ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb22 ဇူလိုင် စာ. ၁၃
  • စက်တင်ဘာလမှာ ကျမ်းစာသင်အံမှု စတင်ဖို့ အထူးကင်ပိန်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စက်တင်ဘာလမှာ ကျမ်းစာသင်အံမှု စတင်ဖို့ အထူးကင်ပိန်း
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘရိုရှာအသစ်ကိုဖြန့်ဝေရန် အထူးကင်ပိန်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ဘရိုရှာများဖြင့်နိုင်ငံတော်သတင်းကောင်းကြေညာခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • လူမျိုးအားလုံးအတွက် သတင်းကောင်းဘရိုရှာကို အသုံးပြုပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၃
  • နိုင်ငံတော်သတင်းကိုစိတ်ဝင်စားရန် ပြုစုပျိုးထောင်ပေးခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
mwb22 ဇူလိုင် စာ. ၁၃
ပုံများ။ “လုပ်ငန်းတော် နှစ်သစ်အတွက် ပန်းတိုင်တွေ ချပါ—ရှေ့ဆောင်လုပ်ခြင်း” ဆောင်းပါးထဲက ပုံမှာပါတဲ့ မိသားစု ဟောပြောနေကြ။ ၁။ ညီအစ်မငယ်နဲ့ မိခင်က “ပျော်စရာဘဝ ထာဝရ စံစားကြ” စာစောင် သုံးပြီး အမျိုးသမီးတစ်ဦးကို တံခါးဝမှာ ဟောပြောနေစဉ်။ ၂။ အဘွားက “ပျော်စရာဘဝ ထာဝရ စံစားကြ” စာစောင် သုံးပြီး ဖုန်းနဲ့ သင်အံမှုလုပ်နေစဉ်။ ၃။ “ပျော်စရာဘဝ ထာဝရ စံစားကြ” စာစောင် ပြသထားပြီး အခမဲ့ ကျမ်းစာလေ့လာမှု ကမ်းလှမ်းချက်ပါတဲ့ လက်တွန်းစင်ဘေးမှာ အဖေနဲ့ အမေ ရပ်နေစဉ်။

ခရစ်ယာန်အသက်တာလမ်းစဉ်

စက်တင်ဘာလမှာ ကျမ်းစာသင်အံမှု စတင်ဖို့ အထူးကင်ပိန်း

စက်တင်ဘာလမှာ ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင် သုံးပြီး လူတိုင်းကို ကျမ်းစာသင်အံမှု ကမ်းလှမ်းဖို့ ကြိုးစားကြပါမယ်။ ကြေညာသူတွေဟာ နာရီ ၃၀ နဲ့ အရန်ရှေ့ဆောင် လုပ်ဖို့ ရွေးချယ်နိုင်တယ်။ ဒီအထူးကင်ပိန်းမှာ ဘယ်လို ပါဝင်နိုင်ကြမလဲ။

  • ဦးဆုံးတွေ့ဆုံချိန်– အိမ်ရှင် စိတ်ဝင်စားစေဖို့ စာစောင် နောက်ကျော မျက်နှာဖုံးကို သုံးပြီး သင်အံမှု လုပ်ပုံကို ပြပေးပါ။ စိတ်ဝင်စားမှု ပြခဲ့သူတွေ၊ ပြန်လည်ပတ်မှုတွေကိုလည်း သတိရပါ။ ကျမ်းစာလေ့လာဖို့ ငြင်းခဲ့ဖူးသူတွေတောင် အခုလို လေ့လာနည်းအသစ်နဲ့ စာစောင်ကို စိတ်ဝင်စားနိုင်တယ်။ စာစောင်ကို လူမရှိတဲ့အိမ်မှာ ဒီအတိုင်း မထားခဲ့ပါနဲ့။ အရင်က စိတ်ဝင်စားမှု မရှိသူတွေဆီ စာတိုက်ကတစ်ဆင့် မပို့ပါနဲ့။ အသင်းတော် လုပ်ငန်းတော် ကော်မတီက စက်တင်ဘာလအတွင်း လယ်ကွင်းလုပ်ငန်းအတွက် အစည်းအဝေးတွေကို စီစဉ်ပေးပါလိမ့်မယ်။

  • နောက်ထပ်အခွင့်အရေးများ– သင့်အသင်းတော်မှာ လက်တွန်းစင်တွေ သုံးမယ်ဆိုရင် ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင်ကို တင်ထားပါ။ စိတ်ဝင်စားမယ်ဆိုရင် ဒီစာစောင်နဲ့ အခမဲ့ ကျမ်းစာလေ့လာနိုင်တဲ့အကြောင်း ပြောပြပါ။ သင်အံမှု လုပ်ပုံကို အတိုချုပ် ပြပေးပါ၊ ဒါမှမဟုတ် နောက်ပိုင်းမှာ ပြပေးဖို့ စီစဉ်ပါ။ ဝါရင့်ကြေညာသူတွေ စီးပွားရေး ရပ်ကွက်ကို သွားပြီး သင်အံမှု ကမ်းလှမ်းဖို့ လုပ်ငန်းတော် ကြီးကြပ်မှူးက စီစဉ်ပေးလိမ့်မယ်။ အလွတ်သဘော သက်သေခံချိန်မှာ တွေ့ဆုံသူတွေ၊ အလုပ်ဖော်တွေကိုလည်း ကျမ်းစာသင်အံမှု ကမ်းလှမ်းနိုင်တယ်။

“တပည့်ဖြစ်လာအောင် သွန်သင်ပေးကြပါ” လို့ ယေရှု မိန့်မှာခဲ့တယ်။ (မ ၂၈:၁၉၊ ၂၀) ဒီအထူးကင်ပိန်းမှာ ပျော်စရာဘဝ ထာဝရ စံစားကြ စာစောင်ကို သုံးပြီး ယေရှုရဲ့ မိန့်မှာချက်ကို နာခံနိုင်ကြပါစေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ