ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၂ စက်တင်ဘာ စာ. ၂၇
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘သေလွန်သောသူတို့သည် ထမြောက်ကြမည်’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • သေချာတဲ့ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ယေရှုရှင်ပြန်ထမြောက်ခြင်းက ကျွန်တော်တို့အတွက် အဓိပ္ပာယ်ရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်၌ ဩဇာတန်ခိုးရှိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
က၂၂ စက်တင်ဘာ စာ. ၂၇
အလင်းတန်းတစ်ခုကြောင့် ရှောလု မျက်စိကွယ်ပြီး မြေပေါ် လဲကျနေ။ သူ့ကို တခြား ဂျူးအမျိုးသားတွေ ဝိုင်းကြည့်နေ။

စာရှုသူများထံမှ မေးခွန်းလွှာ

ကိုယ့်ကိုယ်ကိုယ် “အချိန်မတန်ဘဲ မွေးလာတဲ့သူ” လို့ တမန်တော် ပေါလု ပြောတာ ဘာအဓိပ္ပာယ်လဲ (၁ ကောရိန္သု ၁၅:၈)

“နောက်ဆုံးမှာ အချိန်မတန်ဘဲ မွေးလာတဲ့သူနဲ့ တူတဲ့ ကျွန်တော့်ကိုပါ ကိုယ်ထင်ပြခဲ့တယ်” လို့ ၁ ကောရိန္သု ၁၅:၈ မှာ ပေါလု ပြောတယ်။ ကောင်းကင်ကို ထမြောက်သွားပြီ ဖြစ်တဲ့ ယေရှုကို စိတ်အာရုံမှာ မြင်ရတုန်းက အတွေ့အကြုံအကြောင်း ပြောနေတာလို့ အရင်က ရှင်းပြခဲ့တယ်။ နာမ်ဝိညာဉ် အသက်တာနဲ့ ထမြောက်ခြင်းဟာ နောက်ရာစုနှစ် များစွာကြာမှ စတင်မှာ ဖြစ်ပေမဲ့ ဒီအဖြစ်အပျက်ကြောင့် ပေါလုဟာ အချိန်စောပြီး မွေးဖွားခွင့် ဒါမှမဟုတ် ထမြောက်ခွင့် ရလိုက်သလိုပဲလို့ ရှင်းပြခဲ့တယ်။ ဒါပေမဲ့ ဒီကျမ်းပိုဒ်ကို ထပ်ဆင့် လေ့လာတဲ့အခါ နားလည်မှု ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာတယ်။

မိမိ ဘာသာပြောင်းလာတုန်းက အဖြစ်အပျက်အကြောင်း ပေါလု ပြောနေတာ မှန်ပါတယ်။ ဒါပေမဲ့ “အချိန်မတန်ဘဲ မွေးလာတဲ့သူ” လို့ ပြောတာ ဘာအဓိပ္ပာယ်လဲ။ ဖြစ်နိုင်ခြေ အများကြီး ရှိပါတယ်။

ပေါလုရဲ့ ပြောင်းလဲမှုဟာ ရုတ်တရက် ဖြစ်တယ်။ နာကျင်စရာနဲ့ စတယ်။ အချိန်မတန်ဘဲ မွေးတာမျိုးက ရုတ်တရက် ဖြစ်လေ့ရှိတယ်။ (နောက်ပိုင်းမှာ ပေါလုလို့ သိလာကြတဲ့) ရှောလုဟာ ဒမတ်စကတ်မြို့က ခရစ်ယာန်တွေကို ညှဉ်းပန်းဖို့ ခရီးထွက်လာတယ်။ ထမြောက်သွားပြီ ဖြစ်တဲ့ ယေရှုကို စိတ်အာရုံမှာ တွေ့ရမယ်လို့ မျှော်လင့်မထားဘူး။ ပေါလုရဲ့ ပြောင်းလဲမှုဟာ ကိုယ်တိုင်အတွက်သာမက အဲဒီမြို့က သူ ညှဉ်းပန်းမယ့် ခရစ်ယာန်တွေအတွက်ပါ မျှော်လင့်မထားတဲ့ကိစ္စ ဖြစ်တယ်။ ဒါ့အပြင် ဒီအဖြစ်အပျက်ကြောင့် ပေါလု စိတ်ရောကိုယ်ပါ ထိခိုက်နာကျင်ရတယ်။ အမြင်အာရုံတောင် ယာယီ ချို့တဲ့သွားတယ်။—တ. ၉:၁-၉၊ ၁၇-၁၉။

ပေါလုဟာ “အချိန်အခါ မဟုတ်” ပြောင်းလဲခဲ့တယ်။ “အချိန်မတန်ဘဲ မွေးလာတဲ့သူ” ဆိုတဲ့ မူရင်း ဂရိစကားလုံးကို “အချိန်အခါ မဟုတ် မွေးလာတဲ့သူ” လို့လည်း ပြန်ဆိုနိုင်တယ်။ “ဘယ်သူမှ မျှော်လင့်မထားတဲ့အချိန်မှာ မွေးလာတဲ့သူ” လို့ ဂျေရုဆလင် ကျမ်းစာ မှာ ဆိုထားတယ်။ ပေါလု ပြောင်းလဲလာချိန်မှာ ယေရှု ကောင်းကင် ပြန်ရောက်နေပြီ။ ရှေ့အခန်းငယ်တွေမှာ ပေါလု ဖော်ပြတဲ့သူတွေဟာ ထမြောက်သွားပြီ ဖြစ်တဲ့ ယေရှုကို ကောင်းကင် တက်ကြွမသွားခင် မြင်လိုက်ကြရတယ်။ ပေါလုကျတော့ မမြင်လိုက်ရဘူး။ (၁ ကော. ၁၅:၄-၈) ဒါပေမဲ့ မမျှော်လင့်ဘဲ ယေရှု ကိုယ်ထင်ပြလို့ ပေါလုဟာ ထမြောက်သွားပြီ ဖြစ်တဲ့ ယေရှုကို “အချိန်အခါ မဟုတ်” မြင်လိုက်ရတယ်။

ပေါလုဟာ မိမိအကြောင်း နှိမ့်နှိမ့်ချချ ပြောနေတာ ဖြစ်တယ်။ ကျမ်းပညာရှင်တချို့ အဆိုအရ ပေါလုဟာ မိမိအကြောင်း ချိုးချိုးနှိမ်နှိမ် ပြောနေတာ၊ တမန်တော် ဖြစ်ခွင့်နဲ့ မထိုက်တန်ဘူးလို့ အသိအမှတ်ပြုနေတာ ဖြစ်တယ်။ “ကျွန်တော်ဟာ တမန်တော်တွေထဲမှာ အရေးမပါဆုံးသူပါ၊ ဘုရားသခင်ရဲ့ အသင်းတော်ကို ညှဉ်းဆဲခဲ့လို့ တမန်တော်လို့တောင် အခေါ်မခံထိုက်ဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့ မဟာကရုဏာကြောင့် ဒီတာဝန်ကို အခုလို ကျွန်တော် ထမ်းဆောင်နိုင်တာပါ” လို့ ပေါလု ဆက်ပြောလို့ပဲ။—၁ ကော. ၁၅:၉၊ ၁၀။

ဒါကြောင့် မျှော်လင့်မထားတဲ့ ပုံစံနဲ့ ယေရှု ရုတ်တရက် ကိုယ်ထင်ပြတာ၊ မျှော်လင့်မထားတဲ့အချိန်မှာ မိမိ ပြောင်းလဲလာတာ၊ ဒီလိုစိတ်အာရုံကို မြင်ခွင့်မရထိုက်ဘဲ ရလိုက်တာကို ရည်ညွှန်းပြီး ပေါလု ပြောတာ ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီအတွေ့အကြုံကို ပေါလု တန်ဖိုးထားတယ်။ ယေရှု သေရာကနေ ထမြောက်ပြီဆိုတာ ခြွင်းချက်မရှိ ယုံသွားတယ်။ ဒါကြောင့် ယေရှုရဲ့ ထမြောက်ခြင်းအကြောင်း တခြားသူတွေကို ဟောပြောတဲ့အခါ ဒီအတွေ့အကြုံကို မကြာခဏ ထည့်ပြောတယ်။—တ. ၂၂:၆-၁၁။ ၂၆:၁၃-၁၈။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ