နိုဝင်ဘာ ၁၂-၁၈
တမန်တော် ၁-၃
သီချင်း ၁၀၄ နဲ့ ဆုတောင်းချက်
နိဒါန်း (၃ မိ. / ဒီထက်နည်း)
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ
“ခရစ်ယာန်အသင်းတော်အပေါ် သန့်ရှင်းသောစွမ်းအားတော် သွန်းလောင်း”– (၁၀ မိ.)
[တမန်တော်ကျမ်းနိဒါန်း ဗီဒီယို ပြပါ။]
တ ၂:၁-၈၊ ၁၄၊ ၃၇၊ ၃၈၊ ၄၁—ယေရှုရဲ့တပည့်တွေဟာ သန့်ရှင်းသောစွမ်းအားတော် ရပြီးနောက်မှာ သက်သေခံကြလို့ လူ ၃,၀၀၀ လောက် နှစ်ခြင်းခံကြ
တ ၂:၄၂-၄၇—ယေရှုရဲ့တပည့်တွေ ရက်ရောပြီး ဧည့်ဝတ်ကျေပွန်လို့ နှစ်ခြင်းခံပြီးခါစ တပည့်တွေဟာ ဂျေရုဆလင်မှာ ဆက်နေနိုင်ပြီး ယုံကြည်ခြင်း ခိုင်ခံ့လာကြ (က၈၆-E ၁၂/၁ ၂၉ ပိုဒ်. ၄-၅၊ ၇)
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ– (၈ မိ.)
တ ၃:၁၅—ယေရှုကို “အသက်ရဲ့ ကိုယ်စားလှယ်ချုပ်” လို့ ဘာကြောင့် ခေါ်သလဲ။ (it-2 ၆၁ ပိုဒ်. ၁)
တ ၃:၁၉—နောင်တရတဲ့ အမှားလုပ်သူကို ယေဟောဝါ ခွင့်လွှတ်ပုံအကြောင်း ဒီကျမ်းချက်က ဘယ်လို ဖော်ပြသလဲ။ (cl ၂၆၅ ပိုဒ်. ၁၄)
ဒီအပတ် ကျမ်းစာဖတ်တာကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။
ဒီအပတ် ကျမ်းစာဖတ်တာကနေ တခြား ဘာရတနာတွေ ရသေးသလဲ။
ကျမ်းစာဖတ်ရှုခြင်း– (၄ မိ. / ဒီထက်နည်း) တ ၂:၁-၂၁
အမှုဆောင်လုပ်ငန်းမှာ ကျင့်သုံးပါ
ဦးဆုံးတွေ့ဆုံချိန်– (၂ မိ. / ဒီထက်နည်း) စကားစမြည် ပြောဆိုနိုင်ပုံ နမူနာကို သုံးပါ။
ပထမအကြိမ် ပြန်လည်ပတ်မှု ဗီဒီယို– (၅ မိ.) ဗီဒီယိုပြပြီး ဆွေးနွေးပါ။
ဟောပြောချက်– (၆ မိ. / ဒီထက်နည်း) it-1 ၁၂၉ ပိုဒ်. ၂-၃—အကြောင်းအရာ– သစ္စာရှိပြီး သေဆုံးသွားတဲ့ တမန်တော်တွေရဲ့ နေရာကို အစားမထိုးဘဲ ယုဒနေရာကိုတော့ ဘာကြောင့် အစားထိုးတာလဲ။
ခရစ်ယာန်အသက်တာလမ်းစဉ်
“ဘာသာစကား အမျိုးမျိုးပြောတဲ့ ရပ်ကွက်မှာ ဟောပြောဖို့ ပူးပေါင်းလုပ်ဆောင်ပါ”– (၁၅ မိ.) လုပ်ငန်းတော်ကြီးကြပ်မှူး ဆွေးနွေးရန်။ ဗီဒီယိုပြပြီး ဆွေးနွေးပါ။ ဘာသာစကား အမျိုးမျိုးပြောတဲ့ ရပ်ကွက်မှာ လုပ်ဆောင်မယ့် ဒေသတွင်း အစီအစဉ်တွေကို ပြောပြပါ။
အသင်းတော် ကျမ်းစာလေ့လာမှု– (၃၀ မိ.) lv အခန်း ၁၅၊ ပိုဒ်. ၁၈-၂၃၊ “ကျွန်မရဲ့ ဆုံးဖြတ်ချက်ကြောင့် ဘဝမှာ ပျော်ရွှင်ကျေနပ်မှု ရခဲ့တယ်” လေးထောင့်ကွက်
ပြန်လည်သုံးသပ်ပါ။ နောက်အပတ်အတွက် ကြိုသုံးသပ်ပါ (၃ မိ.)
သီချင်း ၆၈ နဲ့ ဆုတောင်းချက်