ဩဂုတ် ၃၁–စက်တင်ဘာ ၆
ထွက်မြောက်ရာ ၂၁-၂၂
သီချင်း ၁၄၁ နဲ့ ဆုတောင်းချက်
နိဒါန်း (၁ မိ.)
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ
“အသက်ကို ယေဟောဝါ ရှုမြင်သလို ရှုမြင်ပါ”– (၁၀ မိ.)
ထွ ၂၁:၂၂၊ ၂၃—မမွေးသေးတဲ့ ကလေးရဲ့ အသက်ကို ယေဟောဝါ တန်ဖိုးထား (lvs ၉၅ ပိုဒ်. ၁၆)
ထွ ၂၁:၂၈၊ ၂၉—ဘေးကင်းရေးကို အလေးထားဖို့ ယေဟောဝါ အလိုရှိ (က၁၀ ၄/၁၅ ၂၉ ပိုဒ်. ၄)
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ– (၁၀ မိ.)
ထွ ၂၁:၅၊ ၆—ခရစ်ယာန် ဆက်ကပ်အပ်နှံခြင်းရဲ့ အကျိုးကို ဒီကျမ်းပိုဒ်တွေက ဘယ်လို ဖော်ပြသလဲ (က၁၀ ၁/၁၅ ၄ ပိုဒ်. ၄-၅)
ဒီအပတ် ကျမ်းစာဖတ်တာကနေ ယေဟောဝါဘုရားအကြောင်း၊ အမှုဆောင်လုပ်ငန်းမှာ အသုံးပြုနိုင်တဲ့အချက် ဒါမှမဟုတ် တခြား ဘယ်ဘုရားရေးရာ ရတနာတွေ ဝေမျှချင်သလဲ။
ကျမ်းစာဖတ်ရှုခြင်း– (၄ မိနစ်နဲ့ အောက်) ထွ ၂၁:၁-၂၁ (th သင်ခန်းစာ ၅)
အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ
ဦးဆုံးတွေ့ဆုံချိန်– (၃ မိနစ်နဲ့ အောက်) စကားစမြည် ပြောဆိုနိုင်ပုံ နမူနာကို သုံးပြီး စကားစပါ။ အိမ်ရှင်ကို အစည်းအဝေး ဖိတ်ပါ။ (th သင်ခန်းစာ ၂)
ပြန်လည်ပတ်မှု– (၄ မိနစ်နဲ့ အောက်) စကားစမြည် ပြောဆိုနိုင်ပုံ နမူနာကို သုံးပြီး စကားစပါ။ ပြီးတဲ့နောက် နိုင်ငံတော်ခန်းမမှာ ဘာတွေ လုပ်ဆောင်ကြသလဲ ဗီဒီယို (ဖွင့်ပြဖို့မလို) ကို မိတ်ဆက်ပြီး ဆွေးနွေးပါ။ (th သင်ခန်းစာ ၂၀)
ဟောပြောချက်– (၅ မိနစ်နဲ့ အောက်) က၀၉ ၄/၁ ၃၁—အဓိကအကြောင်း– ဖတဆိုးလေးတွေရဲ့ ဖခင် ယေဟောဝါ။ (th သင်ခန်းစာ ၁၉)
ခရစ်ယာန်အသက်တာလမ်းစဉ်
အသက်ကို ဘုရားသခင် တန်ဖိုးထားသလို တန်ဖိုးထားပါ– (၁၀ မိ.) ဆွေးနွေးပါ။ ဗီဒီယို ပြပါ။ ပြီးတဲ့နောက် ပရိသတ်ကို မေးပါ– ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်ခက်ခဲတဲ့ အခြေအနေတွေ ကြုံရနိုင်သလဲ။ ထွက်မြောက်ရာ ၂၁:၂၂၊ ၂၃ က ကိုယ်ဝန်ဖျက်ချတာကို ဘယ်လို ရှုမြင်စေသလဲ။ ယေဟောဝါ နှစ်သက်တဲ့ ဆုံးဖြတ်ချက် ချဖို့ ဘာကြောင့် ယုံကြည်ခြင်းနဲ့ သတ္တိ ရှိဖို့ လိုသလဲ။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်က ဘယ်လို နှစ်သိမ့်ပေးသလဲ။
အပ်နှံခြင်းက ကျွန်တော်တို့ကို အကျိုးပြုပုံ– (၅ မိ.) ဇန်နဝါရီ ၁၅၊ ၂၀၁၀၊ ကင်းမျှော်စင်၊ စာမျက်နှာ ၄၊ အပိုဒ်. ၄-၇ ကို အခြေခံပြီး ဟောပြောပါ။ ဆက်ကပ်အပ်နှံ နှစ်ခြင်းခံဖို့ ကျမ်းစာသင်သားတွေကို အားပေးပါ။
အသင်းတော် ကျမ်းစာလေ့လာမှု– (၃၀ မိ.) jy အခန်း ၈၀
နိဂုံးချုပ်မှတ်ချက် (၃ မိနစ်နဲ့ အောက်)
သီချင်း ၁၀၁ နဲ့ ဆုတောင်းချက်