ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | လုကာ ၈-၉
ကျွန်တော့်နောက်လိုက်လုပ်ပါ—ဘာတွေ လိုအပ်သလဲ
ထယ်ကြောင်း ဖြောင့်တန်းဖို့အတွက် လယ်ထွန်တဲ့သူဟာ နောက်လှည့်ကြည့်ပြီး အာရုံထွေပြားလို့ မရဘူး။ အဲဒီလိုပဲ ခရစ်ယာန်တစ်ယောက်ဟာ လောကမှာထားခဲ့တဲ့အရာတွေကို သတိရပြီး အာရုံထွေပြားနေလို့ မရဘူး။—ဖိ ၃:၁၃။
အခက်အခဲတွေ ကြုံတွေ့ရတဲ့အခါ အမှန်တရားမသိခင် အချိန်တွေက ‘ပိုကောင်းတယ်’ ဆိုပြီး ပြန်တမ်းတမိနိုင်တယ်။ အဲဒီအခါမျိုးမှာ အရင်က ပျော်ရွှင်ခဲ့တာတွေကို ပုံကြီးချဲ့တတ်ကြတယ်။ ကြုံခဲ့ရတဲ့ ပြဿနာတွေကိုတော့ လျှော့ပေါ့မြင်တတ်ကြတယ်။ အစ္စရေးတွေ အီဂျစ်ပြည်က ထွက်လာပြီးနောက် အဲဒီအတိုင်းပဲ ဖြစ်ခဲ့တယ်။ (တလ ၁၁:၅၊ ၆) အဲဒီလိုအတွေးမျိုး ဝင်လာပြီဆိုရင် အရင်အသက်တာမျိုး ပြန်သွားဖို့ သွေးဆောင်ခံရနိုင်တယ်။ ဒါကြောင့် လက်ရှိခံစားနေရတဲ့ ကောင်းချီးတွေကို ရေတွက်ပြီး ဘုရားနိုင်ငံတော်အောက်မှာ ခံစားရမယ့် အနာဂတ်ကောင်းချီးတွေကို အာရုံစိုက်တာက ပိုကောင်းပါတယ်။—၂က ၄:၁၆-၁၈။