ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mwb20 ဖေဖော်ဝါရီ စာ. ၅
  • အိမ်ထောင်ရေးနှောင်ကြိုး ခိုင်မြဲစေနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်ထောင်ရေးနှောင်ကြိုး ခိုင်မြဲစေနိုင်ပုံ
  • ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကိုယ့်အိမ်ထောင်ကို ကာကွယ်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • မင်္ဂလာဆောင်ပြီး နောက်ပိုင်း
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • အိမ်ထောင်မင်္ဂလာ—ဘုရားသခင်ဆီက ဆုလက်ဆောင်
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • အိမ်ထောင်မင်္ဂလာ—မေတ္တာရှင် ဘုရားသခင်ဆီက ဆုလက်ဆောင်
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
နောက်ထပ် ကြည့်ပါ
ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
mwb20 ဖေဖော်ဝါရီ စာ. ၅
ဥရမြို့ကနေ ပြောင်းရွှေ့ဖို့ အာဗြံနဲ့စာရဲ ပြင်ဆင်နေကြစဉ်။ အာဗြံက အိတ်ကြီးတစ်လုံးကို ကိုင်ထားရင်း ပစ္စည်းတွေကို ခြင်းတောင်းထဲထည့်နေတဲ့ စာရဲကို အားပေးစကားပြောနေစဉ်။

ဖေဖော်ဝါရီ ၁၀-၁၆

အိမ်ထောင်ရေးနှောင်ကြိုး ခိုင်မြဲစေနိုင်ပုံ

အာဗြဟံနဲ့ စာရာဟာ တစ်ဦးကိုတစ်ဦး ချစ်ခင်လေးစားတဲ့ နေရာမှာ စံနမူနာကောင်း ဖြစ်တယ်။ (က ၁၂:၁၁-၁၃။ ၁ပ ၃:၆) ဒါပေမဲ့ သူတို့ရဲ့အိမ်ထောင်ဟာ စင်းလုံးချော မဖြစ်ခဲ့ဘူး။ ဘဝအခက်အခဲတွေ ကြုံခဲ့ကြရတယ်။ အာဗြဟံနဲ့ စာရာရဲ့ စံနမူနာကို စဉ်းစားသုံးသပ်ခြင်းကနေ အိမ်ထောင်သည်တွေ ဘာသင်ယူနိုင်သလဲ။

အပြန်အလှန် ပြောဆိုဆက်သွယ်ပါ။ အိမ်ထောင်ဖက် စိတ်ဆိုးလို့ပြောတဲ့စကားတွေကို နှိမ့်ချမှုနဲ့ တုံ့ပြန်ပါ။ (က ၁၆:၅၊ ၆) အတူတူရှိဖို့ အချိန်ဖယ်ထားပါ။ စကားနဲ့ရော၊ အမူအရာနဲ့ပါ အိမ်ထောင်ဖက်ကို ချစ်ကြောင်း ဖော်ပြပါ။ အရေးကြီးဆုံးကတော့ အတူတကွ လေ့လာ၊ ဆုတောင်း၊ ဝတ်ပြုခြင်းအားဖြင့် နှစ်ယောက်စလုံး ယေဟောဝါနဲ့ ကောင်းတဲ့ဆက်ဆံရေးရှိအောင် လုပ်ဆောင်ပါ။ (ဒေ ၄:၁၂) ခိုင်မြဲတဲ့အိမ်ထောင်တွေဟာ မြင့်မြတ်တဲ့အိမ်ထောင်ရေး အစီအစဉ်ကို အစပြုခဲ့တဲ့ ယေဟောဝါကို ဂုဏ်တင်တယ်။

အိမ်ထောင်ရေးနှောင်ကြိုး ခိုင်မြဲစေနိုင်ပုံ ဗီဒီယိုကို ကြည့်ပါ။ ပြီးတဲ့နောက် အောက်ပါမေးခွန်းတွေကို ဖြေပါ–

  • ရှန်းနဲ့ ကီအာရာ ဆက်ဆံရေးကျဲလာပြီဆိုတာ ဘယ်အချက်တွေက ဖော်ပြသလဲ။

  • အိမ်ထောင်မှာ ရိုးသားပွင့်လင်းမှုနဲ့ ပြောဆိုဆက်သွယ်မှုက ဘာကြောင့် အဓိကကျသလဲ။

  • အာဗြဟံနဲ့ စာရာရဲ့ စံနမူနာကနေ ရှန်းနဲ့ ကီအာရာတို့ ဘယ်လို အကူအညီ ရခဲ့သလဲ။

  • အိမ်ထောင်နှောင်ကြိုး ခိုင်မြဲဖို့ ရှန်းနဲ့ ကီအာရာ ဘာတွေ လုပ်ဆောင်ခဲ့သလဲ။

  • အိမ်ထောင်မှာ ခင်ပွန်းရော ဇနီးပါ ပြီးပြည့်စုံလင်မှုကို ဘာကြောင့် မမျှော်လင့်နိုင်သလဲ။

ရုပ်ပုံ– ‘အိမ်ထောင်ရေးနှောင်ကြိုး ခိုင်မြဲစေနိုင်ပုံ’ ဗီဒီယိုမှ ပြကွက်များ။ ရှန်းနဲ့ ကီအာရာတို့ အိမ်ထောင်ခိုင်မြဲအောင် ကြိုးစားနေကြစဉ်။ ၁။ ဆိုဖာခုံရဲ့ အစွန်းနှစ်ဖက်မှာ ထိုင်နေကြစဉ်။ ၂။ အချင်းချင်း လက်ကို ဆုပ်ကိုင်ထားကြစဉ်။ ၃။ အမှုဆောင်လုပ်ငန်းမှာ ပျော်ရွှင်စွာ အတူပါဝင်နေကြစဉ်။

အိမ်ထောင်ခိုင်မြဲအောင် လုပ်ဆောင်နိုင်ပါတယ်

အိမ်ထောင်ခိုင်မြဲစေတဲ့ ထပ်ဆင့်အချက်အလက်တွေအတွက် နိုးလော့! နဲ့ jw.org® မှာပါတဲ့ အောက်ပါ ဆောင်းပါးတွေကို ဖတ်ပါ။

  • “သားသမီးများ အသိုက်အမြုံ စွန့်ခွာသွားချိန်ဝယ်” —န၁၇.၄ ၁၀-၁၁

  • “ပြဿနာတွေ ဆွေးနွေးနိုင်ပုံ”—န၁၆.၃ ၁၀-၁၁

  • “အိမ်ထောင်ဖက်ကို စိတ်ပျက်မိသောအခါ” —န ၃/၁၄ ၁၄-၁၅

  • “ကောင်းစွာ နားထောင်ပေးသူ ဖြစ်နိုင်ပုံ” —န ၁၂/၁၃ ၁၂-၁၃

  • “နှစ်ယောက်သား စကားမများအောင် ဘယ်လိုလုပ်ရမလဲ”—န ၂/၁၃ ၄-၅

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2026 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ