ခရစ်ယာန်အသက်တာလမ်းစဉ်
မေတ္တာက ခရစ်ယာန်စစ်တွေကို ခွဲခြားဖော်ပြတယ်—တစ်ကိုယ်ကောင်းဆန်ခြင်းနဲ့ ဒေါသထွက်ခြင်းကို ရှောင်ပါ
ဘာကြောင့်အရေးကြီး– မေတ္တာက မိမိရဲ့တပည့်တွေကို ခွဲခြားဖော်ပြမယ့်အကြောင်း ယေရှု သင်ပေးခဲ့တယ်။ (ယဟ ၁၃:၃၄၊ ၃၅) ခရစ်ယာန်မေတ္တာ ပြဖို့ တခြားသူတွေရဲ့အကျိုးကို ရှာရမယ်၊ ဒေါသထွက်ခြင်းကို ရှောင်ရမယ်။—၁က ၁၃:၅။
လုပ်ဆောင်နိုင်ရာ–
တစ်ယောက်ယောက်က သင့်ကို စိတ်ထိခိုက်အောင် ပြောမိ၊ လုပ်မိတယ်ဆိုရင် ပြဿနာရဲ့ အကြောင်းရင်းနဲ့ စိတ်လိုက်မာန်ပါ တုံ့ပြန်လိုက်ရင် ဖြစ်လာမယ့်အကျိုးဆက်ကို ခဏလေး စဉ်းစားကြည့်လိုက်ပါ။—ပ ၁၉:၁၁
ကျွန်တော်တို့အားလုံး မစုံလင်ဘူးဆိုတာ သတိရပါ။ ကျွန်တော်တို့ အားလုံးဟာ နောက်မှ နောင်တရတဲ့အရာတွေကို ပြောမိ၊ လုပ်မိတဲ့အခါတွေ ရှိတယ်
သဘောထားကွဲလွဲမှုတွေကို ချက်ချင်း ဖြေရှင်းပါ
“အချင်းချင်း ချစ်ကြပါ”—တစ်ကိုယ်ကောင်းဆန်ခြင်းနဲ့ ဒေါသထွက်ခြင်းကို ရှောင်ပါ ဗီဒီယိုကို ကြည့်ပြီး အောက်ပါမေးခွန်းတွေကို ဖြေပါ–
တောမ်ပြောတာကို လယ်ရီ ဘယ်လို အလွန်အကျွံ တုံ့ပြန်ခဲ့သလဲ။
အချိန်ခဏယူပြီး စဉ်းစားလိုက်တာက ဒေါသမထွက်မိဖို့ တောမ်ကို ဘယ်လို ကူညီပေးခဲ့သလဲ။
တောမ်ရဲ့ အေးဆေးတည်ငြိမ်တဲ့ တုံ့ပြန်ပုံကြောင့် တင်းမာတဲ့အခြေအနေ ဘယ်လို ပြေလည်သွားသလဲ။
ဒေါသဆွခံရတဲ့အခါ တည်ငြိမ်မှုရှိတာက အသင်းတော်အတွက် ဘယ်လို အကျိုးရှိစေသလဲ