ခရစ်ယာန်အသက်တာလမ်းစဉ်
အရေးပေါ်ဆေးကုသမှုအတွက် အခုကတည်းက ကြိုတင်ပြင်ဆင်ပါ
ဘာကြောင့် ကြိုတင်ပြင်ဆင်ရမလဲ။ အရေးပေါ် ဆေးကုသမှုတွေ၊ ဆေးရုံတက်ရတာတွေဟာ မမျှော်လင့်ဘဲ ရုတ်တရက်ဖြစ်လာနိုင်တယ်။ ဒါကြောင့် အရေးပေါ် ဆေးကုသမှုကိစ္စတွေ မဖြစ်ခင် အခုကတည်းက အကောင်းဆုံးဆေးကုသမှုတွေ ရနိုင်ဖို့ ကြိုတင်ပြင်ဆင်နိုင်တာ အားလုံး လုပ်ထားပါ။ ဒါဆိုရင် သွေးနဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ပညတ်နဲ့ အသက်ကို လေးစားရာရောက်ပါတယ်။—တ ၁၅:၂၈၊ ၂၉။
ကြိုတင်ပြင်ဆင်နိုင်ပုံ
ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်လွှဲစာ (DPA) ကတ်a ကို ဆုတောင်းပြီး ဖြည့်ထားပါ။ နှစ်ခြင်းခံပြီးသား ကြေညာသူတွေဟာ စာအုပ်စာတမ်းအမှုထမ်းဆီကနေ ကိုယ်တိုင်အတွက် DPA ကတ်၊ အရွယ်မရောက်သေးတဲ့ ကလေးတွေအတွက် စိစစ်ရေးကတ်ပြား (ic) တောင်းနိုင်တယ်။
ကိုယ်ဝန်ဆောင်ဖြစ်မယ်ဆိုရင် မိခင်လောင်းများအတွက် အချက်အလက် (S-401) ကို အကြီးအကဲတွေဆီကနေ တောင်းခံပါ။ ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်မှာ ဖြစ်လာနိုင်တဲ့ ကျန်းမာရေးပြဿနာတွေအတွက် ဆုံးဖြတ်ချက်ကောင်းချနိုင်အောင် ကူညီပေးပါလိမ့်မယ်။
ဆေးကုသမှု ခံယူရာမှာ သွေးကိစ္စရှိလာနိုင်တယ်ဆိုရင်၊ ဆေးရုံတက်ဖို့ လိုအပ်မယ်ဆိုရင် အကြီးအကဲတွေကို ကြိုတင်အကြောင်းကြားပါ။ ယေဟောဝါသက်သေအမှုဆောင်တစ်ဦး လာလည်ပတ်မယ်လို့လည်း ဆေးရုံကို အသိပေးထားပါ။
အကြီးအကဲတွေ ကူညီပေးနိုင်ပုံ။ သင် DPA ကတ်ဖြည့်တဲ့အခါ ကူညီပေးနိုင်တယ်။ ဒါပေမဲ့ သင့်အတွက် ဆေးဘက်ဆိုင်ရာဆုံးဖြတ်ချက်တွေ ချပေးမှာမဟုတ်ဘူး၊ သင့်ဆုံးဖြတ်ချက်ကိုလည်း စွက်ဖက်မှာမဟုတ်ဘူး။ (ရ ၁၄:၁၂။ ဂ ၆:၅) သွေးလိုအပ်တဲ့ ဆေးကုသမှု ခံယူဖို့လိုကြောင်း အသိပေးတဲ့အခါ အကြီးအကဲတွေက ဆေးရုံဆက်သွယ်ရေးကော်မတီ (HLC) ကို ချက်ချင်း အကြောင်းကြားပါမယ်။
HLC ကူညီပေးနိုင်ပုံ။ HLC ညီအစ်ကိုတွေဟာ ဆေးဘက်ဆိုင်ရာ၊ ဥပဒေဆိုင်ရာ ပုဂ္ဂိုလ်တွေကို သွေးနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ဘာသာရေးယုံကြည်ချက်ကို ရှင်းပြပေးဖို့ လေ့ကျင့်ခံထားရတယ်။ သွေးမသုံးတဲ့ ဆေးကုထုံးတွေအကြောင်း ဆရာဝန်တွေနဲ့ ဆွေးနွေးပေးနိုင်တယ်။ ပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆရာဝန်ကို ရှာတွေ့အောင် ကူညီပေးနိုင်တယ်။
သွေးနဲ့ပတ်သက်တဲ့ကုသမှုမှာ ဆုံးဖြတ်ချက်ကောင်းချနိုင်ပုံ ဗီဒီယိုကို ကြည့်ပါ၊ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ။
သွေးလိုအပ်တဲ့ အရေးပေါ်ဆေးကုသမှုတွေနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်တဲ့အခါ ဒီဗီဒီယိုက ဘယ်လိုအထောက်အကူပြုသလဲ။
a သွေးလိုအပ်တဲ့ ဆေးကုသနည်းတွေနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရာမှာ အကူအညီရဖို့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ ၃၉ ကို ကြည့်ပါ။