ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၃ ဇွန် စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • သူ “ဆင်ခြင်တွေးတော” ခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • မြင့်မြတ်သောလမ်းညွှန်မှုကို သူလက်ခံခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • သူ “စဉ်းစားဆင်ခြင်” ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိနေတဲ့ မာရိ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
က၂၃ ဇွန် စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

ယေရှု မွေးပြီးနောက် ယောသပ်နဲ့ မာရိ နာဇရက်မြို့ မပြန်ဘဲ ဘက်သလီဟင်မြို့မှာ ဘာကြောင့် ဆက်နေသလဲ

ကျမ်းစာမှာ အတိအကျတော့ ဖော်ပြမထားဘူး။ ဒါပေမဲ့ နာဇရက်မြို့ မပြန်ရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ အသေးစိတ် အချက်တချို့ ရှိတယ်။

ကိုယ်ဝန် ရှိလာပြီး သားလေး မွေးမယ်လို့ မာရိကို ကောင်းကင်တမန် ပြောတယ်။ ဒီအကြောင်း ကောင်းကင်တမန် လာပြောတုန်းက မာရိနဲ့ ယောသပ်ဟာ ယောသပ်ရဲ့ ဇာတိ ဂါလိလဲပြည်၊ နာဇရက်မြို့မှာ နေနေကြတာ။ (လု. ၁:၂၆-၃၁။ ၂:၄) နောက်ပိုင်း၊ အီဂျစ်ပြည်ကနေ ပြန်လာတော့ နာဇရက်မြို့ကို ပြန်သွားကြတယ်။ အဲဒီမှာပဲ ယေရှု ကြီးပြင်းလာပြီး နာဇရက်မြို့သား ဖြစ်လာတယ်။ (မ. ၂:၁၉-၂၃) ဒါကြောင့် ယေရှု၊ ယောသပ်၊ မာရိလို့ ပြောလိုက်တာနဲ့ နာဇရက်မြို့ကို ပြေးမြင်တတ်ကြတာ။ ဒါပေမဲ့ ဒီကြားထဲ ဘာတွေ ဖြစ်ခဲ့သလဲ သုံးသပ်ကြည့်ရအောင်။

ယုဒပြည်မှာ ဧလိရှဗက်လို့ ခေါ်တဲ့ မာရိရဲ့ အမျိုးတစ်ယောက် ရှိတယ်။ ဧလိရှဗက်ဟာ ပုရောဟိတ် ဇာခရိရဲ့ ဇနီး ဖြစ်ပြီး နှစ်ခြင်းဆရာ ယောဟန်ရဲ့ မိခင် ဖြစ်လာတယ်။ (လု. ၁:၅၊ ၉၊ ၁၃၊ ၃၆) ဧလိရှဗက်ဆီ မာရိ သုံးလ သွားလည်တယ်။ ပြီးတော့ နာဇရက်မြို့ ပြန်လာတယ်။ (လု. ၁:၃၉၊ ၄၀၊ ၅၆) ဒါကြောင့် ယုဒနယ်တစ်ဝိုက် မာရိ ကျွမ်းနေတာ။

နောက်တော့၊ “လူအားလုံး နာမည်စာရင်း ပေးဖို့ ကိုယ့်မြို့ကိုယ့်ရွာ ပြန်” ရမယ်လို့ ရောမတွေ အမိန့်ထုတ်တယ်။ ဒါကြောင့် နာဇရက်မြို့ကနေ ဘက်သလီဟင်မြို့ကို ယောသပ်တို့ ခရီးနှင်ကြတယ်။ ဘက်သလီဟင်မြို့ဆိုတာ “ဒါဝိဒ်ရဲ့ နေရင်းမြို့” ဖြစ်ပြီး မေရှိယ ဖွားမြင်မယ်လို့ ကြိုဟောထားတဲ့ နေရာ ဖြစ်တယ်။ (လု. ၂:၃၊ ၄။ ၁ ရှ. ၁၇:၁၅။ ၂၀:၆။ မိ. ၅:၂) အဲဒီမြို့မှာပဲ ယေရှု မွေးတယ်။ သွေးနုသားနု ဖြစ်နေတဲ့ မာရိနဲ့ မွေးကင်းစလေးကို ခေါ်ပြီး နာဇရက်မြို့ကို ယောသပ် ခရီးဝေး မနှင်ချင်လို့ ဘက်သလီဟင်မြို့မှာပဲ ဆက်နေလိုက်တယ်။ ဘက်သလီဟင်မြို့ဟာ ဂျေရုဆလင်မြို့နဲ့ ၆ မိုင် (၉ ကီလိုမီတာ) လောက်ပဲ ဝေးတယ်။ ဒါကြောင့် မွေးကင်းစလေးကို ဂျေရုဆလင်မြို့မှာ ရှိတဲ့ ဗိမာန်တော် ခေါ်သွားပြီး ပညတ်တရား တောင်းဆိုတဲ့အတိုင်း ပူဇော်သက္ကာ ဆက်သဖို့ လွယ်သွားတယ်။—ဝတ်. ၁၂:၂၊ ၆-၈။ လု. ၂:၂၂-၂၄။

မွေးလာတဲ့ ကလေးဟာ “ဒါဝိဒ်ရဲ့ ရာဇပလ္လင်” ကို ဆက်ခံပြီး “အုပ်စိုး” ရမယ်လို့ မာရိကို ကောင်းကင်တမန် ပြောထားတယ်။ ဒါကြောင့် ဒါဝိဒ်ရဲ့ ရာဇပလ္လင်ကို ဆက်ခံမယ့် ယေရှု ဒါဝိဒ်ရဲ့ နေရင်းမြို့မှာ ဆိုက်ဆိုက်မြိုက်မြိုက် မွေးလာတာ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်မှန်း ယောသပ်နဲ့ မာရိ သိခဲ့ကြမှာပဲ။ (လု. ၁:၃၂၊ ၃၃။ ၂:၁၁၊ ၁၇) အဲဒီမြို့မှာ ဆက်နေပြီး ဘုရားလမ်းညွှန်ချက် စောင့်တာ ပညာရှိရာ ကျတယ်လို့ တွေးခဲ့ကြတာ ဖြစ်နိုင်တယ်။

နက္ခတ်ဗေဒင်ဆရာတွေ ရောက်လာတဲ့အချိန် သူတို့မိသားစု ဘက်သလီဟင်မြို့မှာ နေတာ ဘယ်လောက် ကြာပြီလဲဆိုတာ ကျွန်တော်တို့ အတိအကျ မသိဘူး။ ဒါပေမဲ့ အိုးနဲ့ အိမ်နဲ့ ဖြစ်နေကြပြီ။ ယေရှု မွေးကင်းစလေး မဟုတ်တော့ဘူး။ “ကလေး” အရွယ် ဖြစ်နေပြီ။ (မ. ၂:၁၁) နာဇရက်မြို့ မပြန်ဘဲ ဘက်သလီဟင်မြို့မှာ နေလိုက်တာ တော်တော်တောင် အခြေကျနေကြပုံပဲ။

ဟေရုဒ်က “ဘက်သလီဟင်မြို့ . . . မှာ ရှိတဲ့ အသက်နှစ်နှစ်နဲ့ နှစ်နှစ်အောက် သားယောက်ျား မှန်သမျှကို သတ်ခိုင်းတယ်။” (မ. ၂:၁၆) ဒီအကြောင်း ကောင်းကင်တမန် သတိပေးလာလို့ ယေရှုကို ခေါ်ပြီး ယောသပ်နဲ့ မာရိ အီဂျစ်ပြည် ထွက်ပြေးကြတယ်။ ဟေရုဒ် သေတဲ့အထိ အဲဒီမှာ နေကြတယ်။ နောက်တော့ မိသားစုကို ယောသပ် နာဇရက်မြို့ ပြန်ခေါ်သွားတယ်။ ဘာကြောင့် ဘက်သလီဟင်မြို့ မပြန်သလဲ။ ယုဒပြည်မှာ ဟေရုဒ်ရဲ့ သားတော် ရက်စက်ကြမ်းကြုတ်တဲ့ အာခေလ အုပ်ချုပ်နေလို့ပါ။ ဒါ့အပြင် အဲဒီကို ပြန်သွားရင် အန္တရာယ် ရှိနိုင်တဲ့အကြောင်း ကောင်းကင်တမန် ထပ်သတိပေးလာတယ်။ နာဇရက်မြို့ဟာ ယေရှုကို ပြုစုပျိုးထောင်ဖို့ အကောင်းဆုံးနေရာပါပဲ။—မ. ၂:၁၉-၂၂။ ၁၃:၅၅။ လု. ၂:၃၉၊ ၅၂။

ကောင်းကင် တက်မယ့်သူတွေအတွက် ယေရှု လမ်းဖွင့်မပေးခင် ယောသပ် သေဆုံးသွားပုံရတယ်။ ဒါပေမဲ့ မကြာခင် မြေကြီးပေါ် ရှင်ပြန်ထမြောက်လာမယ်။ ဒါကြောင့် ယေရှု မွေးပြီးနောက် ဘက်သလီဟင်မြို့မှာ ဘာကြောင့် ဆက်နေဖြစ်သလဲဆိုတာ အသေးစိတ် သိရဖို့ အဲဒီအချိန်ကျမှ ယောသပ်နဲ့ လူကိုယ်တိုင် တွေ့ပြီး မေးကြည့်ကြရအောင်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ