ လေးမျက်နှာပါ ဝေစာအဖြစ် ခေါက်လိုက်ပါ။ “ကျွန်မ ပရင့်အများကြီး ထုတ်လိုက်တယ်။ ပြီးတော့ ညီအစ်မတစ်ယောက်နဲ့အတူ အသင်းတော်ရပ်ကွက်ထဲက အမျိုးသမီးစောင့်ရှောက်ရေးဂေဟာကို သွားတယ်” လို့ အမေရိကန်ပြည်ထောင်စုမှာ နေတဲ့ ညီအစ်မ စတေစီ ပြောတယ်။

ဝန်ထမ်းအမျိုးသမီးက တခြားသူတွေကို ဝေပေးဖို့ ဝေစာတွေ ထပ်တောင်းတယ်။ ဒီလိုနဲ့ jw.org လိပ်စာကတ် ၃၀ နဲ့ ဝေစာ နောက်ထပ်စောင်ရေ ၄၀ ဝေလိုက်ရတယ်။ နောက်တစ်ကြိမ် သွားလည်တော့ ကျမ်းစာလေ့လာမှု ဘယ်လို လုပ်သလဲဆိုတာ ဂေဟာက အမျိုးသမီးတွေကို ပြပေးစေချင်တယ်လို့ ဂေဟာမှူး ပြောတယ်။

တခြားဂေဟာတစ်ခုကိုလည်း စတေစီနဲ့ ညီအစ်မ နောက်နှစ်ယောက် သွားတော့ ဝန်ထမ်းတွေက ဝေစာငါးစောင် လက်ခံပြီး ဝေစာတွေ ထပ်တောင်းကြတယ်။ “ဒီမှာနေတဲ့ အမျိုးသမီးတွေအတွက် ဒီဝေစာက အထောက်အကူ သိပ်ဖြစ်မှာ။ ကျွန်မတို့ လိုနေတာ ဒါပဲ” လို့ ဝန်ထမ်းတစ်ယောက် ပြောတယ်။ နောက်တစ်ကြိမ် သွားလည်တော့ ကျမ်းစာလေ့လာမှု ဘယ်လို လုပ်သလဲဆိုတာ သရုပ်ပြပေးတာကို ဂေဟာက အမျိုးသမီး အများကြီး လာကြည့်ကြတယ်။ နှစ်ယောက်က နောက်အပတ် ခန်းမမှာ အစည်းအဝေး လိုက်တက်ချင်တယ်လို့ ပြောကြတယ်။

“သိပ်ကောင်းတဲ့ ဒီဆောင်းပါး ဖတ်ရလို့ လူတွေ ဝမ်းသာအားရ ဖြစ်သွားကြပါလားဆိုပြီး ကျွန်မတို့ အံ့ဩရတယ်။ ဆောင်းပါးကို ပရင့်ထုတ်ပြီး ခေါက်လိုက်တဲ့အခါ အဖိနှိပ်ခံ အမျိုးသမီးတွေကို နိုင်ငံတော်သတင်း ဝေမျှရာမှာ သိပ်အသုံးတည့်တဲ့ ဝေစာ ဖြစ်လာတယ်။ ဝေစာကို လိုလိုလားလား လက်ခံကြလို့ ကျွန်မတို့ သိပ်စိတ်ထိမိတယ်။ အဖိနှိပ်ခံ အမျိုးသမီးတွေဆီ သတင်းကောင်း ရောက်ဖို့ ကျွန်မတို့ ဆက်ကြိုးစားတာကို ယေဟောဝါ ဘယ်လိုများ ကောင်းချီးပေးမလဲ သိချင်လှပါပြီ” လို့ စတေစီ ပြောတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ