ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ကောရိန္သု ၁-၃
“နှစ်သိမ့်ခြင်း အမျိုးမျိုးရဲ့အရှင်” ယေဟောဝါ
ယေဟောဝါဟာ ခရစ်ယာန် အသင်းတော်ကတစ်ဆင့် နှစ်သိမ့်ပေးတယ်။ ပူဆွေးသောက ရောက်နေသူတွေကို နှစ်သိမ့်ပေးနိုင်တဲ့ နည်းလမ်းတချို့က ဘာတွေလဲ။
ကြားဖြတ်မပြောဘဲ နားထောင်ပေးပါ
“ငိုကြွေးသူတွေနဲ့အတူ ငိုကြွေးပါ။”—ရ ၁၂:၁၅
အားပေးစာ၊ ကတ်၊ အီးမေးလ်၊ မက်ဆေ့ခ်ျ ပို့ပါ။—က၁၇.၀၇ ၁၅၊ လေးထောင့်ကွက်
သူတို့အတွက် ဆုတောင်းပေးပါ၊ သူတို့နဲ့အတူ ဆုတောင်းပါ