ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb23 ဇန်နဝါရီ စာ. ၅
  • သမ္မာကျမ်းစာကို ယုံကြည်စိတ်ချမှု တိုးစေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သမ္မာကျမ်းစာကို ယုံကြည်စိတ်ချမှု တိုးစေပါ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါကို ယုံကြည်ကိုးစားကြောင်း ဖော်ပြတဲ့ ဆုံးဖြတ်ချက်များ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းနဲ့ ဉာဏ်ပညာ ရှာပုံတော်
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
  • စမ်းသပ်မှုကြုံရချိန်မှာ ဘယ်လို ဆက်သစ္စာစောင့်သိနိုင်မလဲ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၆
  • ဒီမေးခွန်းတွေရဲ့ အဖြေကို ရှာပါ
    တိုက်နယ်ကြီးကြပ်မှူး ပါဝင်မယ့် ၂၀၂၅-၂၀၂၆ တိုက်နယ်အစည်းအဝေး အစီအစဉ်
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၂၃
mwb23 ဇန်နဝါရီ စာ. ၅
ရုပ်ပုံများ။ ညီအစ်မငယ်တစ်ယောက် ကျမ်းစာကို ဖတ်ရှု လေ့လာနေစဉ်။ ၁။ ကျမ်းစာ ဇာတ်ကောင်တွေ အသက်ရှင်ခဲ့တဲ့ အချိန်ကာလကို သင်ပုန်းပေါ်မှာ ဆွဲထားစဉ်။ ၂။ jw.org ထဲက “ကမ္ဘာသစ်ဘာသာပြန်ကျမ်း” လေ့လာမှုကျမ်းစာကို ဖတ်နေစဉ်။ ၃။ ကျမ်းစာနယ်မြေတွေကို မြေပုံမှာ ရှာဖွေနေစဉ်။ ၄။ ပုရောဟိတ်မင်း ရုပ်ပုံကို ဆွဲပြီး ဝတ်ရုံပေါ်မှာ အညွှန်းစာတွေ ကပ်ထားစဉ်။

ခရစ်ယာန်အသက်တာလမ်းစဉ်

သမ္မာကျမ်းစာကို ယုံကြည်စိတ်ချမှု တိုးစေပါ

ကျမ်းစာက ဘဝအသက်တာတွေကို ပြောင်းလဲစေနိုင်တယ်။ (ဟီ ၄:၁၂) ဒါပေမဲ့ ကျမ်းစာရဲ့ လမ်းညွှန်ချက်နဲ့ အကြံဉာဏ်တွေကနေ အကျိုးရနိုင်ဖို့ “ဘုရားသခင်ရဲ့ တရားစကား” အမှန်တကယ် ဖြစ်တယ်ဆိုတာကို အခိုင်အမာ ယုံကြည်ရမယ်။ (၁သ ၂:၁၃) ကျမ်းစာကို ပိုယုံကြည်အောင် ဘာလုပ်နိုင်သလဲ။

ကျမ်းစာ အပိုင်းတစ်ပိုင်းကို နေ့တိုင်းဖတ်ပါ။ ဖတ်တဲ့အခါ ကျမ်းစာရဲ့အာဘော်ရှင်က ယေဟောဝါဖြစ်ကြောင်း အထောက်အထားကို ရှာပါ။ ဥပမာ၊ ပညာအလိမ္မာကျမ်းကိုဖတ်ပြီး ဒီနေ့အချိန်အထိ အသုံးဝင်တဲ့ ပညာရှိစကားတွေကို သတိပြုကြည့်ပါ။—ပ ၁၃:၂၀။ ၁၄:၃၀။

လေ့လာမှုအစီအစဉ်တစ်ခု စလုပ်ပါ။ ကျမ်းစာဟာ ဘုရားစကားတော်ဖြစ်တယ်ဆိုတဲ့ အထောက်အထားတွေနဲ့ အကျွမ်းတဝင်ရှိပါ။ ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှုလမ်းညွှန်စာအုပ်ထဲက “သမ္မာကျမ်းစာ” အကြောင်းအရာအောက်မှာ “စွမ်းအားတော်လမ်းညွှန်မှုနဲ့ ရေးထား” ကို လေ့လာပါ။ ကျမ်းစာရဲ့ သတင်းစကား မပြောင်းလဲဘူးဆိုတာကို ပိုယုံကြည်စိတ်ချဖို့ ကမ္ဘာသစ်ဘာသာပြန်ကျမ်း၊ နောက်ဆက်တွဲ က၃ ကို လေ့လာနိုင်တယ်။

ယုံကြည်ရတဲ့ အကြောင်းရင်း . . . ဘုရားရဲ့ နှုတ်ထွက်စကား ဗီဒီယိုကို ကြည့်ပါ။ ပြီးနောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • အီဂျစ်နိုင်ငံ၊ ကာနက်မြို့ ဗိမာန်နံရံပေါ်က ပုံတွေက ကျမ်းစာရဲ့ မှန်ကန်မှုကို ဘယ်လို သက်သေထူသလဲ။

  • ကျမ်းစာရဲ့ သတင်းစကား မပြောင်းလဲဘူးဆိုတာ ဘယ်လို သိရသလဲ။

  • ကျမ်းစာ အခုအချိန်ထိ ဆက်လက်တည်ရှိနေတာက ဘုရားသခင့် တရားစကားဖြစ်ကြောင်း ဘယ်လို သက်သေထူသလဲ။ —ဟေရှာယ ၄၀:၈ ကိုဖတ်ပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ