ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb20 ဧပြီ စာ. ၈
  • ဘာက ငါ့အတွက် အရေးကြီးဆုံးလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘာက ငါ့အတွက် အရေးကြီးဆုံးလဲ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူငယ်တို့၊ ဘုရားရေးရာ ပန်းတိုင်တွေကို အာရုံစိုက်နေသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ဇွဲရှိရှိ ကြိုးစားအားထုတ်မှု ၎င်းကို အဘယ်အချိန်တွင် ယေဟောဝါကောင်းချီးပေးသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • သင့်ဖန်ဆင်းရှင်၏ဘုန်းတော်ကို ထင်ရှားစေရန် ဝိညာဉ်ရေးပန်းတိုင်များ အသုံးပြုလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ခရစ်ယာန်တွေ ဘာကြောင့် တက်လှမ်းသင့်သလဲ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
mwb20 ဧပြီ စာ. ၈
ယာကုပ်နဲ့ လူယောင်ဆောင်ထားတဲ့ ကောင်းကင်တမန် နပန်းလုံးနေစဉ်။

ခရစ်ယာန်အသက်တာလမ်းစဉ်

ဘာက ငါ့အတွက် အရေးကြီးဆုံးလဲ

ယေဟောဝါရဲ့ ကောင်းချီးရဖို့က ယာကုပ်အတွက် အလွန်အရေးကြီးတယ်။ ကောင်းချီးရဖို့ ကောင်းကင်တမန်နဲ့ နပန်းလုံးခဲ့တယ်။ (က ၃၂:၂၄-၃၁။ ဟော ၁၂:၃၊ ၄) ကျွန်တော်တို့ကော။ ယေဟောဝါစကား နားထောင်ပြီး ကောင်းချီးခံစားရဖို့ တလိုတလား ကြိုးစားအားထုတ်လိုစိတ် ရှိသလား။ ဥပမာ၊ အသင်းတော်အစည်းအဝေးတက်ဖို့နဲ့ လောကအလုပ်ကို နာရီအနည်းငယ် ပိုလုပ်ဖို့ ရွေးချယ်ရမယ်ဆိုရင် ဘာကို ရွေးချယ်မလဲ။ ယေဟောဝါကို ကျွန်တော်တို့ရဲ့ အချိန်၊ ခွန်အား၊ ပိုင်ဆိုင်ရာ အကောင်းဆုံးတွေကို ပေးမယ်ဆိုရင် “ကောင်းချီးတွေ လိုလေသေးမရှိ သွန်းလောင်း” ခံရမှာဖြစ်တယ်။ (မလ ၃:၁၀) ဘုရားက ကျွန်တော်တို့ကို လမ်းပြ ကာကွယ်မယ်။ လိုအပ်တာတွေ ထောက်ပံ့မှာဖြစ်တယ်။—မ ၆:၃၃။ ဟီ ၁၃:၅။

ဘုရားရေးရာပန်းတိုင်တွေကို စူးစိုက်နေပါ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • ရှေ့ဆောင်ညီအစ်မတစ်ယောက် လက်သင်္ကေတပြစကားနဲ့ ဘာသာပြန်အလုပ် လုပ်နေစဉ်။

    ညီအစ်မဟာ သူမြတ်နိုးတဲ့အရာနဲ့ ဘယ်လို စမ်းသပ်ခံခဲ့ရသလဲ။

  • အဲဒီရှေ့ဆောင်ညီအစ်မက မှောင်နေတဲ့ ရုံးခန်းမှာ ညနက်တဲ့အထိ အလုပ်လုပ်နေစဉ်။

    ကျွန်တော်တို့ရဲ့အလုပ်က ဘယ်လိုနည်းနဲ့ စမ်းသပ်မှု ဖြစ်နိုင်သလဲ။

  • တိမောသေဟာ ပြတင်းပေါက်နားမှာ ရပ်ပြီး ညနက်တဲ့အထိ ကျမ်းလိပ် ဖတ်နေစဉ်။

    တိမောသေဟာ ရင့်ကျက်တဲ့ခရစ်ယာန် ဖြစ်နေသည့်တိုင် ဘာကြောင့် ပန်းတိုင်တွေ ဆက်ချနေဖို့လိုသလဲ။—၁တိ ၄:၁၆

  • ရှေ့ဆောင်ညီအစ်မနဲ့ နောက်ညီအစ်မတစ်ယောက်ဟာ ကျမ်းစာသင်သားရဲ့အိမ်မှာ ကျမ်းစာသင်သားကို နှုတ်ဆက်နေစဉ်။

    သင့်ဘဝမှာ ဘာက အရေးကြီးဆုံးလဲ

    ဘယ်အရာက ကျွန်တော်တို့ရဲ့ “နံပါတ်တစ်” အလုပ် ဖြစ်တယ်ဆိုတာကို ဘယ်လို ပြနိုင်သလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ